လီဗာပူးအသင်း ဂန္တဝင်ကြီး စတီဗင်ဂျရတ်က မန်စီးတီးအပေါ် ယူအီးအက်ဖ်အေရဲ့ အရေးယူမှု နောက်ဆက်တွဲအဖြစ် ဥရောပဝင်ခွင့် ပိတ်ခံရမှုနဲ့ မန်စီးတီးဘက်က အယူခံဝင်မှုတွေကို စောင့်ကြည့်နေတယ်လို့ ဝန်ခံလိုက်ပါတယ်။

မန်စီးတီးရဲ့ ပြစ်မှုကို ယူအီးအက်ဖ်အေကတောင် အရေးယူတာဖြစ်လို့ မကြာခင်မှာ ပရီးမီးယားလိဂ်ကလည်း အရေးယူမှု ထွက်ပေါ်လာနိုင်ပါတယ်။ ဖြစ်နိုင်ဖွယ် အရေးယူမှုကတော့ ၂၀၁၄ ခုနှစ်က အမှတ်ပေးဖလားကို ပြန်ရုတ်သိမ်းတာ ဖြစ်ဖို့ များတယ်လို့ သတင်းကျယ်ပြန့်နေတာပါ။

၂၀၁၄ ခုနှစ်မှာ အမှတ်ပေးဖလားကို ရမှတ် ၂ မှတ်အကွာကနေ လက်လွတ်ခဲ့ရတဲ့ လီဗာပူးအသင်းကို အဓိက ဦးဆောင်ခဲ့သူ စတီဗင်ဂျရတ်ကတော့ သူက အခြားသော အခြေအနေထက် ဒီပြစ်ဒဏ်ကို မန်စီးတီး ဘယ်လို ရုန်းထွက်မလဲ ရုန်းထွက်လို့ ရနိုင်မလား ကိစ္စတွေအပြင် ပရီးမီးယားလိဂ်က ဘယ်လို အရေးယူမလဲဆိုတာကို အခြားသူတွေလိုပဲ စောင့်ကြည့်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။

ဂျရတ်က ‘ အဲ့သတင်းကို ကျနော် ဖတ်ရပါတယ်။ ကျနော်လည်း ဘာတွေဖြစ်မလဲ စောင့်ကြည့်နေပါတယ်။ ယူအီးအက်ဖ်အေဘက်က အမြင်မှာတော့ ပြင်းထန်တဲ့ အပြစ်ပေးမှုကို ပြုလုပ်ဖို့ဖြစ်တယ်။ မန်စီးတီးဘက်က အယူခံဝင်မှာဖြစ်ပြီး ဒီကိစ္စ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်နေပါတယ်။ ပြီးရင်တော့ ပရီးမီးယားလိဂ်က ဘယ်လို အရေးယူမလဲဆိုတာကိုပေါ့။

ပရီးမီးယားလိဂ်က ဆုံးဖြတ်ချက်ချတဲ့အခါမှ ကျနော် အဖြေထပ်ပေးပါမယ်။ ဒါပေမယ့် ယူအီးအက်ဖ်အေက ပြင်းထန်တဲ့ အပြစ်ပေးမှု လုပ်ပြီဆိုကတည်းက တစ်ခုခုက ကြီးကြီးမားမားကို မှားယွင်းနေပါပြီ။ ဒီတော့ ဘယ်လို အဖြေထွက်လာမလဲဆိုတာကို ကျနော် တကယ်ကို စိတ်ဝင်စားတာပါ။ ပရီးမီးယားလိဂ်က အပြစ်ပေးတာတွေ မလုပ်ခင်ထိတော့ ကျနော် မှတ်ချက် မပေးပါဘူး။ အခြားသော အကြောင်းရင်းတွေကြောင့်ပဲ ဒီကိစ္စကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ကျနော် ဆင်ခြေတွေလည်း မပေးချင်တော့ဘူး။ မန်စီးတီးက ချန်ပီယံပါ။ ကျနော်ကတော့ ဒီနေရာမှာ ထိုင်နေပြီး သူတို့က ချန်ပီယံတွေပါလို့ ပြောလို့ရပါတယ်။ ကိစ္စတွေ ဆက်လက် တိုးတက်လာမယ်ဆိုရင်၊ သူတို့ တိုးတက်မှုကို ရှာဖွေသွားနိုင်မယ်ဆိုရင်လည်း ငြင်းဆန်စရာမရှိဘူး။ ကျနော်ကတော့ ဘာမှ ပြောစရာမရှိပါဘူး။

ကျနော် ဒီကိစ္စကို စိတ်ဝင်စားနေရတာက ယူအီးအက်ဖ်အေက ပြင်းထန်တဲ့ အရေးယူမှုတွေကို လုပ်နေလို့ ဖြစ်ပါတယ်။ ဒါက မန်စီးတီးတို့ လုပ်ရပ်က ကြီးကြီးမားမားကို မှားယွင်းတယ်လို့ ပြောနေတာပါ။ ဒီကိစ္စနဲ့ပက်သက်ပြီး ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကိုတော့ ကျနေ်ာတို့တွေ ကြည့်ရပါမယ်။ ’ လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္း ဂႏၱဝင္ၾကီး စတီဗင္ဂ်ရတ္က မန္စီးတီးအေပၚ ယူအီးအက္ဖ္ေအရဲ႕ အေရးယူမႈ ေနာက္ဆက္တြဲအျဖစ္ ဥေရာပဝင္ခြင့္ ပိတ္ခံရမႈနဲ႔ မန္စီးတီးဘက္က အယူခံဝင္မႈေတြကို ေစာင့္ၾကည့္ေနတယ္လို႔ ဝန္ခံလိုက္ပါတယ္။

မန္စီးတီးရဲ႕ ျပစ္မႈကို ယူအီးအက္ဖ္ေအကေတာင္ အေရးယူတာျဖစ္လို႔ မၾကာခင္မွာ ပရီးမီးယားလိဂ္ကလည္း အေရးယူမႈ ထြက္ေပၚလာႏုိင္ပါတယ္။ ျဖစ္ႏုိင္ဖြယ္ အေရးယူမႈကေတာ့ ၂၀၁၄ ခုႏွစ္က အမွတ္ေပးဖလားကို ျပန္ရုတ္သိမ္းတာ ျဖစ္ဖို႔ မ်ားတယ္လို႔ သတင္းက်ယ္ျပန္႔ေနတာပါ။

၂၀၁၄ ခုႏွစ္မွာ အမွတ္ေပးဖလားကို ရမွတ္ ၂ မွတ္အကြာကေန လက္လြတ္ခဲ့ရတဲ့ လီဗာပူးအသင္းကို အဓိက ဦးေဆာင္ခဲ့သူ စတီဗင္ဂ်ရတ္ကေတာ့ သူက အျခားေသာ အေျခအေနထက္ ဒီျပစ္ဒဏ္ကို မန္စီးတီး ဘယ္လို ရုန္းထြက္မလဲ ရုန္းထြက္လို႔ ရႏုိင္မလား ကိစၥေတြအျပင္ ပရီးမီးယားလိဂ္က ဘယ္လို အေရးယူမလဲဆိုတာကို အျခားသူေတြလိုပဲ ေစာင့္ၾကည့္ေနတယ္လုိ႔ ေျပာဆိုလုိက္ပါတယ္။

ဂ်ရတ္က ‘ အဲ့သတင္းကို က်ေနာ္ ဖတ္ရပါတယ္။ က်ေနာ္လည္း ဘာေတြျဖစ္မလဲ ေစာင့္ၾကည့္ေနပါတယ္။ ယူအီးအက္ဖ္ေအဘက္က အျမင္မွာေတာ့ ျပင္းထန္တဲ့ အျပစ္ေပးမႈကို ျပဳလုပ္ဖို႔ျဖစ္တယ္။ မန္စီးတီးဘက္က အယူခံဝင္မွာျဖစ္ျပီး ဒီကိစၥ ဘာေတြဆက္ျဖစ္လာမလဲဆိုတာကို ေစာင့္ၾကည့္ေနပါတယ္။ ျပီးရင္ေတာ့ ပရီးမီးယားလိဂ္က ဘယ္လို အေရးယူမလဲဆိုတာကိုေပါ့။

ပရီးမီးယားလိဂ္က ဆံုးျဖတ္ခ်က္ခ်တဲ့အခါမွ က်ေနာ္ အေျဖထပ္ေပးပါမယ္။ ဒါေပမယ့္ ယူအီးအက္ဖ္ေအက ျပင္းထန္တဲ့ အျပစ္ေပးမႈ လုပ္ျပီဆိုကတည္းက တစ္ခုခုက ၾကီးၾကီးမားမားကို မွားယြင္းေနပါျပီ။ ဒီေတာ့ ဘယ္လို အေျဖထြက္လာမလဲဆိုတာကို က်ေနာ္ တကယ္ကို စိတ္ဝင္စားတာပါ။ ပရီးမီးယားလိဂ္က အျပစ္ေပးတာေတြ မလုပ္ခင္ထိေတာ့ က်ေနာ္ မွတ္ခ်က္ မေပးပါဘူး။ အျခားေသာ အေၾကာင္းရင္းေတြေၾကာင့္ပဲ ဒီကိစၥကို စိတ္ဝင္စားေနတာျဖစ္ပါတယ္။

က်ေနာ္ ဆင္ေျခေတြလည္း မေပးခ်င္ေတာ့ဘူး။ မန္စီးတီးက ခ်န္ပီယံပါ။ က်ေနာ္ကေတာ့ ဒီေနရာမွာ ထိုင္ေနျပီး သူတို႔က ခ်န္ပီယံေတြပါလို႔ ေျပာလို႔ရပါတယ္။ ကိစၥေတြ ဆက္လက္ တိုးတက္လာမယ္ဆိုရင္၊ သူတို႔ တိုးတက္မႈကို ရွာေဖြသြားႏုိင္မယ္ဆိုရင္လည္း ျငင္းဆန္စရာမရွိဘူး။ က်ေနာ္ကေတာ့ ဘာမွ ေျပာစရာမရွိပါဘူး။

က်ေနာ္ ဒီကိစၥကို စိတ္ဝင္စားေနရတာက ယူအီးအက္ဖ္ေအက ျပင္းထန္တဲ့ အေရးယူမႈေတြကို လုပ္ေနလို႔ ျဖစ္ပါတယ္။ ဒါက မန္စီးတီးတို႔ လုပ္ရပ္က ၾကီးၾကီးမားမားကို မွားယြင္းတယ္လို႔ ေျပာေနတာပါ။ ဒီကိစၥနဲ႔ပက္သက္ျပီး ဘယ္လိုေတြ ဆက္ျဖစ္လာမလဲဆိုတာကိုေတာ့ က်ေန္ာတို႔ေတြ ၾကည့္ရပါမယ္။ ’ လို႔ ဆိုခဲ့တာျဖစ္ပါတယ္။