လီဗာပူးကွင်းလယ်လူဟောင်း မာဖီက တိုက်စစ်အားသန် ကစားသမားဖြစ်သူ ဝဲလ်ဆန်ဟာ ရုပ်ပိုင်းဆိုင်ရာ အားနည်းလွန်းပြီး လီဗာပူးကစားကွက်နဲ့ ကိုက်ညီမှု မရှိတာကြောင့် ရောင်းထုတ်သင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

ဝဲလ်ဆန်ဟာ အသက် ၂၂ နှစ်အရွယ် ရှိနေပြီဖြစ်ပြီး ဒီရာသီမှာ သူ့ရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ်ဘောလုံးရာသီကို စတင်နေတာဖြစ်တယ်။ ဘုန်းမောက်မှာ ခြေစွမ်းကောင်းပြီး ၁၈ ကြိမ် ပွဲထွက်ထားကာ ၇ ဂိုးထိ သွင်းယူထားနိုင်တာဖြစ်တယ်။ ဒါပေမယ့်လည်း သူ့ရဲ့ လူကောင်သေးပြီး မြန်ဆန်မှု နည်းပါးခြင်းက ဆာလက်၊ မာနေး၊ ဖာမင်နိုတို့ရဲ့ တစ်နေရာကို လွဲပြောင်းယူဖို့ ခက်ခဲမယ်လို့ မာဖီက မြင်ပါတယ်။

မာဖီက ပြောရာမှာ “ တကယ်ကို ခက်ခဲပါတယ်။ ဘုန်းမောက်မှာ သူက အကောင်းဆုံး လုပ်နေပြီး ထူးချွန်လွန်းတဲ့ အရည်အချင်းရှိကာ ကစားကွက် တည်ဆောက်မှုတွေမှာလည်း သူက ထက်မြက်တဲ့ ကစားသမားတစ်ယောက်ဆိုတာကို သက်သေပြခဲ့ပါတယ်။

သူက ယုံကြည်ချက်လည်း ရှိနေတယ်။ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာမှာတော့ ရုန်းကန်နေရပါတယ်။ သူက အရမ်းလည်း မမြန်သလို လူကောင်လည်း မကြီးပါဘူး။ လီဗာပူးမှာက ကွင်းလယ်လူတွေ ကွင်းထဲ ဝင်ကစားဖို့ ဆိုတာဟာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ ကျနော် မှားတယ်ဆိုတာကို ဝဲလ်ဆန် သက်သေပြဖို့ မျှော်လင့်ပေမယ့် သူ့အတွက်ကတော့ ဘုန်းမောက်ကို ပြောင်းရွှေ့တာပဲ ကောင်းပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးဘက်က နွေမှာ ပေါင် ၃၀ သန်းဝန်းကျင် ရမယ်ဆိုရင် ဝဲလ်ဆန်ကို ရောင်းထုတ်လိမ့်မယ်လို့ သတင်းတွေ လွှင့်ထားတာဖြစ်ပြီး ပေါင် ၂၀ သန်းလောက်ရရင် ရောင်းထုတ်ဖွယ် ရှိပါတယ်။ အခုချိန်ထိတော့ နည်းစနစ်ပိုင်း ထူးချွန်တဲ့ ဝဲလ်ဆန်ကို ရောင်းသင့်တယ် မရောင်းသင့်ဘူးဆိုတဲ့အပေါ် တုန့်ပြန်မှုတွေ ရှိနေကြပေမယ့် နွေမှပဲ လီဗာပူးဘက်က တစ်ခုခု စီစဉ်သွားဖွယ် ရှိပါတယ်။

ZAWGYI

လီဗာပူးကြင္းလယ္လူေဟာင္း မာဖီက တိုက္စစ္အားသန္ ကစားသမားျဖစ္သူ ဝဲလ္ဆန္ဟာ ရုပ္ပိုင္းဆိုင္ရာ အားနည္းလြန္းျပီး လီဗာပူးကစားကြက္နဲ႔ ကိုက္ညီမႈ မရွိတာေၾကာင့္ ေရာင္းထုတ္သင့္တယ္လို႔ တိုက္တြန္းလိုက္ပါတယ္။

ဝဲလ္ဆန္ဟာ အသက္ ၂၂ ႏွစ္အရြယ္ ရွိေနျပီျဖစ္ျပီး ဒီရာသီမွာ သူ႔ရဲ႕ ပထမဆံုးေသာ ပရီးမီးယားလိဂ္ေဘာလံုးရာသီကို စတင္ေနတာျဖစ္တယ္။ ဘုန္းေမာက္မွာ ေျခစြမ္းေကာင္းျပီး ၁၈ ၾကိမ္ ပြဲထြက္ထားကာ ၇ ဂိုးထိ သြင္းယူထားႏုိင္တာျဖစ္တယ္။ ဒါေပမယ့္လည္း သူ႔ရဲ႕ လူေကာင္ေသးျပီး ျမန္ဆန္မႈ နည္းပါးျခင္းက ဆာလက္၊ မာေနး၊ ဖာမင္ႏိုတို႔ရဲ႕ တစ္ေနရာကို လြဲေျပာင္းယူဖို႔ ခက္ခဲမယ္လို႔ မာဖီက ျမင္ပါတယ္။

မာဖီက ေျပာရာမွာ “ တကယ္ကို ခက္ခဲပါတယ္။ ဘုန္းေမာက္မွာ သူက အေကာင္းဆံုး လုပ္ေနျပီး ထူးခၽြန္လြန္းတဲ့ အရည္အခ်င္းရွိကာ ကစားကြက္ တည္ေဆာက္မႈေတြမွာလည္း သူက ထက္ျမက္တဲ့ ကစားသမားတစ္ေယာက္ဆိုတာကို သက္ေသျပခဲ့ပါတယ္။

သူက ယံုၾကည္ခ်က္လည္း ရွိေနတယ္။ ဒါေပမယ့္ ရုပ္ပိုင္းဆိုင္ရာမွာေတာ့ ရုန္းကန္ေနရပါတယ္။ သူက အရမ္းလည္း မျမန္သလို လူေကာင္လည္း မၾကီးပါဘူး။ လီဗာပူးမွာက ကြင္းလယ္လူေတြ ကြင္းထဲ ဝင္ကစားဖို႔ ဆိုတာဟာ ရုပ္ပိုင္းဆိုင္ရာ ၾကံ႕ခိုင္ဖို႔ မရွိမျဖစ္ လိုအပ္ပါတယ္။ က်ေနာ္ မွားတယ္ဆိုတာကို ဝဲလ္ဆန္ သက္ေသျပဖို႔ ေမွ်ာ္လင့္ေပမယ့္ သူ႔အတြက္ကေတာ့ ဘုန္းေမာက္ကို ေျပာင္းေရႊ႔တာပဲ ေကာင္းပါလိမ့္မယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးဘက္က ေႏြမွာ ေပါင္ ၃၀ သန္းဝန္းက်င္ ရမယ္ဆိုရင္ ဝဲလ္ဆန္ကို ေရာင္းထုတ္လိမ့္မယ္လို႔ သတင္းေတြ လႊင့္ထားတာျဖစ္ျပီး ေပါင္ ၂၀ သန္းေလာက္ရရင္ ေရာင္းထုတ္ဖြယ္ ရွိပါတယ္။ အခုခ်ိန္ထိေတာ့ နည္းစနစ္ပိုင္း ထူးခၽြန္တဲ့ ဝဲလ္ဆန္ကို ေရာင္းသင့္တယ္ မေရာင္းသင့္ဘူးဆိုတဲ့အေပၚ တုန္႔ျပန္မႈေတြ ရွိေနၾကေပမယ့္ ေႏြမွပဲ လီဗာပူးဘက္က တစ္ခုခု စီစဥ္သြားဖြယ္ ရွိပါတယ္။