ဒီကနေ့မှာပဲ အင်္ဂလန် အားကစားသတင်းဌာနကြီးဖြစ်တဲ့ The Athletic ကနေ ထုတ်ဖော်လိုက်တဲ့ သတင်းမှာတော့ တီမိုဝါနာဟာ အခြားသော ဥရောပ ကလပ်အသင်းတွေထက် လီဗာပူးကို ပြောင်းခွင့်ရဖို့ကို ဦးစားပေးနေကြောင်းဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ ယူနိုက်တက်တို့ထံက နွေအပြောင်းအရွှေ့အတွက် ကမ်းလှမ်းမှုတွေကို လက်ခံရရှိသည့်တိုင် ဝါနာက လီဗာပူးကို ပြောင်းဖို့ကိုပဲ ဦးတည်နေပါတယ်။ ဝါနာရဲ့ ပြောင်းရွှေ့ကြေးက ပေါင် ၅၁ သန်း ကုန်ကျမယ်လို့ သိထားရပြီး လီဗာပူးဘက်ကလည်း မန်နေဂျာက ကလော့ပ်က မီးစိမ်းပြတာနဲ့တင်ကို မတ်လထဲမှာ စတင်ကမ်းလှမ်းဖို့ ပြင်ဆင်ထားပါတယ်။

မတ်လဟာ လီဗာပူးအတွက် လကောင်းတစ်ခဖြစ်ပြီး ၂၀၁၈ မှာ ခေါ်ယူခဲ့တ့ ဖာဘင်ညိုနဲ့ အယ်လီဆန်တို့ဟာ မတ်လအတွင်းမှာပဲ စကားပြောမှုတွေကို စတင်ခဲ့ကြတာဖြစ်တယ်။ ယာဂင်ကလော့ပ်နဲ့ တွဲဘက်နည်းပြတွေကလည်း အသင်းရဲ့ ကစားဟန်မှာ ဘယ်လို ကစားသမားကို ပေါင်းထည့်မလဲဆိုတာအတွက် စဉ်းစားနေကြသေးတာဖြစ်ပါတယ်။

စာရွက်ပေါ်မှာတော့ လီဗာပူးရဲ့ တိုက်စစ်စာရင်းက တောင့်တင်းပေမယ့် ဂျူလိုင်လ ၂၂ ရက်နေ့ကနေ သြဂုတ်လ ၈ ရက်နေ့ထိ အိုလံပစ်ပြိုင်ပွဲတွေ ကျင်းပတဲ့အခါနဲ့ ဇန်နဝါရီလ ၉ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၆ ရက်နေ့ထိ အာဖရိကဖလားတွေ ကျင်းပတဲ့အခါ တိုက်စစ်စာရင်းက လိုအပ်မှုရှိမှာဖြစ်ပါတယ်။

လီဗာပူးဘက်ကတော့ လယ်လာနာနဲ့ ရှာကွီရီတို့ကို နွေမှာ ရှင်းထုတ်မှာဖြစ်ပြီး လာမယ့် လေးလေလောက်အတွင်းမှာ မာနေးနဲ့ ဆာလက်က အသက် ၂၈ နှစ်တွေ ပြည့်ကြမှာဖြစ်ကာ ဖာမင်နိုက အောက်တိုဘာမှာ ၂၉ ပြည့်မှာဖြစ်တယ်။ ကလော့ပ်က လီဗာပူးတိုက်စစ်အတွက် နောက်ထပ် မျိုးဆက်တစ်ဆက်ကို ထူထောင်ဖို့ ဦါ်တည်ချက်ရှိနေတယ်လို့ သိရပါတယ်။

ZAWGYI

ဒီကေန႔မွာပဲ အဂၤလန္ အားကစားသတင္းဌာနၾကီးျဖစ္တဲ့ The Athletic ကေန ထုတ္ေဖာ္လိုက္တဲ့ သတင္းမွာေတာ့ တီမိုဝါနာဟာ အျခားေသာ ဥေရာပ ကလပ္အသင္းေတြထက္ လီဗာပူးကို ေျပာင္းခြင့္ရဖို႔ကို ဦးစားေပးေနေၾကာင္းျဖစ္ပါတယ္။

ဘာစီလိုနာနဲ႔ ယူႏုိက္တက္တို႔ထံက ေႏြအေျပာင္းအေရႊ႔အတြက္ ကမ္းလွမ္းမႈေတြကို လက္ခံရရွိသည့္တိုင္ ဝါနာက လီဗာပူးကို ေျပာင္းဖို႔ကိုပဲ ဦးတည္ေနပါတယ္။ ဝါနာရဲ႕ ေျပာင္းေရႊ႔ေၾကးက ေပါင္ ၅၁ သန္း ကုန္က်မယ္လို႔ သိထားရျပီး လီဗာပူးဘက္ကလည္း မန္ေနဂ်ာက ကေလာ့ပ္က မီးစိမ္းျပတာနဲ႔တင္ကို မတ္လထဲမွာ စတင္ကမ္းလွမ္းဖို႔ ျပင္ဆင္ထားပါတယ္။

မတ္လဟာ လီဗာပူးအတြက္ လေကာင္းတစ္ချဖစ္ျပီး ၂၀၁၈ မွာ ေခၚယူခဲ့တ့ ဖာဘင္ညိဳနဲ႔ အယ္လီဆန္တို႔ဟာ မတ္လအတြင္းမွာပဲ စကားေျပာမႈေတြကို စတင္ခဲ့ၾကတာျဖစ္တယ္။ ယာဂင္ကေလာ့ပ္နဲ႔ တြဲဘက္နည္းျပေတြကလည္း အသင္းရဲ႕ ကစားဟန္မွာ ဘယ္လို ကစားသမားကို ေပါင္းထည့္မလဲဆိုတာအတြက္ စဥ္းစားေနၾကေသးတာျဖစ္ပါတယ္။

စာရြက္ေပၚမွာေတာ့ လီဗာပူးရဲ႕ တိုက္စစ္စာရင္းက ေတာင့္တင္းေပမယ့္ ဂ်ဴလိုင္လ ၂၂ ရက္ေန႔ကေန ၾသဂုတ္လ ၈ ရက္ေန႔ထိ အိုလံပစ္ျပိဳင္ပြဲေတြ က်င္းပတဲ့အခါနဲ႔ ဇန္နဝါရီလ ၉ ရက္ေန႔ကေန ေဖေဖာ္ဝါရီလ ၆ ရက္ေန႔ထိ အာဖရိကဖလားေတြ က်င္းပတဲ့အခါ တိုက္စစ္စာရင္းက လိုအပ္မႈရွိမွာျဖစ္ပါတယ္။

လီဗာပူးဘက္ကေတာ့ လယ္လာနာနဲ႔ ရွာကီြရီတို႔ကို ေႏြမွာ ရွင္းထုတ္မွာျဖစ္ျပီး လာမယ့္ ေလးေလေလာက္အတြင္းမွာ မာေနးနဲ႔ ဆာလက္က အသက္ ၂၈ ႏွစ္ေတြ ျပည့္ၾကမွာျဖစ္ကာ ဖာမင္ႏိုက ေအာက္တိုဘာမွာ ၂၉ ျပည့္မွာျဖစ္တယ္။ ကေလာ့ပ္က လီဗာပူးတိုက္စစ္အတြက္ ေနာက္ထပ္ မ်ိဳးဆက္တစ္ဆက္ကို ထူေထာင္ဖို႔ ဦၚတည္ခ်က္ရွိေနတယ္လို႔ သိရပါတယ္။