မနက်က ယှဉ်ပြိုင်ကစားတဲ့ နော်ဝစ်နဲ့ လီဗာပူးပွဲမှာ မာနေးရဲ့ တစ်လုံးတည်သော သွင်းဂိုးနဲ့အတူ နိုင်ပွဲထပ်ရခဲ့တဲ့ လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ အမှတ်ပေးပွဲ ၄၃ ပွဲဆက်တိုက် အရေးမနိမ့်တဲ့ စံချိန်ကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလတုန်းက မန်စီးတီးကို ၂-၁ နဲ့ အရေးနိမ့်ပြီးနောက်ပိုင်း ရံှူးပွဲ လုံးဝမရှိတဲ့ လီဗာပူးဟာ နောက်ဆုံးနှစ်ရာသီအတွင်း လိဂ်ပွဲ တစ်ပွဲတည်းကိုပဲ အရေးနိမ့်ထားခဲ့တာပါ။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေကြောင့် ဥရောပရဲ့ အချိန်အကြာဆုံး ရံှူးပွဲမရှိ အသင်းများစာရင်းမှာ ထိပ်ဆုံးတစ်နေရာကို ဝင်ရောက်လာခဲ့ပြီဖြစ်တယ်။

အမှတ်ပေးဖလား ၁၈ ကြိမ် အနိုင်ရ လီဗာပူးအသင်းဟာ နောက်ဆုံး မျိုးဆက်တစ်ခုအတွင်း လုံးဝ အနိုင်မရခဲ့ပဲ နှစ်ပေါင်း ၃၀ ကြာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို ၁၉၉၀ ခုနှစ်နောက်ပိုင်း ပြန်လည် ကိုင်မြောက်နိုင်ဖို့ အလားအလာကောင်းနေတယ်။ လီဗာပူးအသင်းနဲ့ ပရိသတ်တွေကတော့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ တရားဝင် ချန်ပီယံအဖြစ် စာရင်းသွင်းခံရတဲ့ အချိန်ထိ သည်းခံ စောင့်ဆိုင်းနေကြဦးမှာဖြစ်တယ်။

လီဗာပူးရဲ့ ၄၃ ပွဲဆက်တိုက် အရေးမနိမ့်တဲ့ စံချိန်ဟာ အင်္ဂလန်ဘောလုံးသမိုင်း အမြင့်ဆုံး စံချိန်တွေဖြစ်တဲ့ ချယ်ဆီး ပွဲ ၄၀နဲ့ နော်တင်ဟမ်ဖော်ရက် ၄၂ ပွဲတို့ကို ကျော်လွန်သွားခဲ့တာပါ။ ဒါ့အပြင် ဘာစီလိုနာရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး စံချိန်ဖြစ်တဲ့ အမှတ်ပေးပွဲ ၄၃ ပွဲဆက်တိုက် အရေးမနိမ့်တဲ့ စံချိန်ကို လိုက်မှီသွားခဲ့ပြီဖြစ်တယ်။

ဥရောပအရှည်ကြာဆုံး ရံှူးပွဲမရှိ အသင်းတွေထဲမှာ လီဗာပူး ထပ်မံချိုးဖျက်ရမှာက ဂျုဗီနဲ့ အာဆင်နယ်ရဲ့ ၄၉ ပွဲ ရံှူးပွဲမရှိ စံချိန်၊ ဘိုင်ယန်မြုူးနစ်ရဲ့ ၅၃ ပွဲ ရံှူးပွဲမရှိ စံချိန်နဲ့ အေစီမီလန်ရဲ့ ၅၈ ပွဲ ရံှူးပွဲမရှိ စံချိန်တွေဖြစ်တယ်။ ဘောလုံးလောကရဲ့ ထာဝရအကောင်းဆုံး အဆိုပါ စံချိန်တွေကို လီဗာပူး တစ်ခုချင်း ချိုးဖျက်ပြမလားက စိတ်ဝင်စားစရာဖြစ်တယ်။

လီဗာပူးဟာ နောက်လာမယ့်ပွဲတွေမှာ ဝက်ဟမ်း၊ ဝတ်ဖိုဒ့်၊ ဘုန်းမောက်တို့နဲ့ ထိပ်တိုက်တွေ့မှာဖြစ်ပြီး ကာလရှည် အရံှူးမရှိကို ဘယ်လောက်ထိ ထိန်းသိမ်းသွားမလဲဆိုတာ စောင့်ကြည့်ရပါမယ်။

Top 10 longest unbeaten streaks (Europe’s Big Five)

  • 1) AC Milan (1991/93) – 58 games
  • 2) Bayern Munich (2012/14) – 53 games
  • 3) Arsenal (2003/04) – 49 games
  • 4) Juventus (2011/12) – 49 games
  • 5) Liverpool (2019/20) – 43 games
  • 6) Barcelona (2017/18) – 43 games
  • 7) Nottingham Forest (1977/78) – 42 games
  • 8) Chelsea (2004/05) – 40 games
  • 9) Fiorentina (1955/56) – 40 games
  • 10) Real Sociedad (1979/80) – 38 games

ZAWGYI

မနက္က ယွဥ္ျပိဳင္ကစားတဲ့ ေနာ္ဝစ္နဲ႔ လီဗာပူးပြဲမွာ မာေနးရဲ႕ တစ္လံုးတည္ေသာ သြင္းဂိုးနဲ႔အတူ ႏုိင္ပြဲထပ္ရခဲ့တဲ့ လီဗာပူးဟာ ပရီးမီးယားလိဂ္မွာ အမွတ္ေပးပြဲ ၄၃ ပြဲဆက္တုိက္ အေရးမနိမ့္တဲ့ စံခ်ိန္ကို ပိုင္ဆိုင္ခဲ့ျပီျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္ ဇန္နဝါရီလတုန္းက မန္စီးတီးကို ၂-၁ နဲ႔ အေရးနိမ့္ျပီးေနာက္ပိုင္း ရံွဴးပြဲ လံုးဝမရွိတဲ့ လီဗာပူးဟာ ေနာက္ဆံုးႏွစ္ရာသီအတြင္း လိဂ္ပြဲ တစ္ပြဲတည္းကိုပဲ အေရးနိမ့္ထားခဲ့တာပါ။ ဒီလို စြမ္းေဆာင္ရည္ေကာင္းေတြေၾကာင့္ ဥေရာပရဲ႕ အခ်ိန္အၾကာဆံုး ရံွဴးပြဲမရွိ အသင္းမ်ားစာရင္းမွာ ထိပ္ဆံုးတစ္ေနရာကို ဝင္ေရာက္လာခဲ့ျပီျဖစ္တယ္။

အမွတ္ေပးဖလား ၁၈ ၾကိမ္ အႏုိင္ရ လီဗာပူးအသင္းဟာ ေနာက္ဆံုး မ်ိဳးဆက္တစ္ခုအတြင္း လံုးဝ အႏိုင္မရခဲ့ပဲ ႏွစ္ေပါင္း ၃၀ ၾကာ ေဝးကြာေနတဲ့ အမွတ္ေပးဖလားကို ၁၉၉၀ ခုႏွစ္ေနာက္ပိုင္း ျပန္လည္ ကိုင္ေျမာက္ႏုိင္ဖို႔ အလားအလာေကာင္းေနတယ္။ လီဗာပူးအသင္းနဲ႔ ပရိသတ္ေတြကေတာ့ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီရဲ႕ တရားဝင္ ခ်န္ပီယံအျဖစ္ စာရင္းသြင္းခံရတဲ့ အခ်ိန္ထိ သည္းခံ ေစာင့္ဆိုင္းေနၾကဦးမွာျဖစ္တယ္။

လီဗာပူးရဲ႕ ၄၃ ပြဲဆက္တိုက္ အေရးမနိမ့္တဲ့ စံခ်ိန္ဟာ အဂၤလန္ေဘာလံုးသမိုင္း အျမင့္ဆံုး စံခ်ိန္ေတြျဖစ္တဲ့ ခ်ယ္ဆီး ပြဲ ၄၀နဲ႔ ေနာ္တင္ဟမ္ေဖာ္ရက္ ၄၂ ပြဲတို႔ကို ေက်ာ္လြန္သြားခဲ့တာပါ။ ဒါ့အျပင္ ဘာစီလိုနာရဲ႕ သမိုင္းတစ္ေလွ်ာက္ အေကာင္းဆံုး စံခ်ိန္ျဖစ္တဲ့ အမွတ္ေပးပြဲ ၄၃ ပြဲဆက္တိုက္ အေရးမနိမ့္တဲ့ စံခ်ိန္ကို လိုက္မွီသြားခဲ့ျပီျဖစ္တယ္။

ဥေရာပအရွည္ၾကာဆံုး ရံွဴးပြဲမရွိ အသင္းေတြထဲမွာ လီဗာပူး ထပ္မံခ်ိဳးဖ်က္ရမွာက ဂ်ဳဗီနဲ႔ အာဆင္နယ္ရဲ႕ ၄၉ ပြဲ ရံွဴးပြဲမရွိ စံခ်ိန္၊ ဘုိင္ယန္ျမဳဴးနစ္ရဲ႕ ၅၃ ပြဲ ရံွဴးပြဲမရွိ စံခ်ိန္နဲ႔ ေအစီမီလန္ရဲ႕ ၅၈ ပြဲ ရံွဴးပြဲမရွိ စံခ်ိန္ေတြျဖစ္တယ္။ ေဘာလံုးေလာကရဲ႕ ထာဝရအေကာင္းဆံုး အဆိုပါ စံခ်ိန္ေတြကို လီဗာပူး တစ္ခုခ်င္း ခ်ိဳးဖ်က္ျပမလားက စိတ္ဝင္စားစရာျဖစ္တယ္။

လီဗာပူးဟာ ေနာက္လာမယ့္ပြဲေတြမွာ ဝက္ဟမ္း၊ ဝတ္ဖိုဒ့္၊ ဘုန္းေမာက္တို႔နဲ႔ ထိပ္တုိက္ေတြ႔မွာျဖစ္ျပီး ကာလရွည္ အရံွဴးမရွိကို ဘယ္ေလာက္ထိ ထိန္းသိမ္းသြားမလဲဆိုတာ ေစာင့္ၾကည့္ရပါမယ္။