ကနဦး ပြောလိုတာက ဒီ အမေးအဖြေတွေဟာ တွစ်တာမှာ ဖော်လိုဝါ ၁ သန်းပြည့်တဲ့ အနေနဲ့ ထရန့်က ပြန်လည် ဖြေဆိုမှုတွေ လုပ်ပေးတာဖြစ်ပြီး သူဟာ အပျော်သဘောဖက်တဲ့ အဖြေတွေကို လုပ်ပေးသွားတာဖြစ်ပါတယ်။

ထရန့်ဟာ သူ့ရဲ့ ကစားသမားဘဝ သွင်းဂိုတွေထဲမှာ အကြိုက်ဆုံး သွင်းဂိုးအဖြစ် ဟော့ဖင်ဟိန်းနဲ့ ချန်ပီယံလိဂ် ခြေစစ်ပွဲ သွင်းဂိုးကို ရွေးခဲ့ပါတယ်။ အဆိုပါ ဖရီးကစ်ဂိုးဟာ သူ့ကစားသမားဘဝ ပထမဆုံးသော လီဗာပူး စီနီယာဂိုး ဖြစ်ပါတယ်။

ကျောနံပါတ် ၆၆ ကို ဝတ်ဆင်နေတဲ့ ထရန့်က အနာဂတ်မှာ ကျောနံပါတ် အပြောင်းအလဲ လုပ်မလား ဒီနံပတ်ကိုပဲ ဆက်ဝတ်မလားဆိုတာကို မသေချာသေးဘူးလို့ ဖြေပါတယ်။

ဟန်ဒိုနဲ့ ထရန့်ဟာ မီတာ ၁၀၀ ပြေးပွဲတွေမှာ မကြာခဏ ပြိုင်ဆိုင်လေ့ရှိပြီး ဟန်ဒိုက သူသာကြောင်း ထရန့်ကို ဝန်ခံခိုင်းတာကို လီဗာပူးတီဗီကနေ ကြည့်ဖူးကြမယ် ထင်ပါတယ်။ အဲ့အတွက် မေးခွန်း ထပ်မေးခံရခြင်းကို ထရန့်က သူပိုမြန်တယ်လို့ ဖြေပါတယ် (ဟန်ဒိုကတော့ သဘောတွေ့မယ် မထင်ပါဘူး)။

ချိန်ဘာလိန်က ဖရီးကစ်တွေကို သူစပြီး လုယူတော့မယ်လို့ စိန်ခေါ်ထားတာကို ထရန့်က ကျနော်ဘဝမှာလည်း ရလိုပေမယ့် မရခဲ့တာတွေ အများကြီးပါလို့ တုန့်ပြန်ပါတယ်။ သူ့ရဲ့ အကောင်းဆုံး ဂိုးထောက်ပံ့မှုကိုတော့ ကော်နာကို ခပ်မြန်မြန် ကန်ခဲ့တာလေးလို့ ဖြေပါတယ်။

ဖီဖာ ဂိမ်းမှာ သူနဲ့ ရိုဘို ဘယ်သူ ပိုကောင်းလဲဆိုတဲ့ အမေးကိုတော့ ထရန့်က သူဖြစ်ပြီး ရိုဘိုက အာပလာလို့ ဖြေတယ်။ ဘယ်သူ ပိုမြန်သလဲဆိုတာကိုတော့ ရိုဘိုကိုယ်တိုင်က သူ(ထရန့်) ပိုမြန်ကြောင်း ဝန်ခံထားတယ်လို့ လီဗာပူးသားလေးက ပြောပါတယ်။ အရယ်ရဆုံး အသင်းဖော်ကတော့ ရိုဘိုဖြစ်ပါတယ်တဲ့။

အားအကျဆုံး စံပြကစားသမားက စတီဗင်ဂျရတ်ဖြစ်ပြီး လီဗာပူးအသင်းသား မဟုတ်တဲ့သူတွေထဲက ရွေးရမယ်ဆိုရင်တော့ အွန်နရီ (သို့) ဇီဒန်းကို ရွေးပါမယ်လို့ သူက ပြောပါတယ်။

မက်ဆီနဲ့ ရော်နယ်ဒို နှစ်ဦးထဲက ဘယ်သူနဲ့ တွဲကစားဖူးလိုလဲဆိုတာကိုတော့ ဟန်ဒိုနဲ့ပဲ အသင်းဖော်အဖြစ် ကစားလိုကြောင်း ရွေးချယ်ကာ အခက်ခဲဆုံး ပြိုင်ဘက်အဖြစ်တော့ မက်ဆီကို ရွေးပါတယ်။

သဲကန္တရမှာ အသင်းဖော်နှစ်ဦး ခေါ်သွားလို့ရင် မီလီနဲ့ ဗန်ဒိုက်ကို ခေါ်သွားလိုပါကြောင်းနဲ့ အကောင်ကြီးကြီး ဗန်ဒိုက်ကို ရင်ဆိုင်ရတာထက် အကောင်သေးသေး ဗန်ဒိုက် အယောက် ၁၀၀ ကိုပဲ ရင်ဆိုင်လိုက်ချင်ပါတယ်လို့ ဆိုပါတယ်။

ချိန်လှပ်ထားခဲ့တဲ့ အချို့သော မေးခွန်းတွေကတော့ ရုပ်ရှင်၊ ဂီတနဲ့ အခြား ကိစ္စတွေဖြစ်ပြီး ဒါတွေကို အပြည့်အစုံ သိလိုရင် ထရန့်ရဲ့ တွစ်တာ စာမျက်နှာမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။

ZAWGYI

ကနဦး ေျပာလိုတာက ဒီ အေမးအေျဖေတြဟာ တြစ္တာမွာ ေဖာ္လိုဝါ ၁ သန္းျပည့္တဲ့ အေနနဲ႔ ထရန္႔က ျပန္လည္ ေျဖဆိုမႈေတြ လုပ္ေပးတာျဖစ္ျပီး သူဟာ အေပ်ာ္သေဘာဖက္တဲ့ အေျဖေတြကို လုပ္ေပးသြားတာျဖစ္ပါတယ္။

ထရန္႔ဟာ သူ႔ရဲ႕ ကစားသမားဘဝ သြင္းဂိုေတြထဲမွာ အၾကိဳက္ဆံုး သြင္းဂိုးအျဖစ္ ေဟာ့ဖင္ဟိန္းနဲ႔ ခ်န္ပီယံလိဂ္ ေျခစစ္ပြဲ သြင္းဂိုးကို ေရြးခဲ့ပါတယ္။ အဆိုပါ ဖရီးကစ္ဂိုးဟာ သူ႔ကစားသမားဘဝ ပထမဆံုးေသာ လီဗာပူး စီနီယာဂိုး ျဖစ္ပါတယ္။

ေက်ာနံပါတ္ ၆၆ ကို ဝတ္ဆင္ေနတဲ့ ထရန္႔က အနာဂတ္မွာ ေက်ာနံပါတ္ အေျပာင္းအလဲ လုပ္မလား ဒီနံပတ္ကိုပဲ ဆက္ဝတ္မလားဆိုတာကို မေသခ်ာေသးဘူးလို႔ ေျဖပါတယ္။

ဟန္ဒိုနဲ႔ ထရန္႔ဟာ မီတာ ၁၀၀ ေျပးပြဲေတြမွာ မၾကာခဏ ျပိဳင္ဆုိင္ေလ့ရွိျပီး ဟန္ဒိုက သူသာေၾကာင္း ထရန္႔ကို ဝန္ခံခိုင္းတာကို လီဗာပူးတီဗီကေန ၾကည့္ဖူးၾကမယ္ ထင္ပါတယ္။ အဲ့အတြက္ ေမးခြန္း ထပ္ေမးခံရျခင္းကို ထရန္႔က သူပိုျမန္တယ္လို႔ ေျဖပါတယ္ (ဟန္ဒိုကေတာ့ သေဘာေတြ႔မယ္ မထင္ပါဘူး)။

ခ်ိန္ဘာလိန္က ဖရီးကစ္ေတြကို သူစျပီး လုယူေတာ့မယ္လို႔ စိန္ေခၚထားတာကို ထရန္႔က က်ေနာ္ဘဝမွာလည္း ရလိုေပမယ့္ မရခဲ့တာေတြ အမ်ားၾကီးပါလို႔ တုန္႔ျပန္ပါတယ္။ သူ႔ရဲ႕ အေကာင္းဆံုး ဂိုးေထာက္ပံ့မႈကိုေတာ့ ေကာ္နာကို ခပ္ျမန္ျမန္ ကန္ခဲ့တာေလးလို႔ ေျဖပါတယ္။

ဖီဖာ ဂိမ္းမွာ သူနဲ႔ ရိုဘို ဘယ္သူ ပိုေကာင္းလဲဆိုတဲ့ အေမးကိုေတာ့ ထရန္႔က သူျဖစ္ျပီး ရိုဘိုက အာပလာလို႔ ေျဖတယ္။ ဘယ္သူ ပိုျမန္သလဲဆိုတာကိုေတာ့ ရိုဘိုကိုယ္တိုင္က သူ(ထရန္႔) ပိုျမန္ေၾကာင္း ဝန္ခံထားတယ္လို႔ လီဗာပူးသားေလးက ေျပာပါတယ္။ အရယ္ရဆံုး အသင္းေဖာ္ကေတာ့ ရိုဘိုျဖစ္ပါတယ္တဲ့။

အားအက်ဆံုး စံျပကစားသမားက စတီဗင္ဂ်ရတ္ျဖစ္ျပီး လီဗာပူးအသင္းသား မဟုတ္တဲ့သူေတြထဲက ေရြးရမယ္ဆိုရင္ေတာ့ အြန္နရီ (သို႔) ဇီဒန္းကို ေရြးပါမယ္လို႔ သူက ေျပာပါတယ္။

မက္ဆီနဲ႔ ေရာ္နယ္ဒို ႏွစ္ဦးထဲက ဘယ္သူနဲ႔ တြဲကစားဖူးလိုလဲဆိုတာကိုေတာ့ ဟန္ဒိုနဲ႔ပဲ အသင္းေဖာ္အျဖစ္ ကစားလိုေၾကာင္း ေရြးခ်ယ္ကာ အခက္ခဲဆံုး ျပိဳင္ဘက္အျဖစ္ေတာ့ မက္ဆီကို ေရြးပါတယ္။

သဲကႏၱရမွာ အသင္းေဖာ္ႏွစ္ဦး ေခၚသြားလို႔ရင္ မီလီနဲ႔ ဗန္ဒိုက္ကို ေခၚသြားလိုပါေၾကာင္းနဲ႔ အေကာင္ၾကီးၾကီး ဗန္ဒိုက္ကို ရင္ဆိုင္ရတာထက္ အေကာင္ေသးေသး ဗန္ဒိုက္ အေယာက္ ၁၀၀ ကိုပဲ ရင္ဆုိင္လိုက္ခ်င္ပါတယ္လို႔ ဆိုပါတယ္။

ခ်ိန္လွပ္ထားခဲ့တဲ့ အခ်ိဳ႕ေသာ ေမးခြန္းေတြကေတာ့ ရုပ္ရွင္၊ ဂီတနဲ႔ အျခား ကိစၥေတြျဖစ္ျပီး ဒါေတြကို အျပည့္အစံု သိလိုရင္ ထရန္႔ရဲ႕ တြစ္တာ စာမ်က္ႏွာမွာ သြားေရာက္ ဖတ္ရႈႏုိင္ပါတယ္။