လီဗာပူးအသင်းဟာ နွေမှာ တိုက်စစ်သမား ခေါ်ယူမှာဖြစ်ပေမယ့် အသင်းရဲ့ အဓိက တိုက်စစ်သမားတွေဖြစ်တဲ့ ဆာလက်၊ မာနေး၊ ဖာမင်နိုတို့ကို လုံးဝ ရောင်းထုတ်သွားမှာ မဟုတ်ပဲ အသင်းမှာ ဆက်လက် ထိန်းသိမ်းသွားမှာပါ။

နွေအိုလံပစ်မှာ ဆာလက်ကို ထွက်ခွာခွင့်ပေးမလား ရာသီကြို အသင်းနဲ့ပဲ ပူးပေါင်းစေမလားဆိုတဲ့ အဆုံးအဖြတ်ကို ပြုလုပ်ခွင့်က လီဗာပူးလက်ထဲမှာပါလို့ ဖီဖာက ထုတ်ပြန်ပါတယ်။

မန်စီးတီးရဲ့ အမှတ်ပေးဖလားတစ်ကြိမ် လက်လွတ်ရဖွယ်ရှိနေတဲ့ သတင်း ထွက်ပေါ်လာပြီးနောက် မော်ရင်ညိုက ၂၀၁၈ ခုနှစ်က မန်စီးတီးနောက် ဒုတိယနေရာက ရပ်တည်ခဲ့တဲ့ သူ့ရဲ့ ယူနိုက်တက်အသင်းက ဖလားလွဲပြောင်းယူခွင့်ရမှာလားလို့ အရွှင်ဖောက်လိုက်ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ စပိန်က ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပြန်မကြည့်ဘူးလို့ ဆိုပါတယ်။ သူကတော့ ဆုဖလားတွေအတွက် ရှေ့ကိုပဲ ဆက်သွားဖို့ အာရုံစိုက်လိုတာကြောင့် ပြီးခဲ့တဲ့ အောင်မြင်မှုကို ပြန်မကြည့်တာပါလို့ ဆိုပါတယ်။

လောလောဆယ်တော့ မန်စီးတီးကို ပရီးမီးယားလိဂ်က အရေးယူမှာဖြစ်ပြီး ၂၀၁၂ က ယူနိုက်တက်နဲ့ ၂၀၁၄ ခုနှစ်က လီဗာပူးတို့ထဲ တစ်သင်းက ချန်ပီယံဘွဲ့ လွဲပြောင်းရနိုင်ခြေရှိတယ်လို့ သတင်းကြီးနေပါတယ်။

လီဗာပူးအသင်းဟာ ကစားသမားခေါ်ယူမှုကြီးတွေ၊ ကွင်းတိုးချဲ့မှု၊ လေ့ကျင့်ရေးကွင်းသစ် တည်ဆောက်မှုတွေကို လုပ်ဆောင်နေတဲ့ကြားက အသာတင် အသုံးစရိတ်ကို ထိန်းသိမ်းနိုင်တာအတွက် ချီးကျူးခံနေရပါတယ်။ ထိပ်သီး ခြောက်သင်းထဲမှာ စပါးကလွဲရင် လီဗာပူးက အသာတင်အသုံးစရိတ် အနည်းဆုံးဖြစ်ပါတယ်။

လူတိုင်းက လီဗာပူးက ပုံစံကောင်းတွေ အရမ်းကို ပြသနေတယ်လို့ ချီးကျူးနေကြပေမယ့် အသင်းက စိတ်ဓါတ်ပိုင်းကို ယခုလို အနေအထားပဲ ဆက်လက် လုပ်ဆောင်ဖို့ လိုနေသေးတယ်လို့ ဖွင့်ဟပါတယ်။

အက်သလက်တီကိုဟာ သွင်းဂိုးတွေ အများကြီး မရပေမယ့် ပေးဂိုးနည်းလွန်းတဲ့ အသင်းကောင်းတစ်သင်းဖြစ်ပြီး ဖီလစ်လို ထိပ်တန်း ကစားသမားကို ပိုင်ဆိုင်ထားတယ်လို့ ကလော့ပ်က ချန်ပီယံလိဂ်ပွဲကြို ထုတ်ဖော် ပြောဆိုပါတယ်။

လီဗာပူးဂန္တင်ကြီး ကာရေဂါက လီဗာပူးဟာ အကောင်းဆုံး ဂိုးသမားကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ဒီရာသီမှာ အယ်လီဆန်က သူဟာ ကမ္ဘာအကောင်းဆုံး ဂိုးသမားဆိုတာကို သက်သေပြနေတယ်လို့ ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ေႏြမွာ တိုက္စစ္သမား ေခၚယူမွာျဖစ္ေပမယ့္ အသင္းရဲ႕ အဓိက တိုက္စစ္သမားေတြျဖစ္တဲ့ ဆာလက္၊ မာေနး၊ ဖာမင္ႏိုတို႔ကို လံုးဝ ေရာင္းထုတ္သြားမွာ မဟုတ္ပဲ အသင္းမွာ ဆက္လက္ ထိန္းသိမ္းသြားမွာပါ။

ေႏြအိုလံပစ္မွာ ဆာလက္ကို ထြက္ခြာခြင့္ေပးမလား ရာသီၾကိဳ အသင္းနဲ႔ပဲ ပူးေပါင္းေစမလားဆိုတဲ့ အဆံုးအျဖတ္ကို ျပဳလုပ္ခြင့္က လီဗာပူးလက္ထဲမွာပါလို႔ ဖီဖာက ထုတ္ျပန္ပါတယ္။

မန္စီးတီးရဲ႕ အမွတ္ေပးဖလားတစ္ၾကိမ္ လက္လြတ္ရဖြယ္ရွိေနတဲ့ သတင္း ထြက္ေပၚလာျပီးေနာက္ ေမာ္ရင္ညိဳက ၂၀၁၈ ခုႏွစ္က မန္စီးတီးေနာက္ ဒုတိယေနရာက ရပ္တည္ခဲ့တဲ့ သူ႔ရဲ႕ ယူႏုိုက္တက္အသင္းက ဖလားလြဲေျပာင္းယူခြင့္ရမွာလားလို႔ အရႊင္ေဖာက္လိုက္ပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ဟာ စပိန္က ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ျပန္မၾကည့္ဘူးလို႔ ဆိုပါတယ္။ သူကေတာ့ ဆုဖလားေတြအတြက္ ေရွ႔ကိုပဲ ဆက္သြားဖို႔ အာရံုစိုက္လိုတာေၾကာင့္ ျပီးခဲ့တဲ့ ေအာင္ျမင္မႈကို ျပန္မၾကည့္တာပါလို႔ ဆိုပါတယ္။

ေလာေလာဆယ္ေတာ့ မန္စီးတီးကို ပရီးမီးယားလိဂ္က အေရးယူမွာျဖစ္ျပီး ၂၀၁၂ က ယူႏုိက္တက္နဲ႔ ၂၀၁၄ ခုႏွစ္က လီဗာပူးတို႔ထဲ တစ္သင္းက ခ်န္ပီယံဘြဲ႔ လြဲေျပာင္းရႏိုင္ေျခရွိတယ္လို႔ သတင္းၾကီးေနပါတယ္။

လီဗာပူးအသင္းဟာ ကစားသမားေခၚယူမႈၾကီးေတြ၊ ကြင္းတိုးခ်ဲ႕မႈ၊ ေလ့က်င့္ေရးကြင္းသစ္ တည္ေဆာက္မႈေတြကို လုပ္ေဆာင္ေနတဲ့ၾကားက အသာတင္ အသံုးစရိတ္ကို ထိန္းသိမ္းႏုိင္တာအတြက္ ခ်ီးက်ဴးခံေနရပါတယ္။ ထိပ္သီး ေျခာက္သင္းထဲမွာ စပါးကလြဲရင္ လီဗာပူးက အသာတင္အသံုးစရိတ္ အနည္းဆံုးျဖစ္ပါတယ္။

လူတိုင္းက လီဗာပူးက ပံုစံေကာင္းေတြ အရမ္းကို ျပသေနတယ္လို႔ ခ်ီးက်ဴးေနၾကေပမယ့္ အသင္းက စိတ္ဓါတ္ပိုင္းကို ယခုလို အေနအထားပဲ ဆက္လက္ လုပ္ေဆာင္ဖို႔ လိုေနေသးတယ္လို႔ ဖြင့့္ဟပါတယ္။

အက္သလက္တီကိုဟာ သြင္းဂိုးေတြ အမ်ားၾကီး မရေပမယ့္ ေပးဂိုးနည္းလြန္းတဲ့ အသင္းေကာင္းတစ္သင္းျဖစ္ျပီး ဖီလစ္လို ထိပ္တန္း ကစားသမားကို ပိုင္ဆုိင္ထားတယ္လို႔ ကေလာ့ပ္က ခ်န္ပီယံလိဂ္ပြဲၾကိဳ ထုတ္ေဖာ္ ေျပာဆိုပါတယ္။

လီဗာပူးဂႏၱင္ၾကီး ကာေရဂါက လီဗာပူးဟာ အေကာင္းဆံုး ဂိုးသမားကို ပိုင္ဆိုင္ထားတာျဖစ္ျပီး ဒီရာသီမွာ အယ္လီဆန္က သူဟာ ကမၻာအေကာင္းဆံုး ဂိုးသမားဆိုတာကို သက္ေသျပေနတယ္လို႔ ထုတ္ေဖာ္ ခ်ီးက်ဴးလိုက္ပါတယ္။