လီဗာပူးဟာ အဝေးကွင်းပွဲအဖြစ် နော်ဝစ်ထံ သွားကစားရာမှာ မာနေးရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရပြီး အမှတ်ပေးဇယားကို ၂၅ မှတ်ထိ ဖြတ်နိုင်ခဲ့ပါတယ်။
နော်ဝစ်မန်နေဂျာ ဖာကီက လီဗာပူးရတဲ့ သွင်းဂိုးမတိုင်ခင် ဒိုင်လူကြီးက ပြစ်ဒဏ်မပေးတဲ့အပေါ် သဘောမတွေ့ပေမယ့် သူ့အသင်းက ကမ္ဘာအကောင်းဆုံး အသင်းတစ်သင်းကို ရင်ဆိုင်ခဲ့ရပြီး မာနေးရဲ့ ထူးချွန်တဲ့ လှုပ်ရှားမှုကောင်းက သူတို့ကို အရေးနိမ့်စေခဲ့တယ်လို့ ဝန်ခံခဲ့တယ်။
ဖာကီက ” မာနေးကို ဒိုင်လူကြီးတွေက ပြစ်ဒဏ်မပေးခဲ့ဘူး။ အဲ့တာက ပြန်ပြောင်းလို့လည်း မရတော့ပါဘူး။ နောက်ပြီး ဘောလုံးထိန်းမှုကောင်းပြီး လှည့်ထွက်ပုံကောင်းတာကလည်း မာနေးရဲ့ အရည်အချင်းပါပဲ။ မာနေးထံက လှုပ်ရှားမှုကောင်းဖြစ်သလို ဒိုင်က ပြစ်ဒဏ်မပေးမှတော့ မတတ်နိုင်တော့ဘူး။ VAR က ကျနေ်ာတို့ဘက်မှာ မရှိခဲ့ပါဘူး။
မာနေးရဲ့ အကောင်းဆုံး အခိုက်အတန်လေးက လီဗာပူးကို နိုင်စေခဲ့တာပါ။ ကျနေ်ာတို့က ကမ္ဘာအကောင်းုံး အသင်းတစ်သင်းနဲ့ ကစားခဲ့ရတာပါ။ သူတို့ ဂိုးမသွင်းနိုင်အောင် ကျနေ်ာတို့ ကြိုးစားနိုင်ခဲ့ပြီး ရလဒ်ကောင်းရဖို့ နီးစပ်ခဲ့ပေမယ့် အရံှူးနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ” လို့ တုန့်ပြန်ခဲ့ပါတယ်။
မာနေးကတော့ ” နော်ဝစ်နဲ့ ကစားရတာက မလွယ်ပါဘူး။ ဘောလုံးသမားတွေဆိုတာက အချိန်တိုင်း ကစားလိုတာပါ။ ကျနော်က ကုသမှုတွေ ခံခဲ့ရတယ်၊ ကြိုးစားတယ် နောက် ပြန်သက်သာလာတယ်။ တစ်ချိန်တည်းမှာပဲ အသင်းဖော်တွေ အကောင်းဆုံး လုပ်နေတာကို မြင်ခဲ့ရပါတယ်။ ” လို့ ဖြေခဲ့တယ်။
နော်ဝစ်အသင်းသားကို ကစားကွက်တည်ဆောက်မှုမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုတဲ့ အပေါ်မှာကောလို့ သတင်းသမားက မေးခွန်းထုတ်ခဲ့ပြီး မာနေးကပဲ ” ကျနော်တော့ အဲ့လို မထင်ပါဘူး။ ဘောလုံးမှာ နည်းနည်းပါးပါး တွန်းတိုက်မှုတွေရှိတာက ပုံမှန်ပါပဲ။
ရာသီစကတည်းက ပရီးမီးယားလိဂ်ဖလား အနိုင်ရဖို့ ရည်မှန်းချက်ထားခဲ့ပြီး ကျနေ်ာတို့ အကောင်းဆုံး လုပ်နိုင်နေပါတယ်။ အသင်းကို တူညီတဲ့ နည်းလမ်းတွေနဲ့အတူ အရာအားလုံး လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ZAWGYI