ဒီနှစ်ရဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုတော့ လီဗာပူးအသင်းသားတွေက ပြိုင်ဘက် အသင်းသားတွေကို ခပ်ဝေးဝေး ကျော်ဖြတ်ထားနိုင်တာကို မြင်တွေ့ရပါတယ်။

တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ရေပန်းစားစာရင်းမှာ ဟန်ဒါဆန်၊ မာနေး၊ ဗန်ဒိုက်၊ ဆာလက်၊ ဖာမင်နို၊ ထရန့် တို့တွေ ပါဝင်နေတာဖြစ်ပြီး ပြိုင်ဘက် အသင်းသားတွေထဲမှာ ဒီဘရိုင်း၊ ဗာဒီတို့လောက်ပဲ ပါဝင်နေတာပါ။ ဒါကြောင့် ဒီနှစ်ရဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း လီဗာပူးအသင်းသား တစ်ဦးကပဲ သုံးနှစ်ဆက်အဖြစ် ရယူသွားဖို့ များနေတာဖြစ်တယ်။

ထပ်ပြီး မေးခွန်းတစ်ခု ဖြစ်လာတာက လီဗာပူးအသင်းအတွက်ကော တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုက ဘယ်သူဖြစ်မလဲနဲ့ ထိပ်တန်းအဆင့် တစ်ဦးချင်းဆုတွေအတွက် ချွန်ထွက်လာမယ့် လီဗာပူးအသင်းသားက ဘယ်သူဖြစ်မလဲဆိုတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးဆုအတွက်တော့ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကပဲ ဆက်လက်ပြီး လွှမ်းမိုးဖွယ်ရှိပြီး ကလပ်အသင်း ပွဲထွက် ကစားသမား ၁၁ ဦးရဲ့ တစ်ဝက်လောက်ကလည်း သူ့ကိုပဲ ထောက်ခံဖွယ်ရှိပါတယ်။ ရေပန်းစားမှုမှာလည်း ဟန်ဒါဆန်ကပဲ ပြိုင်ဘက် အသင်းသားတွေကို အသာစီး ရနေတာဖြစ်တယ်။

ဟန်ဒါဆန်နဲ့အပြိုင် အဓိက ရေပန်းစားလာနိုင်သူက တိုက်စစ်သမား မာနေးဖြစ်ပါတယ်။ သူဟာ တိုက်စစ်ပိုင်း ဦးဆောင်နိုင်မှုအရကော ကွင်းအတွင်း အကျိုးဖြစ်ထွန်းမှုအရပါ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုတွေကို ဟန်ဒါဆန်နဲ့အပြိုင် ဖြစ်လာနေပါတယ်။ လီဗာပူးပရိသတ်တွေထဲမှာလည်း သူတို့နှစ်ဦးကိုပဲ အကောင်းဆုံးဆုအတွက် ခန့်မှန်းပေးတာတွေ များနေတာဖြစ်တယ်။

လီဗာပူးဟာ လက်တလောမှာ ပြည်တွင်းပွဲအပြင် ချန်ပီယံလိဂ်ဖလားကိုလည်း အာရုံစိုက်ဖို့အတွက် အက်သလက်တီကိုနဲ့ ယှဉ်ပြိုင်ဖို့ပွဲ နီးကပ်လာပြီဖြစ်ပါတယ်။ အားလပ်ရက်ဖြစ်တာနဲ့အညီ စကိုင်းစပေါ့လို ချန်နယ်တွေကတော့ ဘောလုံးပွဲမရှိခိုက်မှာ အကောင်းဆုံး ဆုတွေအတွက် အကြို သဘောထားကောက်မှုတွေလည်း လုပ်နေခဲ့တာဖြစ်တယ်။

ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာဆုအတွက်တော့ ယာဂင်ကလော့ပ်နဲ့ ရှက်ဖီးမန်နေဂျာ ဝိုင်ဒါတို့ အဓိက ပြိုင်ဆိုင်ရဖွယ်ရှိပြီး စကိုင်းစပေါ့ စစ်တမ်းအရတော့ မန်နေဂျာဆုမှာ ယာဂင်ကလော့ပ်က ဝိုင်ဒါကို မဲအများအပြား အသာရထားခဲ့ပါတယ်။

ZAWGYI

ဒီႏွစ္ရဲ႕ ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားဆုကိုေတာ့ လီဗာပူးအသင္းသားေတြက ျပိဳင္ဘက္ အသင္းသားေတြကို ခပ္ေဝးေဝး ေက်ာ္ျဖတ္ထားႏုိင္တာကို ျမင္ေတြ႔ရပါတယ္။

တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားဆုအတြက္ ေရပန္းစားစာရင္းမွာ ဟန္ဒါဆန္၊ မာေနး၊ ဗန္ဒိုက္၊ ဆာလက္၊ ဖာမင္ႏို၊ ထရန္႔ တို႔ေတြ ပါဝင္ေနတာျဖစ္ျပီး ျပိဳင္ဘက္ အသင္းသားေတြထဲမွာ ဒီဘရိုင္း၊ ဗာဒီတို႔ေလာက္ပဲ ပါဝင္ေနတာပါ။ ဒါေၾကာင့္ ဒီႏွစ္ရဲ႕ ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားဆုကိုလည္း လီဗာပူးအသင္းသား တစ္ဦးကပဲ သံုးႏွစ္ဆက္အျဖစ္ ရယူသြားဖို႔ မ်ားေနတာျဖစ္တယ္။

ထပ္ျပီး ေမးခြန္းတစ္ခု ျဖစ္လာတာက လီဗာပူးအသင္းအတြက္ေကာ တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားဆုက ဘယ္သူျဖစ္မလဲနဲ႔ ထိပ္တန္းအဆင့္ တစ္ဦးခ်င္းဆုေတြအတြက္ ခၽြန္ထြက္လာမယ့္ လီဗာပူးအသင္းသားက ဘယ္သူျဖစ္မလဲဆိုတာ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆံုးဆုအတြက္ေတာ့ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကပဲ ဆက္လက္ျပီး လႊမ္းမိုးဖြယ္ရွိျပီး ကလပ္အသင္း ပြဲထြက္ ကစားသမား ၁၁ ဦးရဲ႕ တစ္ဝက္ေလာက္ကလည္း သူ႔ကိုပဲ ေထာက္ခံဖြယ္ရွိပါတယ္။ ေရပန္းစားမႈမွာလည္း ဟန္ဒါဆန္ကပဲ ျပိဳင္ဘက္ အသင္းသားေတြကို အသာစီး ရေနတာျဖစ္တယ္။

ဟန္ဒါဆန္နဲ႔အျပိဳင္ အဓိက ေရပန္းစားလာႏုိင္သူက တိုက္စစ္သမား မာေနးျဖစ္ပါတယ္။ သူဟာ တိုက္စစ္ပိုင္း ဦးေဆာင္ႏုိင္မႈအရေကာ ကြင္းအတြင္း အက်ိဳးျဖစ္ထြန္းမႈအရပါ တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားဆုေတြကို ဟန္ဒါဆန္နဲ႔အျပိဳင္ ျဖစ္လာေနပါတယ္။ လီဗာပူးပရိသတ္ေတြထဲမွာလည္း သူတို႔ႏွစ္ဦးကိုပဲ အေကာင္းဆံုးဆုအတြက္ ခန္႔မွန္းေပးတာေတြ မ်ားေနတာျဖစ္တယ္။

လီဗာပူးဟာ လက္တေလာမွာ ျပည္တြင္းပြဲအျပင္ ခ်န္ပီယံလိဂ္ဖလားကိုလည္း အာရံုစိုက္ဖို႔အတြက္ အက္သလက္တီကိုနဲ႔ ယွဥ္ျပိဳင္ဖို႔ပြဲ နီးကပ္လာျပီျဖစ္ပါတယ္။ အားလပ္ရက္ျဖစ္တာနဲ႔အညီ စကိုင္းစေပါ့လို ခ်န္နယ္ေတြကေတာ့ ေဘာလံုးပြဲမရွိခိုက္မွာ အေကာင္းဆံုး ဆုေတြအတြက္ အၾကိဳ သေဘာထားေကာက္မႈေတြလည္း လုပ္ေနခဲ့တာျဖစ္တယ္။

ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆံုး မန္ေနဂ်ာဆုအတြက္ေတာ့ ယာဂင္ကေလာ့ပ္နဲ႔ ရွက္ဖီးမန္ေနဂ်ာ ဝိုင္ဒါတို႔ အဓိက ျပိဳင္ဆုိင္ရဖြယ္ရွိျပီး စကိုင္းစေပါ့ စစ္တမ္းအရေတာ့ မန္ေနဂ်ာဆုမွာ ယာဂင္ကေလာ့ပ္က ဝိုင္ဒါကို မဲအမ်ားအျပား အသာရထားခဲ့ပါတယ္။