လီဗာပူးအသင်းဟာ ဒေါ့မွန်စတား ဆန်ချိုကို ခေါ်ယူဖို့ ပြိုင်ဘက်တွေနဲ့အပြိုင် ကြိုးစားမယ်ဆိုတဲ့ သတင်းတွေကို လီဗာပူးသတင်းထောက်တွေက ပယ်ချလိုက်ပါတယ်။

ဂျာမနီမှာတော့ ယုံကြည်ရတဲ့ ရင်းမြစ်တွေကနေ ဖော်ပြမှုအရ လိုက်ဇစ်တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်ထက် လီဗာပူးအသင်းကပဲ ရေပန်းစားမှု ပိုမို မြင့်တက်လာနေပါတယ်။

လီဗာပူးအစွန်လူ ဝီလီယမ်ဟာ ယူ-၂၃ အသင်းမှာ အထူးချွန်ဆုံးနဲ့ အန္တရာယ်အကြီးဆုံး အစွန်လူအဖြစ် တိုးတက်လာနေပြီး သူဟာ လက်ကျန် ရာသီဝက်မှာ စီနီယာအသင်းအတွင်း နေရာရမယ်လို့ သိထားရပါတယ်။

ဂိုးသမားအယ်လီဆန်ကို ဂိုးသမားတွေထဲမှာတော့ မက်ဆီလို ပါရမီရှင်လို့ တင်စားမှုတွေ ရှိလာခဲ့ပြီး အယ်လီဆန်ကတော့ ဘောလုံးကို ပျော်ရွှင်စွာ ကစားနိုင်ခြင်းက နိုင်ပွဲတွေရဖို့ အရေးပါတယ်လို့ ပြောဆိုပါတယ်။

လီဗာပူးဟာ ဥရောပရဲ့ မထင်မရှား ရွက်ပုန်းသီးတွေကို ကင်ထောက်မှုတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။ အပြောင်းအရွှေ့တိုင်းမှာ လူငယ်ကစားသမားတွေကို ဈေးကောင်းနဲ့ ပြန်ရောင်းချနေပြီး လာမယ့် နွေမှာတော့ ဝဲလ်ဆန်၊ ဂရုဂျစ်တို့ကို ရောင်းထုတ်ဖို့ များနေပါတယ်။

၂၀၁၈-၂၀၁၉ ဘောလုံးရာသီအတွက် တစ်နှစ်တာ ဘဏ္ဍာရေးကြေညာမှုကို ဒီလထဲ ပြုလုပ်ဖွယ်ရှိပြီး ပေါင် ၅၀၀ သန်းကျော် ဝင်ငွေရှိနိုင်တယ်လို့ သိရပါတယ်။ ဒါဟာ ကော်တင်ညိုကို ရောင်းထုတ်စဉ် ရခဲ့တဲ့ ပေါင် ၁၄၂ သန်းအပါ တစ်နှစ်တာဝင်ငွေ ပေါင် ၄၅၅ သန်းရခဲ့တဲ့ မနှစ်က ဝင်ငွေထက် ပိုမိုများပြားလာတာပါ။

လယ်လာနာဟာ ထူးချွန်တဲ့ ကစားသမားဖြစ်ပြီး သူ့ကို လက်စတာအတွက် ခေါ်ယူသွားမလားဆိုတဲ့ မေးခွန်းတွေကို အဖြေ မပေးလိုဘူးလို့ လက်စတာမန်နေဂျာ ဘရန်ဒန်ရော်ဂျာက တုန့်ပြန်လိုက်ပါတယ်။

တိုက်စစ်မှူး ဆာလက်ဟာ နွေမှာ အိုလံပစ်ပြိုင်ပွဲဝင် အီဂျစ် ယူ-၂၃ အသင်းအတွက်ကော ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာ အာဖရိကဖလား ပါဝင်ယှဉ်ပြိုင်မယ့် အီဂျစ်လက်ရွေးစင်အသင်းအတွက်ပါ ပြိုင်ပွဲနှစ်ရပ်လုံး ပါဝင်ကစားပေးသွားမှာ ဖြစ်ပါတယ်။

ခံစစ်မှူး လိုဗရန်ဟာ သူ့ရဲ့ တစ်ကိုယ်ရည်အမြင်အရ သမိုင်းဝင် အသင်းတစ်သင်းဖြစ်ဖို့ ဘာစီလိုနာကဲ့သို့ လေးနှစ်အတွင်း ဆုဖလား ၂၀ အနိုင်ယူသလိုမျိုး အနိုင်ယူနိုင်ရမယ်လို့ ပြောဆိုမှုကို ဝေဖန်မှုတွေ ရှိနေပါတယ်။ သတင်းဌာနတွေက လိုဗရန်က လီဗာပူးနဲ့အတူ ဆုဖလား ၂၀ အနိုင်ယူဖို့ ရည်မှန်းနေတယ်လို့ လွဲပြောင်းဖော်ပြခြင်းကြောင့် အပြောကြီးတယ်ဆိုပြီး ဝေဖန်ခံနေရတာပါ။

ZAWGYI

လီဗာပူးအသင္းဟာ ေဒါ့မြန္စတား ဆန္ခ်ိဳကို ေခၚယူဖို႔ ျပိဳင္ဘက္ေတြနဲ႔အျပိဳင္ ၾကိဳးစားမယ္ဆိုတဲ့ သတင္းေတြကို လီဗာပူးသတင္းေထာက္ေတြက ပယ္ခ်လိုက္ပါတယ္။

ဂ်ာမနီမွာေတာ့ ယံုၾကည္ရတဲ့ ရင္းျမစ္ေတြကေန ေဖာ္ျပမႈအရ လိုက္ဇစ္တုိက္စစ္မွဴး တီမိုဝါနာကို ေခၚယူဖို႔ ဘိုင္ယန္ျမဴးနစ္ထက္ လီဗာပူးအသင္းကပဲ ေရပန္းစားမႈ ပိုမို ျမင့္တက္လာေနပါတယ္။

လီဗာပူးအစြန္လူ ဝီလီယမ္ဟာ ယူ-၂၃ အသင္းမွာ အထူးခၽြန္ဆံုးနဲ႔ အႏၱရာယ္အၾကီးဆံုး အစြန္လူအျဖစ္ တိုးတက္လာေနျပီး သူဟာ လက္က်န္ ရာသီဝက္မွာ စီနီယာအသင္းအတြင္း ေနရာရမယ္လို႔ သိထားရပါတယ္။

ဂိုးသမားအယ္လီဆန္ကို ဂိုးသမားေတြထဲမွာေတာ့ မက္ဆီလို ပါရမီရွင္လို႔ တင္စားမႈေတြ ရွိလာခဲ့ျပီး အယ္လီဆန္ကေတာ့ ေဘာလံုးကို ေပ်ာ္ရႊင္စြာ ကစားႏုိင္ျခင္းက ႏုိင္ပြဲေတြရဖို႔ အေရးပါတယ္လို႔ ေျပာဆိုပါတယ္။

လီဗာပူးဟာ ဥေရာပရဲ႕ မထင္မရွား ရြက္ပုန္းသီးေတြကို ကင္ေထာက္မႈေတြ ဆက္တိုက္ ျပဳလုပ္ေနပါတယ္။ အေျပာင္းအေရႊ႔တိုင္းမွာ လူငယ္ကစားသမားေတြကို ေစ်းေကာင္းနဲ႔ ျပန္ေရာင္းခ်ေနျပီး လာမယ့္ ေႏြမွာေတာ့ ဝဲလ္ဆန္၊ ဂရုဂ်စ္တို႔ကို ေရာင္းထုတ္ဖို႔ မ်ားေနပါတယ္။

၂၀၁၈-၂၀၁၉ ေဘာလံုးရာသီအတြက္ တစ္ႏွစ္တာ ဘ႑ာေရးေၾကညာမႈကို ဒီလထဲ ျပဳလုပ္ဖြယ္ရွိျပီး ေပါင္ ၅၀၀ သန္းေက်ာ္ ဝင္ေငြရွိႏုိင္တယ္လို႔ သိရပါတယ္။ ဒါဟာ ေကာ္တင္ညိဳကို ေရာင္းထုတ္စဥ္ ရခဲ့တဲ့ ေပါင္ ၁၄၂ သန္းအပါ တစ္ႏွစ္တာဝင္ေငြ ေပါင္ ၄၅၅ သန္းရခဲ့တဲ့ မႏွစ္က ဝင္ေငြထက္ ပိုမိုမ်ားျပားလာတာပါ။

လယ္လာနာဟာ ထူးခၽြန္တဲ့ ကစားသမားျဖစ္ျပီး သူ႔ကို လက္စတာအတြက္ ေခၚယူသြားမလားဆိုတဲ့ ေမးခြန္းေတြကို အေျဖ မေပးလိုဘူးလို႔ လက္စတာမန္ေနဂ်ာ ဘရန္ဒန္ေရာ္ဂ်ာက တုန္႔ျပန္လိုက္ပါတယ္။

တိုက္စစ္မွဴး ဆာလက္ဟာ ေႏြမွာ အိုလံပစ္ျပိဳင္ပြဲဝင္ အီဂ်စ္ ယူ-၂၃ အသင္းအတြက္ေကာ ဇန္နဝါရီနဲ႔ ေဖေဖာ္ဝါရီမွာ အာဖရိကဖလား ပါဝင္ယွဥ္ျပိဳင္မယ့္ အီဂ်စ္လက္ေရြးစင္အသင္းအတြက္ပါ ျပိဳင္ပြဲႏွစ္ရပ္လံုး ပါဝင္ကစားေပးသြားမွာ ျဖစ္ပါတယ္။

ခံစစ္မွဴး လိုဗရန္ဟာ သူ႔ရဲ႕ တစ္ကိုယ္ရည္အျမင္အရ သမိုင္းဝင္ အသင္းတစ္သင္းျဖစ္ဖို႔ ဘာစီလိုနာကဲ့သို႔ ေလးႏွစ္အတြင္း ဆုဖလား ၂၀ အႏုိင္ယူသလိုမ်ိဳး အႏုိင္ယူႏုိင္ရမယ္လို႔ ေျပာဆိုမႈကို ေဝဖန္မႈေတြ ရွိေနပါတယ္။ သတင္းဌာနေတြက လိုဗရန္က လီဗာပူးနဲ႔အတူ ဆုဖလား ၂၀ အႏုိင္ယူဖို႔ ရည္မွန္းေနတယ္လို႔ လြဲေျပာင္းေဖာ္ျပျခင္းေၾကာင့္ အေျပာၾကီးတယ္ဆိုျပီး ေဝဖန္ခံေနရတာပါ။