လွန်ခဲ့တဲ့ ၉ လခန့်က ဘာစီလိုနာရဲ့ ဘောလုံးသမိုင်းမှာ အဆိုးရွားဆုံး နာကျင်မှုလို့ ဆိုနိုင်တဲ့ ဖြစ်ရပ်အဖြစ် အန်ဖီးကွင်းမှာ လီဗာပူးကို ဂိုးပြတ် အရေးနိမ့်ခဲ့ခြင်းကို ထိုစဉ် ဘာစီလိုနားမန်နေဂျာဖြစ်သူ ဗယ်ဗာဒီက ထုတ်ဖော်ပြောဆိုမှု လုပ်လာခဲ့ပါတယ်။

အသက် ၅၆ နှစ်အရွယ် မန်နေဂျာဟာ အဆိုပါပွဲ နောက်ပိုင်း ဘာစီလိုနာ ပရိသတ်တွေရဲ့ ဒေါသကို ရင်ဆိုင်ခဲ့ရပြီး ဒီရာသီမှာတော့ ရာထူးကနေတောင် ထုတ်ပယ်ခံခဲ့ရတာဖြစ်တယ်။ ဗယ်ဗာဒီက လီဗာပူးနဲ့ပွဲကို ဂိုးပြတ် အရေးနိမ့်ခဲ့မှုမှာ အဓိကက အိုရီဂီရဲက အဖွင့်ဂိုးကို ခွင့်ပြုလိုက်ရခြင်းနဲ့ ဝိုက်နယ်ဒမ်ရဲ့ မိနစ်ပိုင်းအတွင်း သွင်းဂိုး ၂ ဂိုး ရယူပြခဲ့ခြင်းတွေက အဓိက အကြောင်းရင်းခံတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဗယ်ဗာဒီက ပြောရာမှာ ” လီဗာပူးမှာ သူတို့ရလိုပြီး ငါတို့က ရှောင်ရှားလိုတဲ့ ပွဲအစမှာတင် ပထမဂိုး သွင်းယူနိုင်မှုကို သူတို့တွေ လုပ်နိုင်ခဲ့တယ်။ တစ်ဂိုးပြန်ရရင်ကိုပဲ ငါတို့က အားသာချက်ရသွားမှာပါ။ အဲ့နောက် တစ်မိနစ်အတွင်းကို သူတို့က နှစ်ဂိုး သွင်းယူခဲ့တယ်။ မယုံနိုင်တာတွေ ဖြစ်လာတော့တာပါပဲ။

လီဗာပူးနဲ့ ရင်ဆိုင်ရတဲ့ အဝေးပွဲမှာ ငါတို့ အများကြီး ခံစားခဲ့ရတယ်။ ငါတို့က အိမ်ကွင်းမှာ ၃ ဂိုးတောင် သွင်းယူနိုင်ခဲ့တာပါ။ ချန်ပီယံ့လိဂ်ပြိုင်ပွဲက အနိုင်ရဖို့ အရမ်း ပြိုင်ဆိုင်မှု ပြင်းပါတယ်။ ယူရိုပါလိဂ်၊ ကမ္ဘာဖလား၊ ယူရိုဖလား အဲ့သည် ပြိုင်ပွဲတွေ အားလုံးက အခြေအနေ တစ်ရပ်ကပဲ ပွဲတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်ပါတယ်။

အမှတ်ပေးလိဂ်ဆိုတာက တစ်နှစ်လုံး ကိုယ်လုပ်နိုင်တဲ့အပေါ် မူတည်ပြီး ဆုံးဖြတ်ပေးကြတာပါ။ အခုချိန်မှာ လီဗာပူးအတွက် ပရီးမီးယားလိဂ်က အရမ်းကို အရေးကြီးနေပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့တွေ အချိန်အကြာကြီး အရေးမနိမ့်ထားပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာတော့ ရံှူးထွက်အဆင့်မှာ လီဗာပူးဟာ လာလီဂါကလပ် အက်သလက်တီကိုနဲ့ အတွဲကျပြီး ဘာစီလိုနာက စီးရီးအေကလပ် နာပိုလီနဲ့ တွေ့ဆုံရမှာပါ။ ဒီနှစ်သင်း ရေစက်က ဒီနှစ်မှာလဲ ထပ်မရှိနိုင်ဘူးလို့ ဘယ်သူကများ ပြောနိုင်မှာပါလဲ။

ZAWGYI

လြန္ခဲ့တဲ့ ၉ လခန္႔က ဘာစီလိုနာရဲ႕ ေဘာလံုးသမုိင္းမွာ အဆိုးရြားဆံုး နာက်င္မႈလို႔ ဆိုႏုိင္တဲ့ ျဖစ္ရပ္အျဖစ္ အန္ဖီးကြင္းမွာ လီဗာပူးကို ဂိုးျပတ္ အေရးနိမ့္ခဲ့ျခင္းကို ထိုစဥ္ ဘာစီလိုနားမန္ေနဂ်ာျဖစ္သူ ဗယ္ဗာဒီက ထုတ္ေဖာ္ေျပာဆိုမႈ လုပ္လာခဲ့ပါတယ္။

အသက္ ၅၆ ႏွစ္အရြယ္ မန္ေနဂ်ာဟာ အဆိုပါပြဲ ေနာက္ပိုင္း ဘာစီလိုနာ ပရိသတ္ေတြရဲ႕ ေဒါသကို ရင္ဆိုင္ခဲ့ရျပီး ဒီရာသီမွာေတာ့ ရာထူးကေနေတာင္ ထုတ္ပယ္ခံခဲ့ရတာျဖစ္တယ္။ ဗယ္ဗာဒီက လီဗာပူးနဲ႔ပြဲကို ဂိုးျပတ္ အေရးနိမ့္ခဲ့မႈမွာ အဓိကက အိုရီဂီရဲက အဖြင့္ဂိုးကို ခြင့္ျပဳလိုက္ရျခင္းနဲ႔ ဝိုက္နယ္ဒမ္ရဲ႕ မိနစ္ပိုင္းအတြင္း သြင္းဂိုး ၂ ဂိုး ရယူျပခဲ့ျခင္းေတြက အဓိက အေၾကာင္းရင္းခံေတြ ျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။

ဗယ္ဗာဒီက ေျပာရာမွာ ” လီဗာပူးမွာ သူတို႔ရလိုျပီး ငါတို႔က ေရွာင္ရွားလိုတဲ့ ပြဲအစမွာတင္ ပထမဂိုး သြင္းယူႏုိင္မႈကို သူတို႔ေတြ လုပ္ႏုိင္ခဲ့တယ္။ တစ္ဂိုးျပန္ရရင္ကိုပဲ ငါတို႔က အားသာခ်က္ရသြားမွာပါ။ အဲ့ေနာက္ တစ္မိနစ္အတြင္းကို သူတို႔က ႏွစ္ဂိုး သြင္းယူခဲ့တယ္။ မယံုႏုိင္တာေတြ ျဖစ္လာေတာ့တာပါပဲ။

လီဗာပူးနဲ႔ ရင္ဆုိင္ရတဲ့ အေဝးပြဲမွာ ငါတို႔ အမ်ားၾကီး ခံစားခဲ့ရတယ္။ ငါတို႔က အိမ္ကြင္းမွာ ၃ ဂိုးေတာင္ သြင္းယူႏုိင္ခဲ့တာပါ။ ခ်န္ပီယံ့လိဂ္ျပိဳင္ပြဲက အႏုိင္ရဖို႔ အရမ္း ျပိဳင္ဆုိင္မႈ ျပင္းပါတယ္။ ယူရိုပါလိဂ္၊ ကမၻာဖလား၊ ယူရိုဖလား အဲ့သည္ ျပိဳင္ပြဲေတြ အားလံုးက အေျခအေန တစ္ရပ္ကပဲ ပြဲတစ္ခုလံုးကို ေျပာင္းလဲသြားေစႏုိင္ပါတယ္။

အမွတ္ေပးလိဂ္ဆိုတာက တစ္ႏွစ္လံုး ကိုယ္လုပ္ႏုိင္တဲ့အေပၚ မူတည္ျပီး ဆုံးျဖတ္ေပးၾကတာပါ။ အခုခ်ိန္မွာ လီဗာပူးအတြက္ ပရီးမီးယားလိဂ္က အရမ္းကို အေရးၾကီးေနပါတယ္။ ဘာလို႔လည္းဆိုေတာ့ သူတို႔ေတြ အခ်ိန္အၾကာၾကီး အေရးမနိမ့္ထားပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ဒီရာသီမွာေတာ့ ရံွဴးထြက္အဆင့္မွာ လီဗာပူးဟာ လာလီဂါကလပ္ အက္သလက္တီကိုနဲ႔ အတြဲက်ျပီး ဘာစီလိုနာက စီးရီးေအကလပ္ နာပိုလီနဲ႔ ေတြ႔ဆံုရမွာပါ။ ဒီႏွစ္သင္း ေရစက္က ဒီႏွစ္မွာလဲ ထပ္မရွိႏုိင္ဘူးလို႔ ဘယ္သူကမ်ား ေျပာႏုိင္မွာပါလဲ။