ပရီးမီးယားလိဂ်ကလပ် အများအပြားက ဒေါ့မွန်ကြယ်ပွင့် ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အဆိုပါ ကလပ်တွေထဲမှာတော့ လီဗာပူးအသင်းကလည်း တစ်သင်း အပါအဝင် ဖြစ်ပါတယ်။

ဆန်ချိုကို လီဗာပူး၊ ချယ်ဆီး၊ ယူနိုက်တက်တို့ကလည်း စိတ်ဝင်စားနေတာဖြစ်ကာ ရာသီအကုန်မှာတော့ အင်္ဂလန်ကလပ် တစ်သင်းက ဆန်ချိုကို ခေါ်ယူနိုင်မယ်လို့ သတင်းတွေ ကျယ်ပြန့်နေတာဖြစ်တယ်။ ဒါပေမယ့်လို့ လီဗာပူးက ကျန်တဲ့ နှစ်သင်းထက် ဆန်ချိုအပေါ် စိတ်ဝင်စားမှု နည်းပါးခြင်းက ကစားသမားအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးရမှာကလဲ အကြောင်းရင်းတစ်ရပ် ဖြစ်နေပါတယ်။

စကိုင်စပေါ့ သတင်းထောက်ဖြစ်သူ Solhekol က ပြောရာမှာ “ လာမယ့်ရာသီမှာ ဆန်ချို ဘယ်ကိုသွားမလဲဆိုတာကို ပြောဖို့ဆိုတာက ခက်ခဲပါတယ်။ သူ့ကို ခေါ်ယူလိုတဲ့ ကလပ်အသင်းတွေက အများကြီး ရှိနေတာလေ။ ဒါပေမယ့်လို့ သူ ဘယ်ကို သွားမလဲဆိုတာကို ကျနော် လောင်းကြေးထပ်ရမယ်ဆိုရင်တော့ ကျနော် ငွေတွေအားလုံးကို လီဗာပူးဘက်မှာ သွားထပ်မှာပါ ” လို့ ဆိုပါတယ်။

သူကပဲ “ ဆန်ချိုက မန်နေဂျာယာဂင်ကလော့ပ်ရဲ့ ထိပ်တန်း ပစ်မှတ်တစ်ခုဖြစ်ပါတယ်။ လီဗာပူးက ပရီးမီးယားလိဂ်ကို အနိုင်ရပြီး ချန်ပီယံလိဂ်ကိုပါ ထပ်မံ အနိုင်ရမယ်ဆိုရင် သူတို့ရဲ့ ကမ်းလှမ်းမှုကို ဆန်ချိုဘက်က ပယ်ချဖို့ ခက်ခဲမှာပါ။ ယူနိုက်တက်ကလည်း နွေမှာ ဆန်ချိုကို ခေါ်ယူဖို့ အရမ်းကို ယုံကြည်မှုရှိနေတယ်။ ဒါပေမယ့် သူတို့ ဥရောပဝင်ခွင့်ကို အရင်ဆုံး အရယူနိုင်ဖို့ လိုပါတယ်။ မဟုတ်ရင်တော့ ကလော့ပ်ရဲ့ အသင်းထက် မျက်နှာသာပေးခြင်း ခံရမှာ မဟုတ်ပါဘူး။

အကယ်လို့ သူ လီဗာပူးကို ပြောင်းရွှေ့မယ်ဆိုရင် ဆန်ချိုဟာ အနာဂတ်မှာ အင်္ဂလန်ဘောလုံးလောကကို လွှမ်းမိုးမယ့် ကလပ်အသင်း တစ်သင်းထံ ပြောင်းရွှေ့မှု ဖြစ်လာပါမယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဒါပေမယ့်လည်း လီဗာပူးဟာ ဥရောပဆိုင်ရာ စည်းမျဉ်းတွေကို လေးစားလိုက်နာသလို လာမယ့်နှစ်မှာ လေ့ကျင့်ရေးကွင်းသစ် ပြီးစီးမှာဖြစ်ပေမယ့် အန်းဖီးကွင်းကို ထပ်မံ တိုးချဲ့ဦးမှာပါ။ ဒါကြောင့် အပြောင်းအရွှေ့တွေမှာ ကစားသမားတစ်ဦးအတွက် စံချိန်တင်ကြေး ပေးဖို့ဆိုတာက မြင်ဖို့ ခက်ခဲမယ်လို့ သုံးသပ်ထားကြတာ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ကလပ္ အမ်ားအျပားက ေဒါ့မြန္ၾကယ္ပြင့္ ဆန္ခ်ိဳကို ေခၚယူဖို႔ စိတ္ဝင္စားေနျပီး အဆိုပါ ကလပ္ေတြထဲမွာေတာ့ လီဗာပူးအသင္းကလည္း တစ္သင္း အပါအဝင္ ျဖစ္ပါတယ္။

ဆန္ခ်ိဳကို လီဗာပူး၊ ခ်ယ္ဆီး၊ ယူႏုိက္တက္တို႔ကလည္း စိတ္ဝင္စားေနတာျဖစ္ကာ ရာသီအကုန္မွာေတာ့ အဂၤလန္ကလပ္ တစ္သင္းက ဆန္ခ်ိဳကို ေခၚယူႏုိင္မယ္လို႔ သတင္းေတြ က်ယ္ျပန္႔ေနတာျဖစ္တယ္။ ဒါေပမယ့္လို႔ လီဗာပူးက က်န္တဲ့ ႏွစ္သင္းထက္ ဆန္ခ်ိဳအေပၚ စိတ္ဝင္စားမႈ နည္းပါးျခင္းက ကစားသမားအတြက္ ျမင့္မားတဲ့ ေျပာင္းေရႊ႔ေၾကး ေပးရမွာကလဲ အေၾကာင္းရင္းတစ္ရပ္ ျဖစ္ေနပါတယ္။

စကိုင္စေပါ့ သတင္းေထာက္ျဖစ္သူ Solhekol က ေျပာရာမွာ “ လာမယ့္ရာသီမွာ ဆန္ခ်ိဳ ဘယ္ကိုသြားမလဲဆိုတာကို ေျပာဖို႔ဆိုတာက ခက္ခဲပါတယ္။ သူ႔ကို ေခၚယူလိုတဲ့ ကလပ္အသင္းေတြက အမ်ားၾကီး ရွိေနတာေလ။ ဒါေပမယ့့္လို႔ သူ ဘယ္ကို သြားမလဲဆိုတာကို က်ေနာ္ ေလာင္းေၾကးထပ္ရမယ္ဆိုရင္ေတာ့ က်ေနာ္ ေငြေတြအားလံုးကို လီဗာပူးဘက္မွာ သြားထပ္မွာပါ ” လို႔ ဆိုပါတယ္။

သူကပဲ “ ဆန္ခ်ိဳက မန္ေနဂ်ာယာဂင္ကေလာ့ပ္ရဲ႕ ထိပ္တန္း ပစ္မွတ္တစ္ခုျဖစ္ပါတယ္။ လီဗာပူးက ပရီးမီးယားလိဂ္ကို အႏုိင္ရျပီး ခ်န္ပီယံလိဂ္ကိုပါ ထပ္မံ အႏုိင္ရမယ္ဆိုရင္ သူတို႔ရဲ႕ ကမ္းလွမ္းမႈကို ဆန္ခ်ိဳဘက္က ပယ္ခ်ဖို႔ ခက္ခဲမွာပါ။ ယူႏုိက္တက္ကလည္း ေႏြမွာ ဆန္ခ်ိဳကို ေခၚယူဖို႔ အရမ္းကို ယံုၾကည္မႈရွိေနတယ္။ ဒါေပမယ့္ သူတို႔ ဥေရာပဝင္ခြင့္ကို အရင္ဆံုး အရယူႏုိင္ဖို႔ လိုပါတယ္။ မဟုတ္ရင္ေတာ့ ကေလာ့ပ္ရဲ႕ အသင္းထက္ မ်က္ႏွာသာေပးျခင္း ခံရမွာ မဟုတ္ပါဘူး။

အကယ္လို႔ သူ လီဗာပူးကို ေျပာင္းေရႊ႔မယ္ဆိုရင္ ဆန္ခ်ိဳဟာ အနာဂတ္မွာ အဂၤလန္ေဘာလံုးေလာကကို လႊမ္းမိုးမယ့္ ကလပ္အသင္း တစ္သင္းထံ ေျပာင္းေရႊ႔မႈ ျဖစ္လာပါမယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဒါေပမယ့္လည္း လီဗာပူးဟာ ဥေရာပဆိုင္ရာ စည္းမ်ဥ္းေတြကို ေလးစားလိုက္နာသလို လာမယ့္ႏွစ္မွာ ေလ့က်င့္ေရးကြင္းသစ္ ျပီးစီးမွာျဖစ္ေပမယ့္ အန္းဖီးကြင္းကို ထပ္မံ တိုးခ်ဲ႔ဦးမွာပါ။ ဒါေၾကာင့္ အေျပာင္းအေရႊ႔ေတြမွာ ကစားသမားတစ္ဦးအတြက္ စံခ်ိန္တင္ေၾကး ေပးဖို႔ဆိုတာက ျမင္ဖို႔ ခက္ခဲမယ္လို႔ သံုးသပ္ထားၾကတာ ျဖစ္ပါတယ္။