ဂျူဗင်တပ်မန်နေဂျာ ဆာရီက ယာဂင်ကလော့ပ်ကို တုန့်ပြန် ချီးကျူးမှုလုပ်ခဲ့ပြီး ကလော့ပ်ဟာ သူတွေ့ဖူးသမျှထဲမှာ စမတ်အကျဆုံးနဲ့ ပျော်စရာအကောင်းဆုံး ပြိုင်ဘက်နည်းပြအဖြစ် တင်စားလိုက်ပါတယ်။

ယာဂင်ကလော့ပ်က သူ့အမြင်မှာ ဒီရာသီ ချန်ပီယံလိဂ်ဖလားကို အနိုင်ရဖို့ ရေပန်းစားတဲ့ အသင်းက ဂျူဗင်တပ်ဖြစ်ပြီး စီးရီးအေမှာ ပြိုင်ဘက်ကို ၁၀ မှတ်ဖြတ်ပြီး ဦးဆောင်ထားနိုင်ခြင်း မရှိတဲ့အပေါ် အံ့အားသင့်မိတယ်လို့ မကြာသေးခင်ကပဲ ထုတ်ဖော် ပြောဆိုထားသေးတာပါ။ အဆိုပါ ပြောဆိုမှုကို ဂျူဗင်တပ်မန်နေဂျာက တုန့်ပြန်ပြောဆိုလာတာဖြစ်တယ်။

ကလော့ပ်က ” ဘောလုံးရာသီ မစခင်မှာ ကျနော်ကတော့ ဂျူဗင်တပ်က ချန်ပီယံလိဂ်ကို အနိုင်ရဖို့ ရေပန်းအစားဆုံးလို့ ထင်တယ်။ ဒါပေမယ့် အီတလီဘောလုံးကို သေချာတော့ မကြည့်ရပါဘူး။ ဒါကြောင့် ဂျူဗင်တပ်က ပြိုင်ဘက်ကို ဘာလို့ ၁၀ မှတ်လောက် မဖြတ်ထားနိုင်သလဲဆိုတာ ကျနော် မသိဘူး။

ဂျူဗင်တပ်က ကျနော်မြင်ဖူးသမျှထဲမှာ အရည်အချင်းအရှိဆုံး ကစားသမားတွေနဲ့အတူ ကြီးမားတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတာပါ။ တကယ်ကို ရူးလောက်စရာပါပဲ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ကလော့ပ်ရဲ့ ပြောဆိုမှုကို ဆာရီကတော့ ” ယာဂင်ရဲ့ လူစာရင်းကလည်း မဆိုးပါဘူး။ သူက အီတလီဘောလုံးကို အများကြီး မကြည့်ဘူးဆိုတော့ သူမသဲမကွဲနဲ့ ပြောဆိုမိတာ ဖြစ်နိုင်တယ်။ ယာဂင်က ကျနော် သိတဲ့အထဲမှာ စမတ်အကျဆုံးနဲ့ အပျော်တတ်ဆုံးလူပါ။ ချန်ပီယံလိဂ်အတွက် ရေပန်းစားမှုကြောင့် ဝန်ပိတဲ့အထဲမှာ သူမပါအောင် လုပ်သွားတာပါပဲ ” လိ့ တုန့်ပြန်သွားတာဖြစ်တယ်။

အမှတ်ပေးဇယားကို ၂၅ မှတ်ထိ ဖြတ်ထားနိုင်တဲ့ လီဗာပူးက ကြားရက်မှာတော့ ပြိုင်ဘက် အက်သလက်တီကိုကွင်းမှာ ချန်ပီယံလိဂ် ရံှူးထွက် ပထမအကျော့ ကစားရမှာဖြစ်တယ်။ အဆိုပါကွင်းဟာ မနှစ်ကရာသီ လီဗာပူးအသင်း ချန်ပီယံလိဂ်ဖလား ကိုင်မြောက်ခွင့် ရခဲ့တဲ့ ကွင်းလည်း ဖြစ်ပါတယ်။

ZAWGYI

ဂ်ဴဗင္တပ္မန္ေနဂ်ာ ဆာရီက ယာဂင္ကေလာ့ပ္ကို တုန္႔ျပန္ ခ်ီးက်ဴးမႈလုပ္ခဲ့ျပီး ကေလာ့ပ္ဟာ သူေတြ႔ဖူးသမွ်ထဲမွာ စမတ္အက်ဆံုးနဲ႔ ေပ်ာ္စရာအေကာင္းဆံုး ျပိဳင္ဘက္နည္းျပအျဖစ္ တင္စားလိုက္ပါတယ္။

ယာဂင္ကေလာ့ပ္က သူ႔အျမင္မွာ ဒီရာသီ ခ်န္ပီယံလိဂ္ဖလားကို အႏုိင္ရဖို႔ ေရပန္းစားတဲ့ အသင္းက ဂ်ဴဗင္တပ္ျဖစ္ျပီး စီးရီးေအမွာ ျပိဳင္ဘက္ကို ၁၀ မွတ္ျဖတ္ျပီး ဦးေဆာင္ထားႏုိင္ျခင္း မရွိတဲ့အေပၚ အံ့အားသင့္မိတယ္လို႔ မၾကာေသးခင္ကပဲ ထုတ္ေဖာ္ ေျပာဆိုထားေသးတာပါ။ အဆိုပါ ေျပာဆိုမႈကို ဂ်ဴဗင္တပ္မန္ေနဂ်ာက တုန္႔ျပန္ေျပာဆိုလာတာျဖစ္တယ္။

ကေလာ့ပ္က ” ေဘာလံုးရာသီ မစခင္မွာ က်ေနာ္ကေတာ့ ဂ်ဴဗင္တပ္က ခ်န္ပီယံလိဂ္ကို အႏုိင္ရဖို႔ ေရပန္းအစားဆံုးလို႔ ထင္တယ္။ ဒါေပမယ့္ အီတလီေဘာလံုးကို ေသခ်ာေတာ့ မၾကည့္ရပါဘူး။ ဒါေၾကာင့္ ဂ်ဴဗင္တပ္က ျပိဳင္ဘက္ကို ဘာလို႔ ၁၀ မွတ္ေလာက္ မျဖတ္ထားႏုိင္သလဲဆိုတာ က်ေနာ္ မသိဘူး။

ဂ်ဴဗင္တပ္က က်ေနာ္ျမင္ဖူးသမွ်ထဲမွာ အရည္အခ်င္းအရွိဆံုး ကစားသမားေတြနဲ႔အတူ ၾကီးမားတဲ့ လူစာရင္းကို ပိုင္ဆုိင္ထားတာပါ။ တကယ္ကို ရူးေလာက္စရာပါပဲ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ကေလာ့ပ္ရဲ႕ ေျပာဆိုမႈကို ဆာရီကေတာ့ ” ယာဂင္ရဲ႕ လူစာရင္းကလည္း မဆိုးပါဘူး။ သူက အီတလီေဘာလံုးကို အမ်ားၾကီး မၾကည့္ဘူးဆိုေတာ့ သူမသဲမကြဲနဲ႔ ေျပာဆိုမိတာ ျဖစ္ႏုိင္တယ္။ ယာဂင္က က်ေနာ္ သိတဲ့အထဲမွာ စမတ္အက်ဆံုးနဲ႔ အေပ်ာ္တတ္ဆံုုးလူပါ။ ခ်န္ပီယံလိဂ္အတြက္ ေရပန္းစားမႈေၾကာင့္ ဝန္ပိတဲ့အထဲမွာ သူမပါေအာင္ လုပ္သြားတာပါပဲ ” လိ႔ တုန္႔ျပန္သြားတာျဖစ္တယ္။

အမွတ္ေပးဇယားကို ၂၅ မွတ္ထိ ျဖတ္ထားႏုိင္တဲ့ လီဗာပူးက ၾကားရက္မွာေတာ့ ျပိဳင္ဘက္ အက္သလက္တီကိုကြင္းမွာ ခ်န္ပီယံလိဂ္ ရံွဴးထြက္ ပထမအေက်ာ့ ကစားရမွာျဖစ္တယ္။ အဆိုပါကြင္းဟာ မႏွစ္ကရာသီ လီဗာပူးအသင္း ခ်န္ပီယံလိဂ္ဖလား ကိုင္ေျမာက္ခြင့္ ရခဲ့တဲ့ ကြင္းလည္း ျဖစ္ပါတယ္။