မနေ့က လီဗာပူးအသင်း လေ့ကျင့်ရေးမှာ မာနေး ပြန်လည်ပါဝင်လာတာက သတင်းကောင်းဖြစ်ခဲ့ပြီး ထူးခြားသတင်းအနေနဲ့ အသင်းဥက္ကဌဟာ အသင်းအုပ်ချုပ်ရေးပိုင်းမှ ယာဂင်ကလော့ပ် အပါအဝင် အခြားသော ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးဖို့ မဲဝုဒ်ကို ရောက်နေခဲ့ပါတယ်။

တွမ်ဝါနာဟာ လီဗာပူးအသင်းကို ကိုယ်စားပြုပြီး ပရီးမီးယားလိဂ် ရှယ်ယာရှင်များ အစည်းအဝေးကို တက်ရောက်ဖို့ အင်္ဂလန်ကို ရောက်လာတာပါ။ လာမယ့် နွေအပြောင်းအရွှေ့ကို အခြားသော ဥရောပလိဂ်တွေလိုပဲ သြဂုတ်လအကုန်ထိ ပြန်ထားဖို့ လန်ဒန်မှာလုပ်တဲ့ ဆွေးနွေးမှုမှာ အတည်ပြုခဲ့ကြပြီလည်း ဖြစ်တယ်။

ဝါနာဟာ လီဗာပူးမှာ အရင်အပတ်ထဲက ရှိနေတာဖြစ်ပြီး အမေရိကန်ကြီးက ဒီအပတ်မှ မဲဝုဒ်ကို ပြန်လာမယ့် ယာဂင်ကလော့ပ်နဲ့တကွ အသင်းသားတွေကို တွေ့ဆုံပြီး ကိစ္စကြီးတွေကို ဆွေးနွေးဖို့ စောင့်ဆိုင်းနေခဲ့တယ်လို့ ယူဆရတယ်။ လာမယ့် ရာသီ အပြောင်းအရွှေ့အပြင် နောက်ပိုင်း အပြောင်းအရွှေ့တွေဟာ အင်္ဂလန်က အီးယူကနေ ခွဲထွက်တဲ့နောက် သက်ရောက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။

ပထမ ၁၂ လကို လုပ်ထုံးလုပ်နည်းဆိုင်ရာ အပြောင်းအလဲ အတည်ပြုဖို့ အချိန်ယူမှုအဖြစ် ယခင် ပုံစံတွေအတိုင်း အင်္ဂလန်နဲ့ အီးယူကြား ဆက်လက် လုပ်ဆောင်မှာဖြစ်ပေမယ့် ဒီခွဲထွက်မှုဟာ ပရီးမီးယားလိဂ်အပေါ် သက်ရောက်မှု ရှိလာမှာဖြစ်ပါတယ်။ ကလပ်ရဲ့ ကစားသမား ခေါ်ယူမှုနဲ့ အနာဂတ် ရေးရာကိစ္စတွေအတွက် အသင်းပိုင်ရှင်အဖွဲ့နဲ့ ယာဂင်ကလော့ပ် ဦးဆောင်တဲ့ အုပ်ချုပ်သူတွေကြား ညိနှိုင်းမှုတွေ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

ထူးခြားမှုအနေနဲ့ ဒီမနက်ကပဲ လီဗာပူးအသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဗီလာရီးရဲ တောင်ပံတိုက်စစ်သမား ချီဝီဇီကို ယူရို ၃၅ သန်းနဲ့ ကမ်းလှမ်းမှု လုပ်ခဲ့တယ်လို့ သိရတယ်။ ကစားသမားဟာ ဗီလာရီးရဲနဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို ၆၅ သန်းရှိပြီး လီဗာပူးဘက်က ကမ်းလှမ်းမှုကို ၎င်းတို့က ပယ်ချခဲ့ပါတယ်။

ZAWGYI

မေန႔က လီဗာပူးအသင္း ေလ့က်င့္ေရးမွာ မာေနး ျပန္လည္ပါဝင္လာတာက သတင္းေကာင္းျဖစ္ခဲ့ျပီး ထူးျခားသတင္းအေနနဲ႔ အသင္းဥကၠဌဟာ အသင္းအုပ္ခ်ဳပ္ေရးပိုင္းမွ ယာဂင္ကေလာ့ပ္ အပါအဝင္ အျခားေသာ ပုဂၢိဳလ္ေတြနဲ႔ ေဆြးေႏြးဖို႔ မဲဝုဒ္ကို ေရာက္ေနခဲ့ပါတယ္။

တြမ္ဝါနာဟာ လီဗာပူးအသင္းကို ကိုယ္စားျပဳျပီး ပရီးမီးယားလိဂ္ ရွယ္ယာရွင္မ်ား အစည္းအေဝးကို တက္ေရာက္ဖို႔ အဂၤလန္ကို ေရာက္လာတာပါ။ လာမယ့္ ေႏြအေျပာင္းအေရႊ႔ကို အျခားေသာ ဥေရာပလိဂ္ေတြလိုပဲ ၾသဂုတ္လအကုန္ထိ ျပန္ထားဖို႔ လန္ဒန္မွာလုပ္တဲ့ ေဆြးေႏြးမႈမွာ အတည္ျပဳခဲ့ၾကျပီလည္း ျဖစ္တယ္။

ဝါနာဟာ လီဗာပူးမွာ အရင္အပတ္ထဲက ရွိေနတာျဖစ္ျပီး အေမရိကန္ၾကီးက ဒီအပတ္မွ မဲဝုဒ္ကို ျပန္လာမယ့္ ယာဂင္ကေလာ့ပ္နဲ႔တကြ အသင္းသားေတြကို ေတြ႔ဆံုျပီး ကိစၥၾကီးေတြကို ေဆြးေႏြးဖို႔ ေစာင့္ဆိုင္းေနခဲ့တယ္လို႔ ယူဆရတယ္။ လာမယ့္ ရာသီ အေျပာင္းအေရႊ႔အျပင္ ေနာက္ပိုင္း အေျပာင္းအေရႊ႔ေတြဟာ အဂၤလန္က အီးယူကေန ခြဲထြက္တဲ့ေနာက္ သက္ေရာက္မႈေတြ ရွိလာမွာ ျဖစ္ပါတယ္။

ပထမ ၁၂ လကို လုပ္ထံုးလုပ္နည္းဆိုင္ရာ အေျပာင္းအလဲ အတည္ျပဳဖို႔ အခ်ိန္ယူမႈအျဖစ္ ယခင္ ပံုစံေတြအတိုင္း အဂၤလန္နဲ႔ အီးယူၾကား ဆက္လက္ လုပ္ေဆာင္မွာျဖစ္ေပမယ့္ ဒီခြဲထြက္မႈဟာ ပရီးမီးယားလိဂ္အေပၚ သက္ေရာက္မႈ ရွိလာမွာျဖစ္ပါတယ္။ ကလပ္ရဲ႕ ကစားသမား ေခၚယူမႈနဲ႔ အနာဂတ္ ေရးရာကိစၥေတြအတြက္ အသင္းပိုင္ရွင္အဖြဲ႔နဲ႔ ယာဂင္ကေလာ့ပ္ ဦးေဆာင္တဲ့ အုပ္ခ်ဳပ္သူေတြၾကား ညိႏိႈင္းမႈေတြ ဆက္ရွိေနမွာ ျဖစ္ပါတယ္။

ထူးျခားမႈအေနနဲ႔ ဒီမနက္ကပဲ လီဗာပူးအသင္းဟာ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ဗီလာရီးရဲ ေတာင္ပံတိုက္စစ္သမား ခ်ီဝီဇီကို ယူရို ၃၅ သန္းနဲ႔ ကမ္းလွမ္းမႈ လုပ္ခဲ့တယ္လို႔ သိရတယ္။ ကစားသမားဟာ ဗီလာရီးရဲနဲ႔ စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူရို ၆၅ သန္းရွိျပီး လီဗာပူးဘက္က ကမ္းလွမ္းမႈကို ၄င္းတို႔က ပယ္ခ်ခဲ့ပါတယ္။