လီဗာပူးရဲ့ ပစ်မှတ်ထဲမှာ ဝါနာက ထိပ်ဆုံးမှာရှိနေတာက ဂျာမနီတိုက်စစ်သမားဟာ ဆန်ချိုနဲ့ အမ်ဘာပေးထက် ဈေးပိုသက်သာလို့ဖြစ်ပြီး ပစ်မှတ်ကို သေချာပေါက် ရွေးရသေးခြင်း မရှိဘူးလို့ သိရပါတယ်။

အက်သလက်တီကို ပွဲကြို လီဗာပူးရဲ့ ပွဲကြို လေ့ကျင့်ရေးမှာ အသင်းသားအားလုံး အစုံအလင် ပါဝင်လာပေမယ့် ရှာကွီရီကတော့ ပါဝင်လာနိုင်ခြင်း မရှိပါဘူး။ ဒီကနေ့ လေ့ကျင့်ရေးမှာ လူငယ်ကစားသမား လူးဝစ် လောင်းစတပ်လည်း ပါဝင်ခွင့် ရထားပါတယ်။

မန်စီးတီးက အင်္ဂလန်ပြည်တွင်း အရေးယူမှုမှာ ရမှတ်လျော့ ပြစ်ဒဏ် ကျခံရမလား ၂၀၁၄ ခုနှစ် ချန်ပီယံဖြစ်ခဲ့မှုကို လက်လွတ်ရမလား ဆိုတဲ့ အနေအထားတွေ ရှိလာတယ်လို့ စကိုင်းစပေါ့က ဖော်ပြပါတယ်။

လီဗာပူးအသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်က မန်စီးတီးကို ပရီးမီးယားလိဂ်က ဘယ်လို အရေးယူမလဲဆိုတဲ့အပေါ် စောင့်ကြည့်နေတယ်လို့ ဝန်ခံစကား ပြောဆိုတယ်။

လီဗာပူးက နော်ဝစ်လူငယ်ကစားသမား ကတ်ဝဲလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူအတွက် ပေါင် သန်း ၃၀ ပေးချေဖို့ လိုအပ်မယ်လို့ သိရပါတယ်။

အန်ဖီးကွင်းမှာ လီဗာပူးကို ဂိုးပြတ် အရေးနိမ့်ခဲ့တာက ပွဲအစောပိုင်းမှာ သွင်းဂိုးခွင့်ပြုရမှုနဲ့ ဝိုက်နယ်ဒမ်ရဲ့ တစ်မိနစ်အတွင်း သွင်းဂိုး ၂ ဂိုးကို ခပ်မြန်မြန် သွင်းယူနိုင်မှုကြောင့်ဖြစ်ကြောင်း ဘာစီလိုနာမန်နေဂျာဟောင်း ဗယ်ဗာဒီက ထုတ်ဖော်ပြောဆိုပါတယ်။

ချန်ပီယံလိဂ်ပွဲအဖြစ် အက်သလက်တီကိုနဲ့ လီဗာပူးပွဲမှာ တီကိုရဲ့ အဓိက တိုက်စစ်သမားတစ်ဦး လွဲချော်နိုင်တယ်လို့ သိရပြီး ကွင်းဖွင့် လေ့ကျင့်ရေးကတော့ မနက်ဖြန် ညပိုင်းလောက်မှ မြင်ရဖို့ ရှိနေပါတယ်။

အန်ဖီးကွင်းမှာ ပုံမှန်ဖွင့်နေကျ ‘You’ll Never Walk Alone’ သီချင်း ဗာရှင်းရဲ့ အဆိုရှင် အသက် ၇၇ နှစ်အရွယ် Gerry Marsden နဲ့ ယာဂင်ကလော့ပ်တို့ဟာ မဲဝုဒ်မှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပြီး နာရီဝက်ကြာ စကားပြောခဲ့ကြပါတယ်။

လီဗာပူးဘက်က အာဆင်နယ်လူငယ်ကစားသမား ဆာကာကို အလေးအနက် စိတ်ဝင်စားပြခဲ့တဲ့နောက် လန်ဒန်ကလပ်ဟာ ၎င်းတို့ရဲ့ အကယ်ဒမီထွက်ကို သက်တမ်းတိုးဖို့ အတော်လေး စိုင်းပြင်းလာပါတယ်။

ZAWGYI

လီဗာပူးရဲ႕ ပစ္မွတ္ထဲမွာ ဝါနာက ထိပ္ဆံုးမွာရွိေနတာက ဂ်ာမနီတုိက္စစ္သမားဟာ ဆန္ခ်ိဳနဲ႔ အမ္ဘာေပးထက္ ေစ်းပိုသက္သာလို႔ျဖစ္ျပီး ပစ္မွတ္ကို ေသခ်ာေပါက္ ေရြးရေသးျခင္း မရွိဘူးလို႔ သိရပါတယ္။

အက္သလက္တီကို ပြဲၾကိဳ လီဗာပူးရဲ႕ ပြဲၾကိဳ ေလ့က်င့္ေရးမွာ အသင္းသားအားလံုး အစံုအလင္ ပါဝင္လာေပမယ့္ ရွာကီြရီကေတာ့ ပါဝင္လာႏုိင္ျခင္း မရွိပါဘူး။ ဒီကေန႔ ေလ့က်င့္ေရးမွာ လူငယ္ကစားသမား လူးဝစ္ ေလာင္းစတပ္လည္း ပါဝင္ခြင့္ ရထားပါတယ္။

မန္စီးတီးက အဂၤလန္ျပည္တြင္း အေရးယူမႈမွာ ရမွတ္ေလ်ာ့ ျပစ္ဒဏ္ က်ခံရမလား ၂၀၁၄ ခုႏွစ္ ခ်န္ပီယံျဖစ္ခဲ့မႈကို လက္လြတ္ရမလား ဆိုတဲ့ အေနအထားေတြ ရွိလာတယ္လို႔ စကိုင္းစေပါ့က ေဖာ္ျပပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္း စတီဗင္ဂ်ရတ္က မန္စီးတီးကို ပရီးမီးယားလိဂ္က ဘယ္လို အေရးယူမလဲဆိုတဲ့အေပၚ ေစာင့္ၾကည့္ေနတယ္လို႔ ဝန္ခံစကား ေျပာဆိုတယ္။

လီဗာပူးက ေနာ္ဝစ္လူငယ္ကစားသမား ကတ္ဝဲလ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနျပီး အသက္ ၂၁ ႏွစ္အရြယ္ ကြင္းလယ္လူအတြက္ ေပါင္ သန္း ၃၀ ေပးေခ်ဖို႔ လိုအပ္မယ္လို႔ သိရပါတယ္။

အန္ဖီးကြင္းမွာ လီဗာပူးကို ဂိုးျပတ္ အေရးနိမ့္ခဲ့တာက ပြဲအေစာပိုင္းမွာ သြင္းဂိုးခြင့္ျပဳရမႈနဲ႔ ဝိုက္နယ္ဒမ္ရဲ႔ တစ္မိနစ္အတြင္း သြင္းဂိုး ၂ ဂိုးကို ခပ္ျမန္ျမန္ သြင္းယူႏုိင္မႈေၾကာင့္ျဖစ္ေၾကာင္း ဘာစီလိုနာမန္ေနဂ်ာေဟာင္း ဗယ္ဗာဒီက ထုတ္ေဖာ္ေျပာဆိုပါတယ္။

ခ်န္ပီယံလိဂ္ပြဲအျဖစ္ အက္သလက္တီကိုနဲ႔ လီဗာပူးပြဲမွာ တီကိုရဲ႕ အဓိက တိုက္စစ္သမားတစ္ဦး လြဲေခ်ာ္ႏုိင္တယ္လို႔ သိရျပီး ကြင္းဖြင့္ ေလ့က်င့္ေရးကေတာ့ မနက္ျဖန္ ညပိုင္းေလာက္မွ ျမင္ရဖို႔ ရွိေနပါတယ္။

အန္ဖီးကြင္းမွာ ပံုမွန္ဖြင့္ေနက် ‘You’ll Never Walk Alone’ သီခ်င္း ဗာရွင္းရဲ႕ အဆိုရွင္ အသက္ ၇၇ ႏွစ္အရြယ္ Gerry Marsden နဲ႔ ယာဂင္ကေလာ့ပ္တို႔ဟာ မဲဝုဒ္မွာ ဒီကေန႔ ေတြ႔ဆံုခဲ့ၾကျပီး နာရီဝက္ၾကာ စကားေျပာခဲ့ၾကပါတယ္။

လီဗာပူးဘက္က အာဆင္နယ္လူငယ္ကစားသမား ဆာကာကို အေလးအနက္ စိတ္ဝင္စားျပခဲ့တဲ့ေနာက္ လန္ဒန္ကလပ္ဟာ ၄င္းတို႔ရဲ႕ အကယ္ဒမီထြက္ကို သက္တမ္းတိုးဖို႔ အေတာ္ေလး စိုင္းျပင္းလာပါတယ္။