ပရီးမီးယားလိဂ်ပြိုင်ဘက် မန်စီးတီးဟာ ပြည်တွင်းမှာလည်း အရေးယူခံရနိုင်ပြီး ၂၀၁၄ ခုနှစ် ချန်ပီယံဘွဲ့ကို စွန့်လွှတ်ရနိုင်သလို လာမယ့် ရာသီမှာ အမှတ်လျော့ ပြစ်ဒဏ်ကို ကျခံရနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မန်စီးတီးရဲ့ ဥရောပပြိုင်ပွဲ ပိတ်ခံရမှုကြောင့် အဓိက ကစားသမားတွေက မန်ချက်စတာကလပ်ကို စွန့်ခွာနိုင်ပြီး ဒီအခြေအနေမှာ ပရီးမီးယားလိဂ်မှာ အတောင့်တင်းဆုံး လူစာရင်း ပိုင်ဆိုင်ထားတဲ့ လီဗာပူးက ခေတ်တစ်ခေတ်ကို စတင်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။

ဘရာဇီး ဂန္တဝင်ကြီး ကာဖူးက အနာဂတ်မှာ လီဗာပူးခံစစ်သမား ထရန့်က ဘလွန်းဒီအော့ဆုကို စိန်ခေါ်ပြမှာဖြစ်ပြီး တိုက်စစ်သမားတွေပဲ အနိုင်ရလေ့ရှိတဲ့ အစဉ်အလာကို ဖောက်ဖျက်ပြလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

နော်ဝစ်ပွဲမှာ မပါဝင်ခဲ့ရတာနဲ့ ပက်သက်လို့ မီနာမီနိုက ” ပုံမှန် ကစားနေကျ အသင်းဖော်တွေ ပြန်လာချိန်မှာ မန်နေဂျာက သူ အယုံကြည်ရဆုံး ကစားသမားတွေကို ထည့်သွင်းတာက ပုံမှန်ပါပဲ။ ကျနော်က ကိုယ်လုပ်နိုင်တာကို အာရုံစိုက်နေဖို့ပဲ လိုပါတယ် ” လို့ ပြောဆိုလိုက်ပါတယ်။

လီဗာပူးခံစစ်ကို ဗန်ဒိုက်နဲ့ ဂိုးမက်စ်တို့ ပူးတွဲ တာဝန်ယူတဲ့နောက်ပိုင်းမှာ ခံစစ်ပိုင်းဟာ ဝုဗ်တိုက်စစ်မှူး ဂျီမီးနက်စ်ရဲ့ သွင်းဂိုး တစ်ဂိုးကိုပဲ ခွင့်ပြုထားခဲ့ရပါတယ်။

လီဗာပူးနဲ့ လိုက်ဇစ်တို့ဟာ တိုက်စစ်မှူး ဝါနာ အပြောင်းအရွှေ့ ကိစ္စ စကားပြောနေမှုမှာ သဘောတူညီမှု ရဖို့ မလွယ်ကူသေးဟန် ရှိပါတယ်။ ဝါနာအတွက် လီဗာပူးက စလိုက်နေပြီးလို့ သတင်းထွက်ပြီး မကြာခင်မှာပဲ လိုက်ဇစ်ဘက်ကတော့ ငြင်းပယ်မှုကို ပြန်လုပ်သွားပါတယ်။

နော်ဝစ်ကို အနိုင်ရခဲ့တဲ့ လီဗာပူးဟာ လာမယ့် အမှတ်ပေးပွဲ ၅ ပွဲကို အနိုင်ရမယ်ဆိုရင် ချန်ပီယံဖြစ်တော့မှာပါ။ ဒါ့အပြင် ဥရောပ လိဂ်ကြီး ၅ ခုမှာ အစောဆုံးအဖြစ် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း ပိုင်ဆိုင်သွားပြီဖြစ်ပါတယ်။

နော်ဝစ်ပွဲမှာ ကီတာက ခြေစွမ်းမကောင်းသလို စိတ်ပျက်စရာ အနေအာထားတွေပဲ ပြသခဲ့တယ်လို့ ပွဲအပြီး ဝေဖန်စကားဆိုတဲ့ မာဆေးဆိုဒ် ဒေသခံသတင်းဌာနကို လီဗာပူးပရိသတ်တွေက တုန့်ပြန် ဝေဖန်နေကြပါတယ်။ ကီတာဟာ တွဲဘက်ကစားနိုင်စွမ်းမှာ လိုအပ်ချက် ရှိခဲ့ပေမယ့် ကွင်းလယ်မှာ အလားအလာကောင်းတွေ ပြသခဲ့သူလို့ မှတ်ချက်တွေ ရနေပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ျပိဳင္ဘက္ မန္စီးတီးဟာ ျပည္တြင္းမွာလည္း အေရးယူခံရႏုိင္ျပီး ၂၀၁၄ ခုႏွစ္ ခ်န္ပီယံဘြဲ႔ကို စြန္႔လႊတ္ရႏုိင္သလို လာမယ့္ ရာသီမွာ အမွတ္ေလ်ာ့ ျပစ္ဒဏ္ကို က်ခံရႏုိင္တယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနပါတယ္။

မန္စီးတီးရဲ႔ ဥေရာပျပိဳင္ပြဲ ပိတ္ခံရမႈေၾကာင့္ အဓိက ကစားသမားေတြက မန္ခ်က္စတာကလပ္ကို စြန္႔ခြာႏုိင္ျပီး ဒီအေျခအေနမွာ ပရီးမီးယားလိဂ္မွာ အေတာင့္တင္းဆံုး လူစာရင္း ပိုင္ဆိုင္ထားတဲ့ လီဗာပူးက ေခတ္တစ္ေခတ္ကို စတင္လာႏုိင္တယ္လို႔ သံုးသပ္မႈေတြ ထြက္ေပၚေနပါတယ္။

ေနာ္ဝစ္ပြဲမွာ မပါဝင္ခဲ့ရတာနဲ႔ ပက္သက္လို႔ မီနာမီႏိုက ” ပံုမွန္ ကစားေနက် အသင္းေဖာ္ေတြ ျပန္လာခ်ိန္မွာ မန္ေနဂ်ာက သူ အယံုၾကည္ရဆံုး ကစားသမားေတြကို ထည့္သြင္းတာက ပံုမွန္ပါပဲ။ က်ေနာ္က ကိုယ္လုပ္ႏုိင္တာကို အာရံုစိုက္ေနဖို႔ပဲ လိုပါတယ္ ” လို႔ ေျပာဆိုလိုက္ပါတယ္။

လီဗာပူးခံစစ္ကို ဗန္ဒိုက္နဲ႔ ဂိုးမက္စ္တို႔ ပူးတြဲ တာဝန္ယူတဲ့ေနာက္ပိုင္းမွာ ခံစစ္ပိုင္းဟာ ဝုဗ္တိုက္စစ္မွဴး ဂ်ီမီးနက္စ္ရဲ႕ သြင္းဂိုး တစ္ဂိုးကိုပဲ ခြင့္ျပဳထားခဲ့ရပါတယ္။

ဘရာဇီး ဂႏၱဝင္ၾကီး ကာဖူးက အနာဂတ္မွာ လီဗာပူးခံစစ္သမား ထရန္႔က ဘလြန္းဒီေအာ့ဆုကို စိန္ေခၚျပမွာျဖစ္ျပီး တိုက္စစ္သမားေတြပဲ အႏုိင္ရေလ့ရွိတဲ့ အစဥ္အလာကို ေဖာက္ဖ်က္ျပလိမ့္မယ္လို႔ ေဟာကိန္းထုတ္လုိက္ပါတယ္။

လီဗာပူးနဲ႔ လိုက္ဇစ္တို႔ဟာ တုိက္စစ္မွဴး ဝါနာ အေျပာင္းအေရႊ႔ ကိစၥ စကားေျပာေနမႈမွာ သေဘာတူညီမႈ ရဖို႔ မလြယ္ကူေသးဟန္ ရွိပါတယ္။ ဝါနာအတြက္ လီဗာပူးက စလိုက္ေနျပီးလို႔ သတင္းထြက္ျပီး မၾကာခင္မွာပဲ လိုက္ဇစ္ဘက္ကေတာ့ ျငင္းပယ္မႈကို ျပန္လုပ္သြားပါတယ္။

ေနာ္ဝစ္ကို အႏုိင္ရခဲ့တဲ့ လီဗာပူးဟာ လာမယ့္ အမွတ္ေပးပြဲ ၅ ပြဲကို အႏုိင္ရမယ္ဆိုရင္ ခ်န္ပီယံျဖစ္ေတာ့မွာပါ။ ဒါ့အျပင္ ဥေရာပ လိဂ္ၾကီး ၅ ခုမွာ အေစာဆံုးအျဖစ္ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ကိုလည္း ပိုင္ဆိုင္သြားျပီျဖစ္ပါတယ္။

ေနာ္ဝစ္ပြဲမွာ ကီတာက ေျခစြမ္းမေကာင္းသလို စိတ္ပ်က္စရာ အေနအာထားေတြပဲ ျပသခဲ့တယ္လို႔ ပြဲအျပီး ေဝဖန္စကားဆိုတဲ့ မာေဆးဆိုဒ္ ေဒသခံသတင္းဌာနကို လီဗာပူးပရိသတ္ေတြက တုန္႔ျပန္ ေဝဖန္ေနၾကပါတယ္။ ကီတာဟာ တြဲဘက္ကစားႏုိင္စြမ္းမွာ လိုအပ္ခ်က္ ရွိခဲ့ေပမယ့္ ကြင္းလယ္မွာ အလားအလာေကာင္းေတြ ျပသခဲ့သူလို႔ မွတ္ခ်က္ေတြ ရေနပါတယ္။