အီဂျစ်လက်ရွေးစင်မန်နေဂျာ Shawky Gharib က နွေမှာ ပါဝင်ယှဉ်ပြိုင်မယ့် ဂျပန် တိုကျိုအိုလံပစ်မှာ ဆာလက်ကို ယူ-၂၃ အသင်းအတွက် ရွေးချယ်ထားပါကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။

အကယ်လို့ အဆိပါ ပြိုင်ပွဲကို ဆာလက် ပါဝင်ဖို့ သဘောတူညီခဲ့မယ်ဆိုရင် ဂျူလိုင်လ ၂၂ ရက်ကနေ သြဂုတ်လ ၈ ရက်နေ့ကြားမှာ အာရှကို လာရောက် ယှဉ်ပြိုင်ရမှာဖြစ်တယ်။ ဒါဆိုရင်တော့ လီဗာပူးရဲ့ ရာသီကြို ပြင်ဆင်မှုကို ပါဝင်သွားမှာ မဟုတ်တော့တဲ့အပြင် အစောပိုင်း ပွဲအနည်းငယ်ကိုပါ လွဲချော်သွားနိုင်တာ ဖြစ်ပါတယ်။

မနှစ်ကလည်း အာဖရိကဖလားကြောင့် ဆာလက်၊ မာနေးတို့ကို လက်လွတ်ခဲ့ရသေးကာ ရာသီကြို ပြင်ဆင်မှုတွေမှာ ပူးပေါင်းဖို့ နောက်ကျခဲ့ကြသေးတာပါ။ ဆာလက်က ရာသီအစမှာတင် ပါနိုင်ခဲ့ပေမယ့် မာနေးကတော့ အဖွင့်ပွဲကို လွဲချော်ခဲ့တာဖြစ်တယ်။ နွေမှာလည်း ဆာလက်ကို ထပ်မံလက်လွတ်ရမယ်ဆိုတာကို ကလော့ပ်ကတော့ ပျော်နိုင်မှာ မဟုတ်ပါဘူး။

ဒါပေမယ့်လို့ ဒီကိစ္စအတွက် ရက်ပိုင်းမှာပဲ ဖီဖာရဲ့ စည်းမျဉ်းအကြောင်း ပေါ်ထွက်လာခဲ့ပြီ ဆာလက်ကို လက်လွတ်ပေးမလား မပေးဘူးလားဆိုတာကို ဆုံးဖြတ်ပိုင်ခွင့်က ကလပ်အသင်းလက်ထဲမှာပဲ ရှိတယ်လို့ သိရပါတယ်။

ဖီဖာ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ” အမျိုုသား အိုလံပစ် ဘောလုံးပြိုင်ပွဲနဲ့ ဖီဖာရဲ့ သက်တမ်းအလိုက် ပြိုင်ပွဲတွေက အမျိုးသား နိုင်ငံတကာပွဲစဉ်တွေရဲ့ ၂၀၁၈ ကနေ ၂၀၂၄ ဘောလုံး ပြက္ခဒိန်မှာ ထည့်သွင်းထားခြင်း မရှိပါဘူး။ ဒါကြောင့် ကလပ်အသင်းတွေက အဲဒီ ပြိုင်ပွဲတွေ အတွက် ကစားသမားတွေကို မဖြစ် မနေ စေလွှတ်ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက် မရှိဘူး” လို့ ဆိုပါတယ်။

ဆိုလိုတာက ဆာလက်ဟာ ကလပ်အသင်းနဲ့ ညိနှိုင်းမှုလုပ်ပြီး အိုလံပစ်အသင်းကို သွားရောက် မပူးပေါင်းပဲ နေပိုင်ခွင့် ရှိမှာဖြစ်တယ်။ ဆာလက်ဟာ အိုလံပစ်ကိုသွားမယ်ဆိုရင် ရာသီကြိုပြင်ဆင်မှုနဲ့ အစောပိုင်း ပွဲအနည်းငယ်ကို လွဲမှာဖြစ်သလို ဒီဇင်ဘာ နောက်ပိုင်းမှာလည်း လက်ရွေးစင်အသင်းအတွက် အာဖရိကဖလားပြိုင်ပွဲတွေမှာ ပါဝင်ပေးရဖို့လည်း ရှိနေတာဖြစ်ပါတယ်။

ZAWGYI

အီဂ်စ္လက္ေရြးစင္မန္ေနဂ်ာ Shawky Gharib က ေႏြမွာ ပါဝင္ယွဥ္ျပိဳင္မယ့္ ဂ်ပန္ တိုက်ိဳအိုလံပစ္မွာ ဆာလက္ကို ယူ-၂၃ အသင္းအတြက္ ေရြးခ်ယ္ထားပါေၾကာင္း ထုတ္ေဖာ္ ေျပာဆိုထားပါတယ္။

အကယ္လို႔ အဆိပါ ျပိဳင္ပြဲကို ဆာလက္ ပါဝင္ဖို႔ သေဘာတူညီခဲ့မယ္ဆိုရင္ ဂ်ဴလိုင္လ ၂၂ ရက္ကေန ၾသဂုတ္လ ၈ ရက္ေန႔ၾကားမွာ အာရွကို လာေရာက္ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။ ဒါဆိုရင္ေတာ့ လီဗာပူးရဲ႕ ရာသီၾကိဳ ျပင္ဆင္မႈကို ပါဝင္သြားမွာ မဟုတ္ေတာ့တဲ့အျပင္ အေစာပိုင္း ပြဲအနည္းငယ္ကိုပါ လြဲေခ်ာ္သြားႏုိင္တာ ျဖစ္ပါတယ္။

မႏွစ္ကလည္း အာဖရိကဖလားေၾကာင့္ ဆာလက္၊ မာေနးတို႔ကို လက္လြတ္ခဲ့ရေသးကာ ရာသီၾကိဳ ျပင္ဆင္မႈေတြမွာ ပူးေပါင္းဖို႔ ေနာက္က်ခဲ့ၾကေသးတာပါ။ ဆာလက္က ရာသီအစမွာတင္ ပါႏုိင္ခဲ့ေပမယ့္ မာေနးကေတာ့ အဖြင့္ပြဲကို လြဲေခ်ာ္ခဲ့တာျဖစ္တယ္။ ေႏြမွာလည္း ဆာလက္ကို ထပ္မံလက္လြတ္ရမယ္ဆိုတာကို ကေလာ့ပ္ကေတာ့ ေပ်ာ္ႏုိင္မွာ မဟုတ္ပါဘူး။

ဒါေပမယ့္လို႔ ဒီကိစၥအတြက္ ရက္ပိုင္းမွာပဲ ဖီဖာရဲ႕ စည္းမ်ဥ္းအေၾကာင္း ေပၚထြက္လာခဲ့ျပီ ဆာလက္ကို လက္လြတ္ေပးမလား မေပးဘူးလားဆိုတာကို ဆံုးျဖတ္ပိုင္ခြင့္က ကလပ္အသင္းလက္ထဲမွာပဲ ရွိတယ္လို႔ သိရပါတယ္။

ဖီဖာ ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္က ” အမ်ိဳုသား အိုလံပစ္ ေဘာလံုးျပိဳင္ပြဲနဲ႕ ဖီဖာရဲ႕ သက္တမ္းအလိုက္ ျပိဳင္ပြဲေတြက အမ်ိဳးသား နုိင္ငံတကာပြဲစဥ္ေတြရဲ႕ ၂၀၁၈ ကေန ၂၀၂၄ ေဘာလံုး ျပကၡဒိန္မွာ ထည့္သြင္းထားျခင္း မရွိပါဘူး။ ဒါေၾကာင့္ ကလပ္အသင္းေတြက အဲဒီ ျပိဳင္ပြဲေတြ အတြက္ ကစားသမားေတြကို မျဖစ္ မေန ေစလႊတ္ေပးရမယ္ဆိုတဲ့ သတ္မွတ္ခ်က္ မရွိဘူး” လို႔ ဆိုပါတယ္။

ဆိုလိုတာက ဆာလက္ဟာ ကလပ္အသင္းနဲ႔ ညိႏိႈင္းမႈလုပ္ျပီး အိုလံပစ္အသင္းကို သြားေရာက္ မပူးေပါင္းပဲ ေနပိုင္ခြင့္ ရွိမွာျဖစ္တယ္။ ဆာလက္ဟာ အိုလံပစ္ကိုသြားမယ္ဆိုရင္ ရာသီၾကိဳျပင္ဆင္မႈနဲ႔ အေစာပိုင္း ပြဲအနည္းငယ္ကို လြဲမွာျဖစ္သလို ဒီဇင္ဘာ ေနာက္ပိုင္းမွာလည္း လက္ေရြးစင္အသင္းအတြက္ အာဖရိကဖလားျပိဳင္ပြဲေတြမွာ ပါဝင္ေပးရဖို႔လည္း ရွိေနတာျဖစ္ပါတယ္။