စကိုင်းစပေါ့မှ အားကစားသုံးသပ်သူနဲ့ လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂျင်မီရပ်နက်က မာနေးဟာ အရမ်းကို ထူးချွန်သူဖြစ်ပြီး သူဟာ လီဗာပူးအသင်းကို ကိုယ်စားပြုတဲ့ ကစားသမားပါလို့ ထုတ်ဖော် ချီးကျူးမှု လုပ်ခဲ့ပါတယ်။

ကြံ့ခိုင်မှုဆိုင်ရာ ပြဿနာကြောင့် ပွဲအနည်းငယ် အနားယူနေရတဲ့ မာနေးဟာ နော်ဝစ်နဲ့ပွဲမှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်လာခဲ့ပြီး အသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကို သွင်းယူပေးခဲ့တယ်။ ရပ်နက်ကတော့ မာနေးက ရိုးကျိုးမှုရှိပြီး ကိုယ်လုပ်ရမယ့် အလုပ်ကို အကောင်းဆုံး လုပ်နိုင်သူလို့ မြင်နေပါတယ်။

ဂျင်မီရပ်နက်က ” နော်ဝစ်နဲ့ပွဲမှာ မာနေးက အရမ်းကို ထူးချွန်တဲ့ သွင်းဂိုးတစ်ဂိုးကို ရယူပြခဲ့ပြီး ဒါကပဲ ဒီရာသီမှာ သူတို့ကို သိပ်ကောင်းနေစေတာပါ။ ပွဲထဲမှာ ဘယ်လို ရှုထောင့်ကနေ ကြည့်ကြည့် သူတို့က ပြိုင်ဘက်တွေထက် လုံးဝကို ကွဲပြားခြားနားတဲ့ အဆင့်မှာ ရှိနေပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးကို ချီးကျူးမှုနဲ့အတူ ရပ်နက်က တောင်ပံသမား မာနေးရဲ့ စိတ်ဓါတ် ခံယူမှုပိုင်းကိုလည်း ချီးကျုူးခဲ့ပါတယ်။ မာနေးဟာ ပရီးမီးယားလိဂ်မှာ နှိမ့်ချမှုအရှိဆုံး စူပါစတားဖြစ်ပြီး ဆီနီဂေါမှာ ဟီးရိုးတစ်ဦးလို အားပေးခြင်း ခံနေရကာ အာဖရိကရဲ့ ဂုဏ်ဆောင်အဖြစ် ချီးကျူးမှုတွေ ရရှိထားသူဖြစ်တယ်။

ရပ်နက်ကပဲ ” မာနေးနဲ့ ပက်သက်တာတွေ အားလုံးကို ခင်ဗျားတို့လည်း လူမှုကွန်ယက်တွေကနေ ဖတ်ရမှာပေါ့။ သူက ခြေသုတ်ပုဆိုးလို နှိမ့်ချတဲ့ စူပါစတားတစ်ဦးပါ။ သူက ကိုယ်ဘာသာ ဘယ်လောက်ကောင်းတယ်ဆိုတာတောင် သတိထားမိဟန် မတူပါဘူး။ ဒါကလည်း သူ့ကို အရမ်းကို ကောင်းမွန်နေစေတာပါ.

သွင်းဂိုးတွေကို ပြန်ပြီး ကြည့်မယ်ဆိုရင် လေထဲမှာ ထူးချွန်ခဲ့ပြီး ဘယ်ခြေကော ညာခြေပါ ကောင်းမွန်တာကို မြင်ရမယ်။ အဓိကအားဖြင့် သူ့ရဲ့ ညာခြေက ပိုကောင်းတယ်လို့ ဆိုပေမယ့် သူက ဘယ်ခြေနဲ့လည်း ကန်ချက် ခပ်ပြင်းပြင်းတွေ လုပ်နိုင်ပပါတယ်။ ဒါကပဲ သူ့ကို ကျနော် သဘောကျရတဲ့ အကြောင်းရင်းပါပဲ။

သူက အံ့အားသင့်ဖို့ရာကောင်းတဲ့ ကစားသမားတစ်ဦးပါ။ ဒါပေမယ့် ဒါကလည်း လီဗာပူးအသင်းရဲ့ ဥပမာကောင်းပါပဲ။ သူတို့မှာ ကိုယ်ကျိုးငဲ့တဲ့သူ တစ်ဦးမှ မရှိပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

နော်ဝစ်မန်နျော ဖာကီကတော့ မာနေးရဲ့ သွင်းဂိုးကို ” မှော်ဆန်တဲ့ အခိုက်အတန့် ” လို့ အသိအမှတ် ပြုခဲ့သလို ကတ်ဝဲလ်ကလည်း ” မာနေး ဘောလုံးကို ရယူပြီး ကန်ထည့်လိုက်ပုံကို တွေးကြည့်ရုံနဲ့တင် အတော်ကို ကြောက်ဖို့ ကောင်းနေပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။

ZAWGYI

စကိုင္းစေပါ့မွ အားကစားသံုးသပ္သူနဲ႔ လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္း ဂ်င္မီရပ္နက္က မာေနးဟာ အရမ္းကို ထူးခၽြန္သူျဖစ္ျပီး သူဟာ လီဗာပူးအသင္းကို ကိုယ္စားျပဳတဲ့ ကစားသမားပါလို႔ ထုတ္ေဖာ္ ခ်ီးက်ဴးမႈ လုပ္ခဲ့ပါတယ္။

ၾကံ႕ခိုင္မႈဆိုင္ရာ ျပႆနာေၾကာင့္ ပြဲအနည္းငယ္ အနားယူေနရတဲ့ မာေနးဟာ ေနာ္ဝစ္နဲ႔ပြဲမွာ လူစားဝင္ ကစားသမားအျဖစ္ ပါဝင္လာခဲ့ျပီး အသင္းအတြက္ တစ္လံုးတည္းေသာ သြင္းဂိုးကို သြင္းယူေပးခဲ့တယ္။ ရပ္နက္ကေတာ့ မာေနးက ရိုးက်ိဳးမႈရွိျပီး ကိုယ္လုပ္ရမယ့္ အလုပ္ကို အေကာင္းဆံုး လုပ္ႏုိင္သူလို႔ ျမင္ေနပါတယ္။

ဂ်င္မီရပ္နက္က ” ေနာ္ဝစ္နဲ႔ပြဲမွာ မာေနးက အရမ္းကို ထူးခၽြန္တဲ့ သြင္းဂိုးတစ္ဂိုးကို ရယူျပခဲ့ျပီး ဒါကပဲ ဒီရာသီမွာ သူတို႔ကို သိပ္ေကာင္းေနေစတာပါ။ ပြဲထဲမွာ ဘယ္လို ရႈေထာင့္ကေန ၾကည့္ၾကည့္ သူတုိ႔က ျပိဳင္ဘက္ေတြထက္ လံုးဝကို ကြဲျပားျခားနားတဲ့ အဆင့္မွာ ရွိေနပါတယ္။ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လီဗာပူးကို ခ်ီးက်ဴးမႈနဲ႔အတူ ရပ္နက္က ေတာင္ပံသမား မာေနးရဲ႕ စိတ္ဓါတ္ ခံယူမႈပိုင္းကိုလည္း ခ်ီးက်ဳဴးခဲ့ပါတယ္။ မာေနးဟာ ပရီးမီးယားလိဂ္မွာ ႏွိမ့္ခ်မႈအရွိဆံုး စူပါစတားျဖစ္ျပီး ဆီနီေဂါမွာ ဟီးရိုးတစ္ဦးလို အားေပးျခင္း ခံေနရကာ အာဖရိကရဲ႕ ဂုဏ္ေဆာင္အျဖစ္ ခ်ီးက်ဴးမႈေတြ ရရွိထားသူျဖစ္တယ္။

ရပ္နက္ကပဲ ” မာေနးနဲ႔ ပက္သက္တာေတြ အားလံုးကို ခင္ဗ်ားတို႔လည္း လူမႈကြန္ယက္ေတြကေန ဖတ္ရမွာေပါ့။ သူက ေျခသုတ္ပုဆိုးလို ႏွိမ့္ခ်တဲ့ စူပါစတားတစ္ဦးပါ။ သူက ကိုယ္ဘာသာ ဘယ္ေလာက္ေကာင္းတယ္ဆိုတာေတာင္ သတိထားမိဟန္ မတူပါဘူး။ ဒါကလည္း သူ႔ကို အရမ္းကို ေကာင္းမြန္ေနေစတာပါ.

သြင္းဂိုးေတြကို ျပန္ျပီး ၾကည့္မယ္ဆိုရင္ ေလထဲမွာ ထူးခၽြန္ခဲ့ျပီး ဘယ္ေျခေကာ ညာေျခပါ ေကာင္းမြန္တာကို ျမင္ရမယ္။ အဓိကအားျဖင့္ သူ႔ရဲ႕ ညာေျခက ပိုေကာင္းတယ္လို႔ ဆိုေပမယ့္ သူက ဘယ္ေျခနဲ႔လည္း ကန္ခ်က္ ခပ္ျပင္းျပင္းေတြ လုပ္ႏုိင္ပပါတယ္။ ဒါကပဲ သူ႔ကို က်ေနာ္ သေဘာက်ရတဲ့ အေၾကာင္းရင္းပါပဲ။

သူက အံ့အားသင့္ဖို႔ရာေကာင္းတဲ့ ကစားသမားတစ္ဦးပါ။ ဒါေပမယ့္ ဒါကလည္း လီဗာပူးအသင္းရဲ႕ ဥပမာေကာင္းပါပဲ။ သူတို႔မွာ ကိုယ္က်ိဳးငဲ့တဲ့သူ တစ္ဦးမွ မရွိပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ေနာ္ဝစ္မန္ေန်ာ ဖာကီကေတာ့ မာေနးရဲ႕ သြင္းဂိုးကို ” ေမွာ္ဆန္တဲ့ အခိုက္အတန္႔ ” လို႔ အသိအမွတ္ ျပဳခဲ့သလို ကတ္ဝဲလ္ကလည္း ” မာေနး ေဘာလံုးကို ရယူျပီး ကန္ထည့္လိုက္ပံုကို ေတြးၾကည့္ရံုနဲ႔တင္ အေတာ္ကို ေၾကာက္ဖုိ႔ ေကာင္းေနပါတယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။