ဥရောပဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း ချိုးဖောက်မှုကြောင့် ဥရောပမှာ နှစ်ရာသီ ပွဲပယ်ခံထားရတဲ့ မန်စီးတီးကို အင်္ဂလန်လိဂ်ကလည်း အရေးယူမှုတွေ ပြုလုပ်နိုင်ပြီး ချန်ပီယံဆုတစ်ကြိမ် ရုတ်သိမ်းခံရနိုင်တယ်လို့ ဒေးလီးမေလ်းက ဖော်ပြပါတယ်။

အဆိုပါ ဖော်ပြမှုမှာ စိတ်ဝင်စားစရာက မန်စီးတီးဟာ ပရီးမီးယားလိဂ်ရဲ့ စုံစမ်းစစ်ဆေးမှုမှာ အပြစ်ရှိကြောင်း တွေ့ရှိရမယ်ဆိုရင် ၂၀၁၄ ခုနှစ်က လီဗာပူးကို ကျော်ဖြတ်ပြီး အနိုင်ရခဲ့တဲ့ အမှတ်ပေးဖလားကို ပြန်လည် ရုတ်သိမ်းခံရမယ့် အနေအထားကို ရင်ဆိုင်နေရတယ်လို့ ဖော်ပြပါရှိတာဖြစ်တယ်။

မန်စီးတီးဟာ ၂၀၁၂ ခုနဈ်ကနေ ၂၀၁၆ ခုနှစ်အတွင်း ယူအီးအက်ဖ်အေရဲ့ စပွန်ဆာဝင်ငွေတွေကို လိမ်ညာမှုတွေ ရှိခဲ့တာဖြစ်တယ်။ ပရီးမီးယားလိဂ်က အဆိုပါ ခုနှစ်တွေကြားကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ကြိုးစားမယ်လို့ သိလာရပေမယ့် တရားဝင် အတည်ပြုလာတာတွေ မရှိသေးပါဘူး။

နောက်ပြီး အဆိုပါ ခုနှစ်တွေအတွင်း မန်စီးတီးက နှစ်ကြိမ် ချန်ပီယံဖြစ်ခဲ့တာဖြစ်ကာ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တွေဖြစ်တယ်။ ၂၀၁၂ ခုနှစ်မှာတော့ ယူနိုက်တက်က ဒုတိယနေရာက ရာသီသိမ်းခဲ့ပြီး ၂၀၁၄ မှာတော့ လီဗာပူးက ဒုတိယနေရာက ရာသီသိမ်းခဲ့တာဖြစ်တယ်။ အကယ်လို့ မန်စီးတီးကို အပြစ်ပေးရင် ဒုတိယနေရာက တစ်သင်းကို ချန်ပီယံဘွဲ့ ပြန်လွဲပေးရမယ့် သဘောဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ဘက် ၁၉ သင်းကတော့ မန်စီးတီးဟာ စည်းမျဉ်းတွေကို ချိုးဖောက်တာကြောင့် အပြစ်ပေးခံရသင့်တယ်လို့ ယုံကြည်ကြတယ်လို့ သိရတယ်။ မန်စီးတီးဟာ ရမှတ်လျော့ချခံရမယ့် ပြစ်ဒဏ်မျိုးကိုလည်း ရင်ဆိုင်ရနိုင်ပြီး ဒီရာသီမှာလား လာမယ့်ရာသီမှာလားဆိုတာ မသဲကွဲတာဖြစ်ပါတယ်။

မန်စီးတီးရဲ့ အနေအထားဟာ ပရီးမီးယားလိဂ်အပေါ် သက်ရောက်မှုရှိမယ်လို့ သိထားရပြီး ဒီကိစ္စဟာ အင်္ဂလန်တစ်ဝန်း အတော်လေးကို ရေပန်းစားတဲ့ သတင်းဖြစ်နေကာ ၎င်းတို့ကတော့ ယူအီးအက်ဖ်အေကို အယူခံဝင်ထားပြီး နောက်ဆက်တွဲတွေ စောင့်ကြည့်နေဆဲဖြစ်ပါတယ်။

ZAWGYI

ဥေရာပဘ႑ာေရးဆုိင္ရာ စည္းမ်ဥ္း ခ်ိဳးေဖာက္မႈေၾကာင့္ ဥေရာပမွာ ႏွစ္ရာသီ ပြဲပယ္ခံထားရတဲ့ မန္စီးတီးကို အဂၤလန္လိဂ္ကလည္း အေရးယူမႈေတြ ျပဳလုပ္ႏုိင္ျပီး ခ်န္ပီယံဆုတစ္ၾကိမ္ ရုတ္သိမ္းခံရႏုိင္တယ္လို႔ ေဒးလီးေမလ္းက ေဖာ္ျပပါတယ္။

အဆိုပါ ေဖာ္ျပမႈမွာ စိတ္ဝင္စားစရာက မန္စီးတီးဟာ ပရီးမီးယားလိဂ္ရဲ႕ စံုစမ္းစစ္ေဆးမႈမွာ အျပစ္ရွိေၾကာင္း ေတြ႔ရွိရမယ္ဆိုရင္ ၂၀၁၄ ခုႏွစ္က လီဗာပူးကို ေက်ာ္ျဖတ္ျပီး အႏုိင္ရခဲ့တဲ့ အမွတ္ေပးဖလားကို ျပန္လည္ ရုတ္သိမ္းခံရမယ့္ အေနအထားကို ရင္ဆိုင္ေနရတယ္လို႔ ေဖာ္ျပပါရွိတာျဖစ္တယ္။

မန္စီးတီးဟာ ၂၀၁၂ ခုႏစ်္ကေန ၂၀၁၆ ခုႏွစ္အတြင္း ယူအီးအက္ဖ္ေအရဲ႕ စပြန္ဆာဝင္ေငြေတြကို လိမ္ညာမႈေတြ ရွိခဲ့တာျဖစ္တယ္။ ပရီးမီးယားလိဂ္က အဆိုပါ ခုႏွစ္ေတြၾကားကို စံုစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ဖို႔ ၾကိဳးစားမယ္လို႔ သိလာရေပမယ့္ တရားဝင္ အတည္ျပဳလာတာေတြ မရွိေသးပါဘူး။

ေနာက္ျပီး အဆိုပါ ခုႏွစ္ေတြအတြင္း မန္စီးတီးက ႏွစ္ၾကိမ္ ခ်န္ပီယံျဖစ္ခဲ့တာျဖစ္ကာ ၂၀၁၂ ခုႏွစ္နဲ႔ ၂၀၁၄ ခုႏွစ္ေတြျဖစ္တယ္။ ၂၀၁၂ ခုႏွစ္မွာေတာ့ ယူႏုိက္တက္က ဒုတိယေနရာက ရာသီသိမ္းခဲ့ျပီး ၂၀၁၄ မွာေတာ့ လီဗာပူးက ဒုတိယေနရာက ရာသီသိမ္းခဲ့တာျဖစ္တယ္။ အကယ္လို႔ မန္စီးတီးကို အျပစ္ေပးရင္ ဒုတိယေနရာက တစ္သင္းကို ခ်န္ပီယံဘြဲ႔ ျပန္လြဲေပးရမယ့္ သေဘာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ျပိဳင္ဘက္ ၁၉ သင္းကေတာ့ မန္စီးတီးဟာ စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္တာေၾကာင့္ အျပစ္ေပးခံရသင့္တယ္လို႔ ယံုၾကည္ၾကတယ္လို႔ သိရတယ္။ မန္စီးတီးဟာ ရမွတ္ေလ်ာ့ခ်ခံရမယ့္ ျပစ္ဒဏ္မ်ိဳးကိုလည္း ရင္ဆိုင္ရႏုိင္ျပီး ဒီရာသီမွာလား လာမယ့္ရာသီမွာလားဆိုတာ မသဲကြဲတာျဖစ္ပါတယ္။

မန္စီးတီးရဲ႕ အေနအထားဟာ ပရီးမီးယားလိဂ္အေပၚ သက္ေရာက္မႈရွိမယ္လို႔ သိထားရျပီး ဒီကိစၥဟာ အဂၤလန္တစ္ဝန္း အေတာ္ေလးကို ေရပန္းစားတဲ့ သတင္းျဖစ္ေနကာ ၄င္းတို႔ကေတာ့ ယူအီးအက္ဖ္ေအကို အယူခံဝင္ထားျပီး ေနာက္ဆက္တြဲေတြ ေစာင့္ၾကည့္ေနဆဲျဖစ္ပါတယ္။