အင်္ဂလန်မီဒီယာဖြစ်တဲ့ ဒေးလီးမေလ်းက ဒေါ့မွန်တောင်ပံသမား ဆန်ချိုကို ချယ်ဆီး၊ ယူနိုက်တက်တို့နဲ့အပြိုင် ဝင်ရောက်ကမ်းလှမ်းဖို့ လီဗာပူးက စိတ်ဝင်စားနေပါကြောင်း သတင်းကြီးတစ်ရပ် ဖော်ပြခဲ့ပြီး နောက်ဆက်တွဲမှာ လီဗာပူးသတင်းထောက်တွေက ပြန်လည် ငြင်းဆန်တဲ့ သတင်းတွေ ထွက်ပေါ်လာတာကို မှတ်မိကြမှာပါ။

လီဗာပူးသတင်းထောက်ဖြစ်ပြီး လီဗာပူးရဲ့ အပြောင်းအရွှေ့ ကိစ္စတွေမှာ စစ်မှန်တဲ့ သတင်းတွေကိုပဲ ဖော်ပြလေ့ရှိတဲ့ ဂျိမ်းပီယာ့စ်က The Athletic သတင်းဌာနကနေ အဆိုပါ သတင်းကို ငြင်းဆန်ခဲ့ပါတယ်။ သူက လီဗာပူးဟာ ဝါနာကိုပဲ ကမ်းလှမ်းမယ်လို့ အခိုင်အမာ ပြောဆိုတယ်။

နောက်ဆက်တွဲ ပြန်ရှင်းမှုမှာ သူ့ရဲ့ ပြောဆိုမှုကို လူတွေက အထင်လွဲနေကြကြောင်းနဲ့ လီဗာပူးက ဝါနာနဲ့ ဆန်ချိုနှစ်ဦးထဲက တစ်ဦးကို နွေမှာ ခေါ်ယူမှာဖြစ်ကာ အဓိက တိုက်စစ်သမားတွေကိုလည်း လုံးဝ ရောင်းထုတ်မှာ မဟုတ်တာက မှန်ကန်တယ်လို့ ဆိုတယ်။ ဒါပေမယ့် ဆန်ချိုကိုမခေါ်ဘူးလို့ ဆုံးဖြတ်ထားခြင်းနဲ့ ဝါနာကို ခေါ်မယ်လို့ သေချာပေါက် ဆုံးဖြတ်ထားခြင်း မဟုတ်ပဲ ပိုမို ကိုက်ညီမယ့် ကစားသမားအဖြစ် ဝါနာကို ဦးစားပေးထားတယ်လို့ ဆိုလိုတာလို့ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။

ဒီသတင်းကို လီဗာပူးသတင်းထောက် မယ်လစ်ဆာ ရတ်ဒီကလည်း ဒီကနေ့မှာပဲ ထပ်မံ ဖော်ပြခဲ့ပြီး နွေမှာ ဆာလက်၊ ဖာမင်နို၊ မာနေးတို့ကို အသင်းမှာပဲ ဆက်ထားကာ တိုက်စစ်သမားတစ်ဦးကို သေချာပေါက် ခေါ်ယူမှာဖြစ်တယ်။ ဝါနာကို ဦးစားပေးထားကြောင်း သတင်းထွက်လာတာက အမ်ဘာပေး၊ ဆန်ချိုတို့ထက်စာရင် ဂျာမနီတိုက်စစ်သမားကို ပေါင် သန်း ၅၀ လောက်နဲ့ ရမှာဖြစ်လို့ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

သတင်းထောက်နှစ်ဦးရဲ့ ဖော်ပြမှုအရ လီဗာပူးဘက်က ဝါနာကို ကမ်းလှမ်းမှုတွေ မလုပ်ရသေးသလို ဘယ်ကစားသမားကို အဓိက ခေါ်ယူမယ်လို့လည်း မရွေးချယ်ရသေးပါဘူး။ လီဗာပူးအားကစားဒါရိုက်တာ အဒ်ဝတ်က ကမ်းလှမ်းမှုကို တာဝန်ယူမှာဖြစ်ကာ ဒီတစ်ကြိမ်ခေါ်ယူမှုက သုံးလစာအတွက် အစားထိုးဖို့ မဟုတ်ပဲ လာမယ့် သုံးနှစ်လောက်အတွက် ရေရှည် စီမံချက်နဲ့ ခေါ်ယူမှာဖြစ်တယ်လို့ ကလော့ပ်က ဝန်ခံသွားပါတယ်။

ZAWGYI

အဂၤလန္မီဒီယာျဖစ္တဲ့ ေဒးလီးေမလ္းက ေဒါ့မြန္ေတာင္ပံသမား ဆန္ခ်ိဳကို ခ်ယ္ဆီး၊ ယူႏုိက္တက္တို႔နဲ႔အျပိဳင္ ဝင္ေရာက္ကမ္းလွမ္းဖို႔ လီဗာပူးက စိတ္ဝင္စားေနပါေၾကာင္း သတင္းၾကီးတစ္ရပ္ ေဖာ္ျပခဲ့ျပီး ေနာက္ဆက္တြဲမွာ လီဗာပူးသတင္းေထာက္ေတြက ျပန္လည္ ျငင္းဆန္တဲ့ သတင္းေတြ ထြက္ေပပၚလာတာကို မွတ္မိၾကမွာပါ။

လီဗာပူးသတင္းေထာက္ျဖစ္ျပီး လီဗာပူးရဲ႕ အေျပာင္းအေရႊ႔ ကိစၥေတြမွာ စစ္မွန္တဲ့ သတင္းေတြကိုပဲ ေဖာ္ျပေလ့ရွိတဲ့ ဂ်ိမ္းပီယာ့စ္က The Athletic သတင္းဌာနကေန အဆိုပါ သတင္းကို ျငင္းဆန္ခဲ့ပါတယ္။ သူက လီဗာပူးဟာ ဝါနာကိုပဲ ကမ္းလွမ္းမယ္လို႔ အခိုင္အမာ ေျပာဆိုတယ္။

ေနာက္ဆက္တြဲ ျပန္ရွင္းမႈမွာ သူ႔ရဲ႕ ေျပာဆိုမႈကို လူေတြက အထင္လြဲေနၾကေၾကာင္းနဲ႔ လီဗာပူးက ဝါနာနဲ႔ ဆန္ခ်ိဳႏွစ္ဦးထဲက တစ္ဦးကို ေႏြမွာ ေခၚယူမွာျဖစ္ကာ အဓိက တိုက္စစ္သမားေတြကိုလည္း လံုးဝ ေရာင္းထုတ္မွာ မဟုတ္တာက မွန္ကန္တယ္လို႔ ဆိုတယ္။ ဒါေပမယ့္ ဆန္ခ်ိဳကိုမေခၚဘူးလို႔ ဆံုုးျဖတ္ထားျခင္းနဲ႔ ဝါနာကို ေခၚမယ္လို႔ ေသခ်ာေပါက္ ဆံုးျဖတ္ထားျခင္း မဟုတ္ပဲ ပိုမို ကိုက္ညီမယ့္ ကစားသမားအျဖစ္ ဝါနာကို ဦးစားေပးထားတယ္လို႔ ဆိုလိုတာလို႔ ျပန္လည္ တုန္႔ျပန္ခဲ့ပါတယ္။

ဒီသတင္းကို လီဗာပူးသတင္းေထာက္ မယ္လစ္ဆာ ရတ္ဒီကလည္း ဒီကေန႔မွာပဲ ထပ္မံ ေဖာ္ျပခဲ့ျပီး ေႏြမွာ ဆာလက္၊ ဖာမင္ႏို၊ မာေနးတို႔ကို အသင္းမွာပဲ ဆက္ထားကာ တိုက္စစ္သမားတစ္ဦးကို ေသခ်ာေပါက္ ေခၚယူမွာျဖစ္တယ္။ ဝါနာကို ဦးစားေပးထားေၾကာင္း သတင္းထြက္လာတာက အမ္ဘာေပး၊ ဆန္ခ်ိဳတို႔ထက္စာရင္ ဂ်ာမနီတိုက္စစ္သမားကို ေပါင္ သန္း ၅၀ ေလာက္နဲ႔ ရမွာျဖစ္လို႔ ျဖစ္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

သတင္းေထာက္ႏွစ္ဦးရဲ႕ ေဖာ္ျပမႈအရ လီဗာပူးဘက္က ဝါနာကို ကမ္းလွမ္းမႈေတြ မလုပ္ရေသးသလို ဘယ္ကစားသမားကို အဓိက ေခၚယူမယ္လို႔လည္း မေရြးခ်ယ္ရေသးပါဘူး။ လီဗာပူးအားကစားဒါရိုက္တာ အဒ္ဝတ္က ကမ္းလွမ္းမႈကို တာဝန္ယူမွာျဖစ္ကာ ဒီတစ္ၾကိမ္ေခၚယူမႈက သံုးလစာအတြက္ အစားထိုးဖို႔ မဟုတ္ပဲ လာမယ့္ သံုးႏွစ္ေလာက္အတြက္ ေရရွည္ စီမံခ်က္နဲ႔ ေခၚယူမွာျဖစ္တယ္လို႔ ကေလာ့ပ္က ဝန္ခံသြားပါတယ္။