တနင်္လာနေ့အတွက် ကလပ်အသင်းတွေရဲ့ ထူးခြားဆိုင်ရာ သတင်းတွေကို ပုံမှန်တင်ဆက်နေတဲ့ The Athletic သတင်းထောက် Ornstein ကတော့ ဒီအပတ်အတွက် သတင်းထူးထဲမှာ လီဗာပူးနဲ့ သက်ဆိုင်တဲ့ တစ်သင်းတစ်ခု ပါဝင်ခဲ့ပါတယ်။

လီဗာပူးဟာ ဥရောပချန်ပီယံကာကွယ်ဖို့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အစရှိတဲ့ ဦးတည်ချက်တွေအတွက် ကွင်းထဲမှာ ကြိုးစားနေကြသလို ကစားကွင်းနောက်ကွယ်က လှုပ်ရှားမှုအဖြစ် လာမယ့်ရာသီအတွက် ခေါ်ယူမယ့် ကစားသမားကောင်းတွေကို စုစည်းနေတာပါ။ The Athletic က ဖော်ပြရာမှာတော့ လီဗာပူးဟာ နော်ဝစ်ကွင်းလယ်လူ ကတ်ဝဲလ်ကို နွေမှာ ခေါ်ယူနိုင်ဖို့ ကြိုးစားမှုကို အရှိန်မြင့်လာတယ်လို့ သိရတယ်။

ကတ်ဝဲလ်ဟာ သူ့ရဲ့ ကစားသမားဘဝ ပထမဆုံးသော ပရီးမီးယားလိဂ်ပွဲကိုတော့ သြဂုတ်လက အန်ဖီးမှာ ပွဲထွက်ခြင်းနဲ့ စတင်ခဲ့တာပါ။ အန်ဖီးကွင်းနဲ့ ရေစက်ရှိတဲ့ အသက် ၂၁ နှစ်အရွယ် တိုက်စစ်အားသန်လေးဟာ ဒီရာသီရဲ့ အလားအလာအရှိဆုံး ကစားသမားတွေထဲမှာ တစ်ဦးအဖြစ် ထွန်းတောက်လာသူဖြစ်တယ်။

မန်စီးတီး၊ စပါးနဲ့ ယူနိုက်တက်တို့ကလည်း စိတ်ဝင်စားထားခဲ့တဲ့ သူ့ကိုတော့ ဇန်နဝါရီ အပြောင်းအရွှေ့ အကုန်မှာ လီဗာပူးဘက်က ခြေလှမ်းသစ်တွေနဲ့ စတင်ကြိုးစားလာတာဖြစ်တယ်။ ဒါဟာ လာမယ့်ရာသီ လီဗာပူးတိုက်စစ်ပိုင်းအတွက် အလားအလာရှိ ကစားသမားတွေကို ခေါ်ယူဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။

စနေနေ့တုန်းက နော်ဝစ်နဲ့ပွဲမှာ ယာဂင်ကလော့ပ်နဲ့ နည်းပြအဖွဲ့ဝင်တွေဟာ ကတ်ဝဲလ်ရဲ့ ခြေစွမ်းကိုပါ စောင့်ကြည့်ခဲ့ကြပြီး အထင်ကြီးခဲ့ကြတယ်လို့ သိရတယ်။ နော်ဝစ်အသင်း ရာသီကုန်မှာ တန်းဆင်းသည်ဖြစ်စေ ကျန်ရစ်သည်ဖြစ်စေ ကတ်ဝဲလ်ကိုတော့ လက်လွတ်ရဖို့ များနေပါတယ်။

ဒီရာသီမှာ နော်ဝစ်အတွက် ၂၇ ပွဲထိ ပါဝင်ကစားထားတဲ့ အင်္ဂလန် ယူ-၂၁ ကစားသမားဟာ ကိုယ်တိုင် ၆ ဂိုး သွင်းယူပြီး ဂိုးထောက်ပံံ့မှု ၂ ကြိမ် ပြုလုပ်နိုင်ကာ သူ့အတွက် နော်ဝစ်ဘက်က ပေါင် ၃၀ သန်း ဝန်းကျင် စေးျတောင်းမယ်လို့ The Athletic က ဖော်ပြခဲ့တာဖြစ်ပါတယ်။

ZAWGYI

တနလၤာေန႔အတြက္ ကလပ္အသင္းေတြရဲ႕ ထူးျခားဆိုင္ရာ သတင္းေတြကို ပံုမွန္တင္ဆက္ေနတဲ့ The Athletic သတင္းေထာက္ Ornstein ကေတာ့ ဒီအပတ္အတြက္ သတင္းထူးထဲမွာ လီဗာပူးနဲ႔ သက္ဆုိင္တဲ့ တစ္သင္းတစ္ခု ပါဝင္ခဲ့ပါတယ္။

လီဗာပူးဟာ ဥေရာပခ်န္ပီယံကာကြယ္ဖို႔ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ အစရွိတဲ့ ဦးတည္ခ်က္ေတြအတြက္ ကြင္းထဲမွာ ၾကိဳးစားေနၾကသလို ကစားကြင္းေနာက္ကြယ္က လႈပ္ရွားမႈအျဖစ္ လာမယ့္ရာသီအတြက္ ေခၚယူမယ့္ ကစားသမားေကာင္းေတြကို စုစည္းေနတာပါ။ The Athletic က ေဖာ္ျပရာမွာေတာ့ လီဗာပူးဟာ ေနာ္ဝစ္ကြင္းလယ္လူ ကတ္ဝဲလ္ကို ေႏြမွာ ေခၚယူႏုိင္ဖုိ႔ ၾကိဳးစားမႈကို အရွိန္ျမင့္လာတယ္လို႔ သိရတယ္။

ကတ္ဝဲလ္ဟာ သူ႔ရဲ႕ ကစားသမားဘဝ ပထမဆံုးေသာ ပရီးမီးယားလိဂ္ပြဲကိုေတာ့ ၾသဂုတ္လက အန္ဖီးမွာ ပြဲထြက္ျခင္းနဲ႔ စတင္ခဲ့တာပါ။ အန္ဖီးကြင္းနဲ႔ ေရစက္ရွိတဲ့ အသက္ ၂၁ ႏွစ္အရြယ္ တိုက္စစ္အားသန္ေလးဟာ ဒီရာသီရဲ႕ အလားအလာအရွိဆံုး ကစားသမားေတြထဲမွာ တစ္ဦးအျဖစ္ ထြန္းေတာက္လာသူျဖစ္တယ္။

မန္စီးတီး၊ စပါးနဲ႔ ယူႏုိက္တက္တို႔ကလည္း စိတ္ဝင္စားထားခဲ့တဲ့ သူ႔ကိုေတာ့ ဇန္နဝါရီ အေျပာင္းအေရႊ႔ အကုန္မွာ လီဗာပူးဘက္က ေျခလွမ္းသစ္ေတြနဲ႔ စတင္ၾကိဳးစားလာတာျဖစ္တယ္။ ဒါဟာ လာမယ့္ရာသီ လီဗာပူးတိုက္စစ္ပိုင္းအတြက္ အလားအလာရွိ ကစားသမားေတြကို ေခၚယူဖို႔ ရည္ရြယ္ျခင္းျဖစ္ပါတယ္။

စေနေန႔တုန္းက ေနာ္ဝစ္နဲ႔ပြဲမွာ ယာဂင္ကေလာ့ပ္နဲ႔ နည္းျပအဖြဲ႔ဝင္ေတြဟာ ကတ္ဝဲလ္ရဲ႔ ေျခစြမ္းကိုပါ ေစာင့္ၾကည့္ခဲ့ၾကျပီး အထင္ၾကီးခဲ့ၾကတယ္လို႔ သိရတယ္။ ေနာ္ဝစ္အသင္း ရာသီကုန္မွာ တန္းဆင္းသည္ျဖစ္ေစ က်န္ရစ္သည္ျဖစ္ေစ ကတ္ဝဲလ္ကိုေတာ့ လက္လြတ္ရဖို႔ မ်ားေနပါတယ္။

ဒီရာသီမွာ ေနာ္ဝစ္အတြက္ ၂၇ ပြဲထိ ပါဝင္ကစားထားတဲ့ အဂၤလန္ ယူ-၂၁ ကစားသမားဟာ ကိုယ္တိုင္ ၆ ဂိုး သြင္းယူျပီး ဂိုးေထာက္ပံံ့မႈ ၂ ၾကိမ္ ျပဳလုပ္ႏုိင္ကာ သူ႔အတြက္ ေနာ္ဝစ္ဘက္က ေပါင္ ၃၀ သန္း ဝန္းက်င္ ေစး်ေတာင္းမယ္လို႔ The Athletic က ေဖာ္ျပခဲ့တာျဖစ္ပါတယ္။