လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ချန်ပီယံလိဂ်ပြိုင်ဘက် အက်သလက်တီကိုက ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲမှာ ၁ ပွဲပဲ အနိုင်ရထားပေမယ့်လည်း ဆီမြွန်နီရှိနေတာကြောင့် စိုးရိမ်မိနေဆဲလို့ ဝန်ခံလိုက်ပါတယ်။

တီကိုဟာ ဒီနောက်ပိုင်း ကာလတွေမှာ တိုက်စစ်ပိုင်း ပြဿနာတွေ ရင်ဆိုင်နေရပြီး သွင်းဂိုးတွေ ပျောက်ဆုံးနေတာပါ။ ဒါပေမယ့်လို့ လီဗာပူးပွဲကြိုမှာ သူတို့ရဲ့ တိုက်စစ်သမားတွေ ပြန်သက်သာလာနေပြီး မန်နေဂျာဆီမြွန်နီဟာ ရလဒ်အတွက် ဘယ်လို ကစားရမလဲဆိုတာ အကောင်းဆုံး သိသူပါလို့ ကလော့ပ်က ပြောပါတယ်။

ကလော့ပ်က ပြောရာမှာ ” လာလီဂါမှာ အက်သလက်တီကိုရဲ့ ဂိုးကွာခြားမှုကို ကြည့်မယ်ဆိုရင် သူတို့က သွင်းဂိုး ၂၅ ဂိုးပဲ ရထားပေမယ့် ပေးဂိုးကလည်း ၁၇ ဂိုးပဲရှိပါတယ်။ ဒီအပတ်တွေမှာ တိုက်စစ်သမားတွေ အများအပြား ဒဏ်ရာရနေတာပါ။ ဒါပေမယ့် သောကြာနေ့ကပွဲမှာ မိုရာနာ အရန်ခုံမှာ ရှိနေပြီး ကော်စတာ လေ့ကျင့်ရေးဆင်းနေကာ ဖီလစ်ကလည်း ပါဝင်လို့ ရနေပြီးလို့ ကြားပါတယ်။

အသင်းတစ်သင်းက ရလဒ်အတွက် ကစားနိုင်တယ်ဆိုရင် အဲ့တာ အက်သလက်တီကိုပါပဲ။ ဆီမြွန်နီကို ကျနော် အများကြီး လေးစားပါတယ်။ သူက အစွမ်းကုန် ကြိုးစားသူပါ။ ကျနေ်ာတို့ကြားမှာ တူညီတဲ့ ဇာတ်လမ်းတွေ ရှိပါတယ်။ အများကြီး ကြိုးစားခဲ့ပေမယ့် အနိုင်မရတာခြင်း တူညီတယ် ဒါပေမယ့် ကျနေ်ာတို့ ဆက်လက်ပြီး ကြိုးစားဆဲပါပဲ။

ကြိုးစားတာတွေကို သဘောကျပါတယ်။ သူက ပြိုင်ဆိုင်လိုစိတ်ရှိတယ်။ ကျနေ်ာတို့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးလည်းရှိပြီး နည်းပြလိုင်းမှာ ဖြစ်ခဲ့တာတွေကို သူမေ့သွားပြီလို့ ထင်ပါတယ်။ သူက တကယ်ကို တက်ကြွသူဖြစ်ပါတယ် ” လို့ဖြစ်တယ်။

မကြာသေးခင်ကပဲ ကလော့ပ်နဲ့ ဆာရီတို့ တစ်ဦးကိုတစ်ဦး အပြန်အလှန် ချီးကျူးထားသေးတာကြောင့် စီးရီးအေမှာ ဘယ်အသင်းကို ချန်ပီယံ ဖြစ်စေလိုသလဲလို့ မေးခွန်းထုတ်ခံခဲ့ရတယ်။ ကလေ့ာ့ပ်ကတော့ လာဇီယိုဖြစ်ကြောင်းကို အကြောင်းပြချက်နဲ့ ပြန်ဖြေပါတယ်။

” ကျနော် လာဇီယိုကို အမှတ်ပေးဖလား အနိုင်ရစေချင်ပါတယ်။ အဲ့မှာ ကျနေ်ာတို့ရဲ့ လီဗာပူးကစားသမားဟောင်းကလည်း ဆုဖလားအတွက် ပြိုင်ဆိုင်နေတာပါ။ လူးကပ်လေဗာဖြစ်ပါတယ်။ ဆာရီနဲ့ ကွန်တီအတွက်တော့ စိတ်မကောင်းပါဘူး။ ဒါပေမယ့် လာဇီယိုက အရမ်းကို အံ့အားသင့်ဖို့ ကောင်းပါတယ်။ သိပ်ကောင်းတဲ့ ဘောလုံးရာသီကိုလည်း သူတို့ ပိုင်ဆိုင်ထားပါတယ် ” လို့ ကလော့ပ်က ဆိုခဲ့တာဖစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ခ်န္ပီယံလိဂ္ျပိဳင္ဘက္ အက္သလက္တီကိုက ျပိဳင္ပြဲစံု ေနာက္ဆံုး ၇ ပြဲမွာ ၁ ပြဲပဲ အႏုိင္ရထားေပမယ့္လည္း ဆီျမြန္နီရွိေနတာေၾကာင့္ စိုးရိမ္မိေနဆဲလို႔ ဝန္ခံလိုက္ပါတယ္။

တီကိုဟာ ဒီေနာက္ပိုင္း ကာလေတြမွာ တိုက္စစ္ပိုင္း ျပႆနာေတြ ရင္ဆိုင္ေနရျပီး သြင္းဂိုးေတြ ေပ်ာက္ဆံုးေနတာပါ။ ဒါေပမယ့္လို႔ လီဗာပူးပြဲၾကိဳမွာ သူတို႔ရဲ႕ တိုက္စစ္သမားေတြ ျပန္သက္သာလာေနျပီး မန္ေနဂ်ာဆီျမြန္နီဟာ ရလဒ္အတြက္ ဘယ္လို ကစားရမလဲဆိုတာ အေကာင္းဆံုး သိသူပါလို႔ ကေလာ့ပ္က ေျပာပါတယ္။

ကေလာ့ပ္က ေျပာရာမွာ ” လာလီဂါမွာ အက္သလက္တီကိုရဲ႕ ဂိုးကြာျခားမႈကို ၾကည့္မယ္ဆိုရင္ သူတို႔က သြင္းဂိုး ၂၅ ဂိုးပဲ ရထားေပမယ့္ ေပးဂိုးကလည္း ၁၇ ဂိုးပဲရွိပါတယ္။ ဒီအပတ္ေတြမွာ တိုက္စစ္သမားေတြ အမ်ားအျပား ဒဏ္ရာရေနတာပါ။ ဒါေပမယ့္ ေသာၾကာေန႔ကပြဲမွာ မိုရာနာ အရန္ခံုမွာ ရွိေနျပီး ေကာ္စတာ ေလ့က်င့္ေရးဆင္းေနကာ ဖီလစ္ကလည္း ပါဝင္လို႔ ရေနျပီးလို႔ ၾကားပါတယ္။

အသင္းတစ္သင္းက ရလဒ္အတြက္ ကစားႏုိင္တယ္ဆိုရင္ အဲ့တာ အက္သလက္တီကိုပါပဲ။ ဆီျမြန္နီကို က်ေနာ္ အမ်ားၾကီး ေလးစားပါတယ္။ သူက အစြမ္းကုန္ ၾကိဳးစားသူပါ။ က်ေန္ာတို႔ၾကားမွာ တူညီတဲ့ ဇာတ္လမ္းေတြ ရွိပါတယ္။ အမ်ားၾကီး ၾကိဳးစားခဲ့ေပမယ့္ အႏုိင္မရတာျခင္း တူညီတယ္ ဒါေပမယ့္ က်ေန္ာတို႔ ဆက္လက္ျပီး ၾကိဳးစားဆဲပါပဲ။

ၾကိဳးစားတာေတြကို သေဘာက်ပါတယ္။ သူက ျပိဳင္ဆိုင္လိုစိတ္ရွိတယ္။ က်ေန္ာတို႔ၾကားမွာ ေကာင္းမြန္တဲ့ ဆက္ဆံေရးလည္းရွိျပီး နည္းျပလိုင္းမွာ ျဖစ္ခဲ့တာေတြကို သူေမ့သြားျပီလို႔ ထင္ပါတယ္။ သူက တကယ္ကို တက္ၾကြသူျဖစ္ပါတယ္ ” လို႔ျဖစ္တယ္။

မၾကာေသးခင္ကပဲ ကေလာ့ပ္နဲ႔ ဆာရီတို႔ တစ္ဦးကိုတစ္ဦး အျပန္အလွန္ ခ်ီးက်ဴးထားေသးတာေၾကာင့္ စီးရီးေအမွာ ဘယ္အသင္းကို ခ်န္ပီယံ ျဖစ္ေစလိုသလဲလို႔ ေမးခြန္းထုတ္ခံခဲ့ရတယ္။ ကေလ့ာ့ပ္ကေတာ့ လာဇီယိုျဖစ္ေၾကာင္းကို အေၾကာင္းျပခ်က္နဲ႔ ျပန္ေျဖပါတယ္။

” က်ေနာ္ လာဇီယိုကို အမွတ္ေပးဖလား အႏုိင္ရေစခ်င္ပါတယ္။ အဲ့မွာ က်ေန္ာတို႔ရဲ႕ လီဗာပူးကစားသမားေဟာင္းကလည္း ဆုဖလားအတြက္ ျပိဳင္ဆိုင္ေနတာပါ။ လူးကပ္ေလဗာျဖစ္ပါတယ္။ ဆာရီနဲ႔ ကြန္တီအတြက္ေတာ့ စိတ္မေကာင္းပါဘူး။ ဒါေပမယ့္ လာဇီယိုက အရမ္းကို အံ့အားသင့္ဖို႔ ေကာင္းပါတယ္။ သိပ္ေကာင္းတဲ့ ေဘာလံုးရာသီကိုလည္း သူတို႔ ပိုင္ဆိုင္ထားပါတယ္ ” လို႔ ကေလာ့ပ္က ဆိုခဲ့တာဖစ္ပါတယ္။