အက်သလက်တီကို မက်ဒရစ်ဟာ လာမယ့် ဗုဒ္ဓဟူးနေ့ ဝမ်ဒါ မီထရိုပိုလီတာနို ကွင်းကို လီဗာပူးတို့ ချန်ပီယံလိဂ်ပွဲ လာရောက် ကစားချိန်မှာ သူတို့ စံချိန်တင် ကြေးနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်သမား ဂျာအိုဖိလစ် မပါဝင်ဘဲ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။ ဖိလစ်က တနင်္လာနေ့ ပွဲကြို ထရိန်နင်မှာ ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။

ဖိလစ်ဟာ ဇန်နဝါရီလထဲ လီဂါနက်စ်ကို ဂိုးမရှိ သရေကျတဲ့ ပွဲကနေ ရခဲ့တဲ့ ကြွက်သားဒဏ်ရာကနေ နောက်ဆက်တွဲတွေ ရှိနေဆဲ ဖြစ်ပြီး အက်သလက်တီကိုရဲ့ နောက်ဆုံး သုံးပွဲလုံး မပါဝင်နိုင်ဘဲ လွဲချော်ထားတာပါ။ ပေါ်တူဂီ လူငယ်ကြယ်ပွင့်ဟာ ဆီမြွန်နီရဲ့ အသင်း အတွက် အရေးပါတဲ့ ကစားသမား ဖြစ်ပေမယ့် လီဗာပူးနဲ့ပွဲ မပါဝင်နိုင်တာက အက်သလက်တီကို အတွက် ထိုးနှက်မှုကြီး ခံရတာ ဖြစ်ပါတယ်။

ဖိလစ်က ဒဏ်ရာနေ သက်သာနေပြီလို့ သတင်းကြားရပေမယ့် အပြည့်အ၀ ကြံ့ခိုင်မှု ရဖို့ ကြိုးစားနေရဆဲ ဖြစ်တာကြောင့် အသင်း ထရိန်နင်မှာ မပါဝင်နိုင်ခဲ့တာလို့လည်း သတင်းများမှာ ဖော်ပြထားပါတယ်။

ဂျာအိုဖိလစ်ဟာ ၂၀၁၉ နွေ အပြောင်းအရွှေ့မှာ ဘင်ဖီကာနေ အက်သလက်တီကိုထံ စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၁၂၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး အသင်းသမိုင်းမှာ ဈေးအကြီးဆုံး ကစားသမား ဖြစ်ပါတယ်။ အသက် ၂၀ အရွယ် ပေါ်တူဂီသားက အက်သလက်တီကိုမှာ တောက်ပစွာ စတင်ထားနိုင်ခဲ့ပေမယ့် ဒီနှစ်ဦးပိုင်းမှာ ဒဏ်ရာကြောင့် ရုန်းကန်လာရတာ ဖြစ်ပါတယ်။

ဖိလစ်က အက်သလက်တီကိုအတွက် ပြိုင်ပွဲစုံ ၂၃ ပွဲ ကစားပြီး ၄ ဂိုး သွင်းယူထားပါတယ်။ ဖိလစ် အနေနဲ့ အိမ်ကွင်းပွဲစဉ်မှာ မပါဝင်နိုင်သည့်တိုင် မတ်လ ၁၁ ရက် အန်းဖီးမှာ သွားရောက် ရင်ဆိုင်ရမယ့် ဒုတိယအကျော့ ပွဲမှာတော့ ပါဝင်နိုင်ဖွယ် ရှိပါတယ်။

ဒီတပတ် လီဗာပူးနဲ့ ပွဲမှာ ဖျားနေတဲ့ ဟက်တာ ဟာရဲရားလည်း မပါဝင်နိုင်သလို ပေါင်ခြံ ဒဏ်ရာကနေ သက်သာဖို့ ကြိုးစားနေရဆဲ ထရစ်ပီယာလည်း ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ကတော့ အက်သလက်တီကိုအသင်းမှာ ဒဏ်ရာရ ကစားသမားတွေ များပြားနေသည့်တိုင် ခက်ခဲတဲ့ စိန်ခေါ်မှု ရင်ဆိုင်ရမယ်လို့ မျှော်လင့်ထားပါတယ်။

Zawgyi – အက္သလက္တီကို မက္ဒရစ္ဟာ လာမယ့္ ဗုဒၶဟူးေန႔ ၀မ္ဒါ မီထရိုပိုလီတာနို ကြငး္ကို လီဗာပူးတို႔ ခ်န္ပီယံလိဂ္ပြဲ လာေရာက္ ကစားခ်ိန္မွာ သူတို႔ စံခ်ိန္တင္ ေၾကးနဲ႕ ေခၚယူထားတဲ့ တိုက္စစ္သမား ဂ်ာအိုဖိလစ္ မပါ၀င္ဘဲ ယွဥ္ျပိဳင္ ကစားရဖို႔ ရွိေနပါတယ္။ ဖိလစ္က တနလၤာေန႔ ပြဲၾကိဳ ထရိန္နင္မွာ ပါ၀င္နုိင္ျခင္း မရွိခဲ့ပါဘူး။

ဖိလစ္ဟာ ဇန္န၀ါရီလထဲ လီဂါနက္စ္ကို ဂိုးမရွိ သေရက်တဲ့ ပြဲကေန ရခဲ့တဲ့ ၾကြက္သားဒဏ္ရာကေန ေနာက္ဆက္တြဲေတြ ရွိေနဆဲ ျဖစ္ျပီး အက္သလက္တီကိုရဲ႕ ေနာက္ဆံုး သံုးပြဲလံုး မပါ၀င္နုိင္ဘဲ လြဲေခ်ာ္ထားတာပါ။ ေပၚတူဂီ လူငယ္ၾကယ္ပြင့္ဟာ ဆီျမြန္နီရဲ႕ အသင္း အတြက္ အေရးပါတဲ့ ကစားသမား ျဖစ္ေပမယ့္ လီဗာပူးနဲ႕ပြဲ မပါ၀င္နိုင္တာက အက္သလက္တီကို အတြက္ ထိုးနွက္မႈၾကီး ခံရတာ ျဖစ္ပါတယ္။

ဖိလစ္က ဒဏ္ရာေန သက္သာေနျပီလို႔ သတင္းၾကားရေပမယ့္ အျပည့္အ၀ ၾကံ႕ခိုင္မႈ ရဖို႔ ၾကိဳးစားေနရဆဲ ျဖစ္တာေၾကာင့္ အသင္း ထရိန္နင္မွာ မပါ၀င္နုိင္ခဲ့တာလို႔လည္း သတင္းမ်ားမွာ ေဖာ္ျပထားပါတယ္။

ဂ်ာအိုဖိလစ္ဟာ ၂၀၁၉ ေႏြ အေျပာင္းအေရႊ႕မွာ ဘင္ဖီကာေန အက္သလက္တီကိုထံ စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကး ယူရို ၁၂၆ သန္းနဲ႕ ေျပာင္းေရႊ႕လာခဲ့တာ ျဖစ္ျပီး အသင္းသမိုင္းမွာ ေစ်းအၾကီးဆံုး ကစားသမား ျဖစ္ပါတယ္။ အသက္ ၂၀ အရြယ္ ေပၚတူဂီသားက အက္သလက္တီကိုမွာ ေတာက္ပစြာ စတင္ထားနိုင္ခဲ့ေပမယ့္ ဒီနွစ္ဦးပိုင္းမွာ ဒဏ္ရာေၾကာင့္ ရုန္းကန္လာရတာ ျဖစ္ပါတယ္။

ဖိလစ္က အက္သလက္တီကိုအတြက္ ျပိဳင္ပြဲစံု ၂၃ ပြဲ ကစားျပီး ၄ ဂိုး သြင္းယူထားပါတယ္။ ဖိလစ္ အေနနဲ႕ အိမ္ကြင္းပြဲစဥ္မွာ မပါ၀င္နုိင္သည့္တိုင္ မတ္လ ၁၁ ရက္ အန္းဖီးမွာ သြားေရာက္ ရင္ဆိုင္ရမယ့္ ဒုတိယအေက်ာ့ ပြဲမွာေတာ့ ပါ၀င္နိုင္ဖြယ္ ရွိပါတယ္။

ဒီတပတ္ လီဗာပူးနဲ႕ ပြဲမွာ ဖ်ားေနတဲ့ ဟက္တာ ဟာရဲရားလည္း မပါ၀င္နုိင္သလို ေပါင္ျခံ ဒဏ္ရာကေန သက္သာဖို႔ ၾကိဳးစားေနရဆဲ ထရစ္ပီယာလည္း ပါ၀င္နုိင္မွာ မဟုတ္ပါဘူး။ လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္ကေတာ့ အက္သလက္တီကိုအသင္းမွာ ဒဏ္ရာရ ကစားသမားေတြ မ်ားျပားေနသည့္တိုင္ ခက္ခဲတဲ့ စိန္ေခၚမႈ ရင္ဆိုင္ရမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။