လီဗာပူးအသင်းဟာ လာမယ့် နွေမှာတော့ ကွင်းလယ်လူ ဂရုဂျစ်နဲ့ ပက်သက်ပြီး ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို အပြီးသတ် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

လီဗာပူးသတင်းထောက် ပီယာစ့်က သတင်းပေးရာမှာ ဘွန်ဒက်လီဂါကလပ်ထံ အငှားချထားတဲ့ ကွင်းလယ်လူ ဂရုဂျစ်နဲ့ ပက်သက်ပြီး လီဗာပူးက လမ်းနှစ်ခုကို ရွေးချယ်မှာဖြစ်ကာ အသင်းမှာ ဆက်ထားရင်ဆက်ထား မဟုတ်ရင်တော့ အပြီးသတ် ရောင်းထုတ်လိုက်တော့မယ်လို့ သိလာရတာဖြစ်တယ်။

မန်နေဂျာယာဂင်ကလော့ပ်ရဲ့ လီဗာပူးအတွက် ပထမဆုံးသော ခေါ်ယူမှုဖြစ်ခဲ့တဲ့ ဂရုဂျစ်ဟာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ ရတ်စတား ဘဲလ်ဂရိတ်ကနေ ပေါင် ၅.၁ သန်းနဲ့ ခေါ်ယူခဲ့တာပါ။ ဂရုဂျစ်ဟာ အငှားထွက်ကစားခြင်းနဲ့ သူ့ရဲ့ တိုးတက်မှုကို ရှာဖွေနေတာဖြစ်ပြီး အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူဟာ ဈေးကွက်မှာ ပေါင် ၂၀-၂၅ သန်းထိ တန်ကြေး ပေါက်လာခဲ့ပြီဖြစ်ပါတယ်။

ချန်ပီယံရှစ်ကလပ် ကာဒစ်မှာ အငှားကစားခဲ့ရာမှာ ထူးချွန်ခဲ့ပြီး ဝေးလ်အခြေစိုက် ကလပ်အသင်းက ခေါ်ယူလိုပေမယ့် လီဗာပူးဘက်က ငြင်းဆန်ခဲ့တယ်။ ဘွန်ဒက်လီဂါကလပ် ဟာသာဘာလင်မှာ အငှားထွက်ကစားရမှာလည်း ဂျာမနီကလပ်က နှစ်သက်မှုကြောင့် နောက်ထပ် တစ်ရာသီ ထပ်မံကာ အငှားခေါ်ယူခြင်း ခံခဲ့ရတာဖြစ်တယ်။ ဟာသာဘာလင်ဘက်က ကစားသမားရဲ့ စွမ်းဆောင်နိုင်မှုတွေအရ အငှားစရိတ် ပေါင် ၂.၅ သန်းနဲ့ လုပ်ခပိုင်းကို အပြည့်အဝ တာဝန်ယူပေးထားပါတယ်။

ဧပရယ်လမှာတော့ ကွင်းလယ်လူဟာ အသက် ၂၄ နှစ်အရွယ် ရှိမှာဖြစ်လို့ သူ့အတွက် အမြဲတမ်း ကစားခွင့်ရမယ့် ကလပ်တစ်အသင်းမှာ အပြီးတိုင် အခြေချရတော့မှာဖြစ်တယ်။ ဂရုဂျစ်ကို ရောင်းချလိုက်မလားနဲ့ ဆက်ထိန်းထားမလားဟာ လီဗာပူးအတွက် အလောင်းအစားဆန်ဆန် ကိစ္စဖြစ်လာနိုင်ပြီး အတိတ်က အပြောင်းအရွှေ့တွေမှာတော့ ဒန်နီအင့်ကလွဲရင် အိုဘ်၊ ဆိုလန်ကီ၊ စမစ်၊ ဒန်နီဝတ်တို့နဲ့ ပက်သက်လို့ လီဗာပူးက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ လာမယ့်ရာသီမှာ ဖာဘင်ညို၊ ဟန်ဒါဆန်၊ ဝိုက်နယ်ဒမ်၊ မီလ်နာ၊ ကီတာတို့ပဲ ကျန်ရှိမှာဖြစ်ပြီး ရှာကွီရီကို ရောင်းထုတ်ကာ လယ်လာနာက အလွတ်နဲ့ ထွက်ခွာပါမယ်။ ဘုန်းမောက်ကို အငှားချထားတဲ့ ဝဲလ်ဆန်ကိုလည်း ရောင်းထုတ်သွားတော့မှာပါ။ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာတော့ ကီတာကို အာဖရိကဖလားအတွက် လက်လွတ်ရမှာဖြစ်လို့ ကွင်းလယ်ပိုင်းအတွက် သေချာအောင် လုပ်ရမှာဖြစ်တယ်။

လက်ရှိအချိန်ထိ ဂရုဂျစ်နဲ့ ပက်သက်လို့ နှစ်မျိူးလုံးကို ရွေးချယ်နိုင်ပေမယ့် နွေမှာ ဆားဘီးယားကွင်းလယ်လူက အရန်ခုံထိုင်ပြီး အခွင့်အရေးယူဖို့ကို ငြင်းဆန်မယ်ဆိုရင်တော့ အားကစားဒါရိုက်တာ အဒ်ဝတ်ဟာ သူ့ကို ဝယ်ယူမယ့် ကလပ်ကို ရှာဖွေတော့မှာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ လာမယ့္ ေႏြမွာေတာ့ ကြင္းလယ္လူ ဂရုဂ်စ္နဲ႔ ပက္သက္ျပီး ခိုင္မာတဲ့ ဆံုးျဖတ္ခ်က္တစ္ခုကို အျပီးသတ္ လုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

လီဗာပူးသတင္းေထာက္ ပီယာစ့္က သတင္းေပးရာမွာ ဘြန္ဒက္လီဂါကလပ္ထံ အငွားခ်ထားတဲ့ ကြင္းလယ္လူ ဂရုဂ်စ္နဲ႔ ပက္သက္ျပီး လီဗာပူးက လမ္းႏွစ္ခုကို ေရြးခ်ယ္မွာျဖစ္ကာ အသင္းမွာ ဆက္ထားရင္ဆက္ထား မဟုတ္ရင္ေတာ့ အျပီးသတ္ ေရာင္းထုတ္လုိက္ေတာ့မယ္လို႔ သိလာရတာျဖစ္တယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးအတြက္ ပထမဆံုးေသာ ေခၚယူမႈျဖစ္ခဲ့တဲ့ ဂရုဂ်စ္ဟာ ၂၀၁၆ ခုႏွစ္ ဇန္နဝါရီလမွာ ရတ္စတား ဘဲလ္ဂရိတ္ကေန ေပါင္ ၅.၁ သန္းနဲ႔ ေခၚယူခဲ့တာပါ။ ဂရုဂ်စ္ဟာ အငွားထြက္ကစားျခင္းနဲ႔ သူ႔ရဲ႔ တိုးတက္မႈကို ရွာေဖြေနတာျဖစ္ျပီး အသက္ ၂၄ ႏွစ္အရြယ္ ကြင္းလယ္လူဟာ ေစ်းကြက္မွာ ေပါင္ ၂၀-၂၅ သန္းထိ တန္ေၾကး ေပါက္လာခဲ့ျပီျဖစ္ပါတယ္။

ခ်န္ပီယံရွစ္ကလပ္ ကာဒစ္မွာ အငွားကစားခဲ့ရာမွာ ထူးခၽြန္ခဲ့ျပီး ေဝးလ္အေျခစိုက္ ကလပ္အသင္းက ေခၚယူလိုေပမယ့္ လီဗာပူးဘက္က ျငင္းဆန္ခဲ့တယ္။ ဘြန္ဒက္လီဂါကလပ္ ဟာသာဘာလင္မွာ အငွားထြက္ကစားရမွာလည္း ဂ်ာမနီကလပ္က ႏွစ္သက္မႈေၾကာင့္ ေနာက္ထပ္ တစ္ရာသီ ထပ္မံကာ အငွားေခၚယူျခင္း ခံခဲ့ရတာျဖစ္တယ္။ ဟာသာဘာလင္ဘက္က ကစားသမားရဲ႕ စြမ္းေဆာင္ႏုိင္မႈေတြအရ အငွားစရိတ္ ေပါင္ ၂.၅ သန္းနဲ႔ လုပ္ခပိုင္းကို အျပည့္အဝ တာဝန္ယူေပးထားပါတယ္။

ဧပရယ္လမွာေတာ့ ကြင္းလယ္လူဟာ အသက္ ၂၄ ႏွစ္အရြယ္ ရွိမွာျဖစ္လို႔ သူ႔အတြက္ အျမဲတမ္း ကစားခြင့္ရမယ့္ ကလပ္တစ္အသင္းမွာ အျပီးတိုင္ အေျခခ်ရေတာ့မွာျဖစ္တယ္။ ဂရုဂ်စ္ကို ေရာင္းခ်လိုက္မလားနဲ႔ ဆက္ထိန္းထားမလားဟာ လီဗာပူးအတြက္ အေလာင္းအစားဆန္ဆန္ ကိစၥျဖစ္လာႏုိင္ျပီး အတိတ္က အေျပာင္းအေရႊ႔ေတြမွာေတာ့ ဒန္နီအင့္ကလြဲရင္ အိုဘ္၊ ဆိုလန္ကီ၊ စမစ္၊ ဒန္နီဝတ္တို႔နဲ႔ ပက္သက္လို႔ လီဗာပူးက မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ေတြကို လုပ္ေဆာင္ႏုိင္ခဲ့ပါတယ္။

လီဗာပူးအသင္းဟာ လာမယ့္ရာသီမွာ ဖာဘင္ညိဳ၊ ဟန္ဒါဆန္၊ ဝိုက္နယ္ဒမ္၊ မီလ္နာ၊ ကီတာတို႔ပဲ က်န္ရွိမွာျဖစ္ျပီး ရွာကီြရီကို ေရာင္းထုတ္ကာ လယ္လာနာက အလြတ္နဲ႔ ထြက္ခြာပါမယ္။ ဘုန္းေမာက္ကို အငွားခ်ထားတဲ့ ဝဲလ္ဆန္ကိုလည္း ေရာင္းထုတ္သြားေတာ့မွာပါ။ ဇန္နဝါရီနဲ႔ ေဖေဖာ္ဝါရီမွာေတာ့ ကီတာကို အာဖရိကဖလားအတြက္ လက္လြတ္ရမွာျဖစ္လို႔ ကြင္းလယ္ပိုင္းအတြက္ ေသခ်ာေအာင္ လုပ္ရမွာျဖစ္တယ္။

လက္ရွိအခ်ိန္ထိ ဂရုဂ်စ္နဲ႔ ပက္သက္လို႔ ႏွစ္မ်ိဴးလံုးကို ေရြးခ်ယ္ႏုိင္ေပမယ့္ ေႏြမွာ ဆားဘီးယားကြင္းလယ္လူက အရန္ခံုထိုင္ျပီး အခြင့္အေရးယူဖို႔ကို ျငင္းဆန္မယ္ဆိုရင္ေတာ့ အားကစားဒါရိုက္တာ အဒ္ဝတ္ဟာ သူ႔ကို ဝယ္ယူမယ့္ ကလပ္ကို ရွာေဖြေတာ့မွာျဖစ္ပါတယ္။