လီဗာပူးမှာ တည်ကန်ဘောကန်တာ ထူးချွန်တဲ့ ကစားသမားက ထရန့် တစ်ဦးတည်း မဟုတ်ပဲ ဟန်ဒို၊ ဆာလက်၊ ဗန်ဒိုက်တို့ကလည်း လေ့ကျင့်ရေးမှာ တည်ကန်ဘောတွေကို ကန်ယူမှုတွေ ကောင်းမွန်ကြပါသေးတယ်။

လေဗာကူဆင်အသင်းက လိဂ်ရဲ့ ထိပ်ဆုံးမှာ ရှိမနေကြောင်း သူတို့ကို ဝေဖန်တဲ့ ယူနိုက်တက် ပရိသတ်အား တွစ်တာကနေတစ်ဆင့် မင်းတို့အသင်းက လီဗာပူးနဲ့ ၃၈ မှတ်တောင် ကွာနေတာပါလို့ ပြန်လည် တုန့်ပြန်သွားပါတယ်။

လီဗာပူးဟာ ဇန်နဝါရီလတုန်းက ဗီလာရီးရဲတောင်ပံသမား ဆမ်မြူရယ် ချူကွာဇီကို ယူရို ၃၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် လာလီဂါကလပ်က ယူရို ၆၅ သန်းရလိုကာ ပယ်ချခဲ့တယ်လို့ ပြင်သစ်ဘောလုံးက ဖော်ပြသွားပါတယ်။

တွစ်တာမှာ ဖော်လိုဝါ ၁ သန်းပြည့်သွားတဲ့ ထရန့်က ပရိသတ်တွေကို စိတ်ကြိုက်မေးခွန်းတွေ မေးခွင့်ပေးရာ မက်ဆီ (သို့) ရော်နယ်ဒိုတို့အနက် ဘယ်သူနဲ့ တွဲကစားလိုသလဲဆိုတဲ့ အမေးကိုတော့ အသင်းခေါင်းဆောင် ဟန်ဒိုနဲ့ပဲ တွဲကစားလိုတယ်လို့ ပြန်ဖြေခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်ရဲ့ ဒီလိုရက်မှာ လီဗာပူးဟာ စပါးကို အိမ်ကွင်းမှာ ၃-၂ နဲ့ အနိုင်ယူခဲ့ပါတယ်။ လီဗာပူးအတွက် အဖွင့်ဂိုးကို မာကိုဗစ်နဲ့ အနိုင်ဂိုးကို ဘယ်လော့တယ်လီတို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ကော်တင်ညိုနဲ့ ပက်သက်ပြီး သတင်းတွေ ထွက်နေပေမယ့် လီဗာပူးဘက်က လှုပ်ရှားမှု မရှိသေးပါဘူး။ ကလပ်ဘက်က ကွင်းလယ်ပိုင်းကကို ဦးစားပေးအဖြစ် စီစဉ်ထားတာ မရှိသေးဘူးလို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်က ပေါင် ၇၅ သန်းနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းထွက်နေတဲ့နောက် စကိုင်းစပေါ့က ဖာမင်နိုရဲ့ တန်ကြေးက ဘယ်လောက်ရှိမလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ လီဗာပူးပရိသတ်တွေရဲ့ တုန့်ပြန်မှုကတော့ ဆုတောင်းလေဆိုတဲ့ စကားနဲ့ လျော်ညီတဲ့ မှတ်ချက်တွေပဲ ဖြစ်ပါတယ်။

မာနေးဟာ အက်သလက်တီကိုနဲ့ လီဗာပူးတို့ရဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရံှူးထွက်ပွဲမှာ ပါဝင်သွားနိုင်မယ်လို့ လီဗာပူးသတင်းထောက် Paul Joyce က အတည်ပြုပါတယ်။

လူငယ်ကစားသမား ဂျိတ်ကိန်းဟာ မကြာခင်မှာ ကလာဆန်နဲ့အတူ စီနီယာအသင်းနဲ့ ပုံမှန်လေ့ကျင့်ခွင့်ကို ချီးမြင့်ခံရဖွယ် ရှိပါတယ်။ သူဟာ အသက် ၉ နှစ်အရွယ်ကတည်းက လီဗာပူးနဲ့ ပူးပေါင်းခဲ့ပြီး ၁၈ နှစ်အရွယ်မှာ အက်ဖ်အေပွဲအတွင်း ပါဝင်ခွင့်ရခဲ့ပါတယ်။

ZAWGYI

လီဗာပူးမွာ တည္ကန္ေဘာကန္တာ ထူးခၽြန္တဲ့ ကစားသမားက ထရန္႔ တစ္ဦးတည္း မဟုတ္ပဲ ဟန္ဒို၊ ဆာလက္၊ ဗန္ဒိုက္တို႔ကလည္း ေလ့က်င့္ေရးမွာ တည္ကန္ေဘာေတြကို ကန္ယူမႈေတြ ေကာင္းမြန္ၾကပါေသးတယ္။

ေလဗာကူဆင္အသင္းက လိဂ္ရဲ႕ ထိပ္ဆံုးမွာ ရွိမေနေၾကာင္း သူတို႔ကို ေဝဖန္တဲ့ ယူႏုိက္တက္ ပရိသတ္အား တြစ္တာကေနတစ္ဆင့္ မင္းတို႔အသင္းက လီဗာပူးနဲ႔ ၃၈ မွတ္ေတာင္ ကြာေနတာပါလို႔ ျပန္လည္ တုန္႔ျပန္သြားပါတယ္။

လီဗာပူးဟာ ဇန္နဝါရီလတုန္းက ဗီလာရီးရဲေတာင္ပံသမား ဆမ္ျမဴရယ္ ခ်ဴကြာဇီကို ယူရို ၃၅ သန္းနဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ လာလီဂါကလပ္က ယူရို ၆၅ သန္းရလိုကာ ပယ္ခ်ခဲ့တယ္လို႔ ျပင္သစ္ေဘာလံုးက ေဖာ္ျပသြားပါတယ္။

တြစ္တာမွာ ေဖာ္လိုဝါ ၁ သန္းျပည့္သြားတဲ့ ထရန္႔က ပရိသတ္ေတြကို စိတ္ၾကိဳက္ေမးခြန္းေတြ ေမးခြင့္ေပးရာ မက္ဆီ (သို႔) ေရာ္နယ္ဒိုတို႔အနက္ ဘယ္သူနဲ႔ တြဲကစားလိုသလဲဆိုတဲ့ အေမးကိုေတာ့ အသင္းေခါင္းေဆာင္ ဟန္ဒိုနဲ႔ပဲ တြဲကစားလိုတယ္လို႔ ျပန္ေျဖခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၅ ႏွစ္ရဲ႕ ဒီလိုရက္မွာ လီဗာပူးဟာ စပါးကို အိမ္ကြင္းမွာ ၃-၂ နဲ႔ အႏုိင္ယူခဲ့ပါတယ္။ လီဗာပူးအတြက္ အဖြင့္ဂိုးကို မာကိုဗစ္နဲ႔ အႏုိင္ဂိုးကို ဘယ္ေလာ့တယ္လီတို႔က သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။

ေကာ္တင္ညိဳနဲ႔ ပက္သက္ျပီး သတင္းေတြ ထြက္ေနေပမယ့္ လီဗာပူးဘက္က လႈပ္ရွားမႈ မရွိေသးပါဘူး။ ကလပ္ဘက္က ကြင္းလယ္ပိုင္းကကို ဦးစားေပးအျဖစ္ စီစဥ္ထားတာ မရွိေသးဘူးလို႔ သိရပါတယ္။

ဘိုင္ယန္ျမဴးနစ္က ေပါင္ ၇၅ သန္းနဲ႔ ေခၚယူဖို႔ စိတ္ဝင္စားေနတယ္ဆိုတဲ့ သတင္းထြက္ေနတဲ့ေနာက္ စကိုင္းစေပါ့က ဖာမင္ႏိုရဲ႕ တန္ေၾကးက ဘယ္ေလာက္ရွိမလဲလို႔ ေမးခြန္းထုတ္ခဲ့ပါတယ္။ လီဗာပူးပရိသတ္ေတြရဲ႔ တုန္႔ျပန္မႈကေတာ့ ဆုေတာင္းေလဆိုတဲ့ စကားနဲ႔ ေလ်ာ္ညီတဲ့ မွတ္ခ်က္ေတြပဲ ျဖစ္ပါတယ္။

မာေနးဟာ အက္သလက္တီကိုနဲ႔ လီဗာပူးတို႔ရဲ႕ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ရံွဴးထြက္ပြဲမွာ ပါဝင္သြားႏုိင္မယ္လို႔ လီဗာပူးသတင္းေထာက္ Paul Joyce က အတည္ျပဳပါတယ္။

လူငယ္ကစားသမား ဂိ်တ္ကိန္းဟာ မၾကာခင္မွာ ကလာဆန္နဲ႔အတူ စီနီယာအသင္းနဲ႔ ပံုမွန္ေလ့က်င့္ခြင့္ကို ခ်ီးျမင့္ခံရဖြယ္ ရွိပါတယ္။ သူဟာ အသက္ ၉ ႏွစ္အရြယ္ကတည္းက လီဗာပူးနဲ႔ ပူးေပါင္းခဲ့ျပီး ၁၈ ႏွစ္အရြယ္မွာ အက္ဖ္ေအပြဲအတြင္း ပါဝင္ခြင့္ရခဲ့ပါတယ္။