ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာဖလားချန်ပီယံ နှစ်ကြိမ်အနိုင်ရခဲ့ပြီး ကမ္ဘာဘောလုံးဂန္တဝင် တစ်ဦးလည်းဖြစ်တဲ့ အစွန်လူ ကာဖူးက လီဗာပူးအသင်းမှ ညာအစွန်လူ ထရန့်ကို ထုတ်ဖော်ချီးကျူးမှု ပြုလုပ်ခဲ့ပါတယ်။

အင်္ဂလန် လက်ရွေးစင်ဟာ ဒီဘက်နှစ်တွေမှာ ကမ္ဘာအကောင်းဆုံး အစွန်လူအဖြစ် တောက်ပလာနေသူဖြစ်ပြီး သူ့ရဲ့ အရည်အချင်းတွေကြောင့်ပဲ အစွန်သမားတွေက တိုက်စစ်မှူးတွေလိုပဲ အရေးပါတယ်ဆိုတာကို လူတွေ သတိပြုမိလာကြတာဖြစ်ပါတယ်။

ကာဖူးက ပြောရာမှာ ” ထရန့်က ကမ္ဘာအကောင်းဆုံးတွေထဲက တစ်ဦးဖြစ်ပါတယ်။ အဲ့တာကို သံသယမရှိလိုက်ပါတယ်။ သူက ကစားသမားကောင်းပါတယ်။ ကျနော် လုပ်ခဲ့သလို အမူအကျင့်ကောင်းတွေကို တူညီစွာပဲ သူ့မှာ တွေ့မြင်နေရတယ်။

သူက ကြီးမားတဲ့ အလားအလာတွေကိုလည်း ပိုင်ဆိုင်ထားတယ်။ သန်မာပြီး စွမ်းရည်ပြည့်တယ်။ တိုက်စစ်လိုက်ရတာကို နှစ်သက်ပြီး လီဗာပူးအတွက် သွင်းဂိုးတွေရဖို့ လုပ်ဆောင်ပေးနိုင်တဲ့ ကစားသမားပါ။ သူ့ရဲ့ ကစားဟန်အရ ဘရာဇီးသားတွေရဲ့ ပင်ကိုယ် စွမ်းရည်မျိုးတောင် ရှိသူဖြစ်ပါတယ်။

သူက ဘလွန်းဒီအော့ဆုကို အနိုင်ရနိုင်တယ်လို့ ကျနော် ထင်တယ်။ တိုက်စစ်သမားတွေနဲ့ တိုက်စစ်အားသန် ကစားသမားတွေပဲ အနိုင်ရနေတဲ့ ဘလွန်းဒီအော့ဓလေ့ကို သူပြောင်းလဲ ပေးနိုင်ပါလိမ့်မယ်။ လူတွေကလည်း ခံစစ်သမားတွေက တိုက်စစ်သမားတွေလို အရေးပါတယ်ဆိုတာ လူတွေ မြင်လာကြပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

မနှစ်တုန်းကပဲ လီဗာပူးဗဟိုခံစစ်မှူး ဗန်ဒိုက်က မက်ဆီနဲ့အပြိုင် ဘလွန်းဒီအော့ဆုအတွက် အပြိုင် ရေပန်းစားခဲ့တာဖြစ်ပြီး နယ်သာလန်သား ခံစစ်မှူးနဲ့ ဂိုးသမား အယ်လီဆန်တို့ဟာ ဘလွန်းဒီအော့ဆု ထိပ်ပိုင်းနေရာတွေကို စိန်ခေါ်ပြခဲ့ကြတာပါ။ အနာဂတ်မှာ ထရန့်ကလည်း စိန်ခေါ်နိုင်မလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။

ZAWGYI

ဘရာဇီးအသင္းနဲ႔အတူ ကမၻာဖလားခ်န္ပီယံ ႏွစ္ၾကိမ္အႏုိင္ရခဲ့ျပီး ကမၻာေဘာလံုးဂႏၱဝင္ တစ္ဦးလည္းျဖစ္တဲ့ အစြန္လူ ကာဖူးက လီဗာပူးအသင္းမွ ညာအစြန္လူ ထရန္႔ကို ထုတ္ေဖာ္ခ်ီးက်ဴးမႈ ျပဳလုပ္ခဲ့ပါတယ္။

အဂၤလန္ လက္ေရြးစင္ဟာ ဒီဘက္ႏွစ္ေတြမွာ ကမၻာအေကာင္းဆံုး အစြန္လူအျဖစ္ ေတာက္ပလာေနသူျဖစ္ျပီး သူ႔ရဲ႔ အရည္အခ်င္းေတြေၾကာင့္ပဲ အစြန္သမားေတြက တိုက္စစ္မွဴးေတြလိုပဲ အေရးပါတယ္ဆိုတာကို လူေတြ သတိျပဳမိလာၾကတာျဖစ္ပါတယ္။

ကာဖူးက ေျပာရာမွာ ” ထရန္႔က ကမၻာအေကာင္းဆံုးေတြထဲက တစ္ဦးျဖစ္ပါတယ္။ အဲ့တာကို သံသယမရွိလိုက္ပါတယ္။ သူက ကစားသမားေကာင္းပါတယ္။ က်ေနာ္ လုပ္ခဲ့သလို အမူအက်င့္ေကာင္းေတြကို တူညီစြာပဲ သူ႔မွာ ေတြ႔ျမင္ေနရတယ္။

သူက ၾကီးမားတဲ့ အလားအလာေတြကိုလည္း ပိုင္ဆိုင္ထားတယ္။ သန္မာျပီး စြမ္းရည္ျပည့္တယ္။ တိုက္စစ္လုိက္ရတာကို ႏွစ္သက္ျပီး လီဗာပူးအတြက္ သြင္းဂိုးေတြရဖို႔ လုပ္ေဆာင္ေပးႏုိင္တဲ့ ကစားသမားပါ။ သူ႔ရဲ႕ ကစားဟန္အရ ဘရာဇီးသားေတြရဲ႕ ပင္ကိုယ္ စြမ္းရည္မ်ိဳးေတာင္ ရွိသူျဖစ္ပါတယ္။

သူက ဘလြန္းဒီေအာ့ဆုကို အႏုိင္ရႏုိင္တယ္လို႔ က်ေနာ္ ထင္တယ္။ တိုက္စစ္သမားေတြနဲ႔ တိုက္စစ္အားသန္ ကစားသမားေတြပဲ အႏုိင္ရေနတဲ့ ဘလြန္းဒီေအာ့ဓေလ့ကို သူေျပာင္းလဲ ေပးႏုိင္ပါလိမ့္မယ္။ လူေတြကလည္း ခံစစ္သမားေတြက တုိက္စစ္သမားေတြလို အေရးပါတယ္ဆိုတာ လူေတြ ျမင္လာၾကပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

မႏွစ္တုန္းကပဲ လီဗာပူးဗဟိုခံစစ္မွဴး ဗန္ဒိုက္က မက္ဆီနဲ႔အျပိဳင္ ဘလြန္းဒီေအာ့ဆုအတြက္ အျပိဳင္ ေရပန္းစားခဲ့တာျဖစ္ျပီး နယ္သာလန္သား ခံစစ္မွဴးနဲ႔ ဂိုးသမား အယ္လီဆန္တို႔ဟာ ဘလြန္းဒီေအာ့ဆု ထိပ္ပိုင္းေနရာေတြကို စိန္ေခၚျပခဲ့ၾကတာပါ။ အနာဂတ္မွာ ထရန္႔ကလည္း စိန္ေခၚႏုိင္မလားဆိုတာ ေစာင့္ၾကည့္ရပါလိမ့္မယ္။