ဂျာမန်ကွင်းလယ်ဖန်တီးရှင် ကိုင်းဟာဗက်ဟာ နွေမှာ အသင်းပြောင်းဖို့ လုပ်ဆောင်ဖွယ်ရှိပေမယ့် သူ့ကို ဆက်ထိန်းထားဖို့ကို ကလပ်ဘက်က ပိုမို အလိုရှိတယ်လို့ လေဗာကူဆင်အသင်း အားကစားဒါရိုက်တာက ထုတ်ဖော် ပြောဆိုပါတယ်။

လေဗာကူဆင် ဒါရိုက်တာ ရူဒီ ဗိုလာက ၎င်းတို့ကလပ်ဟာ ဂျာမနီလူငယ်လေးအပေါ် အများကြီး တန်ဖိုးဖြတ်ထားတယ်ဆိုတာကို ဝန်ခံခဲ့ပြီး ကစားသမားလေးနဲ့ စာချုပ်အကြောင်းကိုပါ ထုတ်ပြောလာပါတယ်။ အသက် ၂၀ အရွယ် ကွင်းလယ်တိုက်စစ်သမားကို ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းက အတော်လေး စိတ်ဝင်စားနေတာဖြစ်ပါတယ်။

မနှစ်ကရာသီ ပြိုင်ပွဲစုံ ၄၂ ပွဲ ကစားပြီး ဂိုး ၂၀ သွင်းယူခဲ့တဲ့ တိုက်စစ်အားသန်လေးဟာ ဒီရာသီမှာ ၂၇ ပွဲကစားပြီး သွင်းဂိုး ၆ ဂိုး သွင်းယူထားပါတယ်။ လီဗာပူးဘက်က သူ့ကို ကာလရှည် အနေအထားအဖြစ် စောင့်ကြည့်နေပေမယ့် ကစားသမားရဲ့ တန်ကြေးကို တန်ဖိုးဖြတ်ပေးလာတာတော့ မရှိသေးပါဘူး။

ရူဒီ ဗိုလာက ပြောရာမှာ “ ဒီနှစ်မှာလဲ ဟာဗက်ကို ဆက်ထိန်းထားနိုင်တာအတွက် ကျေနပ်မိပါတယ်။ နွေမှာတော့ ဘာတွေဖြစ်လာမယ်ဆိုတာ စောင့်ကြည့်ကြတာပေါ့။ သူက ကျနေ်ာတို့နဲ့ ၂၀၂၂ ခုနှစ်ထိ စာချုပ် ရှိထားပါတယ်။ နွေအတွက် စိတ်ဝင်စားစရာတွေတော့ ဖြစ်နေပါပြီ။ ဒါပေမယ့် အသင်းမှာ နောက်ထပ်တစ်နှစ် ဆက်နေဖို့ သူ့ကို ပြောထားပြီး ဒါကပဲ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မယ်။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးဟာ ဟာဗက်အပြင် စီးရီးအေကလပ် Brescia အသင်းမှ အသက် ၁၉ နှစ်အရွယ် လူငယ်ကစားသမားလေး တိုနယ်လီကိုလည်း ကာရှည် စောင့်ကြည့်နေတာပါ။ ဒါ့အပြင် လီဂူးဝမ်းကလပ် လိုင်ယွန်မှ အော်ရေးကိုလည်း ကွင်းလယ်လူစာရင်းထဲမှာ ထည့်သွင်း စောင့်ကြည့်နေတာဖြစ်တယ်။

သူတို့တွေဟာ ဥရောပရဲ့ အလားအလာအရှိဆုံး ကွင်းလယ်လူတွေဖြစ်ပြီး ပြောင်းရွှေ့ကြေးကလည်း မြင့်မားနိုင်တာကြောင့် လီဗာပူးဘက်က ကာလရှည် စောင့်ကြည့်မှုတွေကို ဆက်လုပ်နေတယ်လို့ သိထားရတာဖြစ်ပါတယ်။

ZAWGYI

ဂ်ာမန္ကြင္းလယ္ဖန္တီးရွင္ ကိုင္းဟာဗက္ဟာ ေႏြမွာ အသင္းေျပာင္းဖို႔ လုပ္ေဆာင္ဖြယ္ရွိေပမယ့္ သူ႔ကို ဆက္ထိန္းထားဖို႔ကို ကလပ္ဘက္က ပိုမို အလိုရွိတယ္လို႔ ေလဗာကူဆင္အသင္း အားကစားဒါရိုက္တာက ထုတ္ေဖာ္ ေျပာဆိုပါတယ္။

ေလဗာကူဆင္ ဒါရိုက္တာ ရူဒီ ဗိုလာက ၄င္းတို႔ကလပ္ဟာ ဂ်ာမနီလူငယ္ေလးအေပၚ အမ်ားၾကီး တန္ဖိုးျဖတ္ထားတယ္ဆိုတာကို ဝန္ခံခဲ့ျပီး ကစားသမားေလးနဲ႔ စာခ်ဳပ္အေၾကာင္းကိုပါ ထုတ္ေျပာလာပါတယ္။ အသက္ ၂၀ အရြယ္ ကြင္းလယ္တိုက္စစ္သမားကို ပရီးမီးယားလိဂ္ကလပ္ လီဗာပူးအသင္းက အေတာ္ေလး စိတ္ဝင္စားေနတာျဖစ္ပါတယ္။

မႏွစ္ကရာသီ ျပိဳင္ပြဲစံု ၄၂ ပြဲ ကစားျပီး ဂိုး ၂၀ သြင္းယူခဲ့တဲ့ တိုက္စစ္အားသန္ေလးဟာ ဒီရာသီမွာ ၂၇ ပြဲကစားျပီး သြင္းဂိုး ၆ ဂိုး သြင္းယူထားပါတယ္။ လီဗာပူးဘက္က သူ႔ကို ကာလရွည္ အေနအထားအျဖစ္ ေစာင့္ၾကည့္ေနေပမယ့္ ကစားသမားရဲ႕ တန္ေၾကးကို တန္ဖိုးျဖတ္ေပးလာတာေတာ့ မရွိေသးပါဘူး။

ရူဒီ ဗိုလာက ေျပာရာမွာ “ ဒီႏွစ္မွာလဲ ဟာဗက္ကို ဆက္ထိန္းထားႏုိင္တာအတြက္ ေက်နပ္မိပါတယ္။ ေႏြမွာေတာ့ ဘာေတြျဖစ္လာမယ္ဆိုတာ ေစာင့္ၾကည့္ၾကတာေပါ့။ သူက က်ေန္ာတုိ႔နဲ႔ ၂၀၂၂ ခုႏွစ္ထိ စာခ်ဳပ္ ရွိထားပါတယ္။ ေႏြအတြက္ စိတ္ဝင္စားစရာေတြေတာ့ ျဖစ္ေနပါျပီ။ ဒါေပမယ့္ အသင္းမွာ ေနာက္ထပ္တစ္ႏွစ္ ဆက္ေနဖို႔ သူ႔ကို ေျပာထားျပီး ဒါကပဲ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ ျဖစ္ပါလိမ့္မယ္။ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လီဗာပူးဟာ ဟာဗက္အျပင္ စီးရီးေအကလပ္ Brescia အသင္းမွ အသက္ ၁၉ နွစ္အရြယ္ လူငယ္ကစားသမားေလး တိုနယ္လီကိုလည္း ကာရွည္ ေစာင့္ၾကည့္ေနတာပါ။ ဒါ့အျပင္ လီဂူးဝမ္းကလပ္ လုိင္ယြန္မွ ေအာ္ေရးကိုလည္း ကြင္းလယ္လူစာရင္းထဲမွာ ထည့္သြင္း ေစာင့္ၾကည့္ေနတာျဖစ္တယ္။

သူတို႔ေတြဟာ ဥေရာပရဲ႕ အလားအလာအရွိဆံုး ကြင္းလယ္လူေတြျဖစ္ျပီး ေျပာင္းေရႊ႔ေၾကးကလည္း ျမင့္မားႏုိင္တာေၾကာင့္ လီဗာပူးဘက္က ကာလရွည္ ေစာင့္ၾကည့္မႈေတြကို ဆက္လုပ္ေနတယ္လို႔ သိထားရတာျဖစ္ပါတယ္။