လီဗာပူးက ကလပ်အသင်း စီးပွားရေးပါတနာ တစ်ခုဖြစ်တဲ့ Chaokoh အတွက် ဟန်ဒို၊ ဘော်ဘီ၊ ရိုဘို၊ လိုဗရန်၊ မာတစ်တို့ ပါဝင်တဲ့ ကြေညာတစ်ခုကို ရိုက်ကူးကာ တွစ်တာကနေ ဖော်ပြခဲ့ပြီး အဆိုပါ ဗီဒီယိုက အတော်လေးကို ရယ်ရတဲ့ ဗီဒီယိုအဖြစ် မှတ်ချက်ပေးခံနေရပါတယ်။

လီဗာပူးအသင်းဟာ ၂၀၁၈-၂၀၁၉ ခုနှစ် ဘောလုံးရာသီအတွက် ကလပ်အသင်း ဝင်ငွေစာရင်းကို ထုတ်ပြန်ရာမှာ စံချိန်တင် အဖြစ် ပေါင် ၅၃၃ သန်း ရရှိကြောင်း သိရပါတယ်။

တီမိုဝါနာကို ဘာစီလိုနာနဲ့ ယူနိုက်တက်တို့က အပြောင်းအရွှေ့အတွက် ကမ်းလှမ်းမှု ပို့လိုနေပြီး ကစားသမားကတော့ လီဗာပူးဘက်က ကမ်းလှမ်းလာမှာကိုပဲ ဦးစားပေးအဖြစ် စောင့်ဆိုင်းလိုနေတယ်လို့ သိရပါတယ်။

နာပိုလီနဲ့ ဘာစီလိုနာပွဲမှာ မိနစ် ၉၀ လောက်မှာ နာပိုလီဘက်က ထောင့်ကန်ဘောရတာကို ခံစစ်ကာကွယ်ဖို့ ခပ်အေးအေး ဖြစ်နေတဲ့ ဆမ်မီဒိုကို တာစတီဂန်ရဲ့ အော်ဟစ် သတိပေးမှုက မနှစ်က ရလဒ်ဆိုးကို ဘာစီလိုနာဘက်က အခုချိန်ထိ သတိထားနေဆဲအဖြစ် နာမည်ကြီးနေပါတယ်။

ဘက်ဆစ်တက်က အပြီးသတ် ခေါ်ယူမှာ မဟုတ်တဲ့ ဂိုးသမား ကားရီးယက်ကို နွေမှာ အသင်းသစ်ရှာဖွေထားဖို့ ကလပ်အသင်းဘက်က အသိပေးထားတယ်လို့ သိရပါတယ်။

ဗီလာရီးရဲ ဘယ်အစွန်လူ မိုရီနိုကတော့ အန်ဖီးကွင်းအကြောင်း သူကောင်းကောင်း သိထားပြီး အက်သလက်တီကိုဟာ အန်ဖီးကွင်းမှာ အများကြီး ခံစားရပါလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

ထရန့်ဟာ ခံစစ်ပိုင်းမှာ လိုအပ်ချက် များလွန်းသူအဖြစ် သူဝေဖန်ခဲ့တာက မှားယွင်းပြီး အင်္ဂလန်ညာအစွန်လူရဲ့ စွမ်းဆောင်ရည်ကို ခြုံငုံ ကြည့်မယ်ဆိုရင် လီဗာပူးက စပယ်ရှယ် ကစားသမားတစ်ဦးကို ရထားတာပါလို့ နဗီးက ဝန်ခံပါတယ်။

အသက် ၃၈ နှစ်အရွယ် လီဗာပူးတိုက်စစ်မှူးဟောင်း ဆစ်ဆီဟာ စလိုဗေးနီးယားမှာ ကလပ်ဖွင့်ထားပြီး ဒီဂျေသမားအဖြစ်ကို ပြောင်းလဲ လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ZAWGYI

လီဗာပူးက ကလပ္အသင္း စီးပြားေရးပါတနာ တစ္ခုျဖစ္တဲ့ Chaokoh အတြက္ ဟန္ဒို၊ ေဘာ္ဘီ၊ ရိုဘို၊ လိုဗရန္၊ မာတစ္တို႔ ပါဝင္တဲ့ ေၾကညာတစ္ခုကို ရိုက္ကူးကာ တြစ္တာကေန ေဖာ္ျပခဲ့ျပီး အဆိုပါ ဗီဒီယိုက အေတာ္ေလးကို ရယ္ရတဲ့ ဗီဒီယိုအျဖစ္ မွတ္ခ်က္ေပးခံေနရပါတယ္။

လီဗာပူးအသင္းဟာ ၂၀၁၈-၂၀၁၉ ခုႏွစ္ ေဘာလံုးရာသီအတြက္ ကလပ္အသင္း ဝင္ေငြစာရင္းကို ထုတ္ျပန္ရာမွာ စံခ်ိန္တင္ အျဖစ္ ေပါင္ ၅၃၃ သန္း ရရွိေၾကာင္း သိရပါတယ္။

တီမိုဝါနာကို ဘာစီလိုနာနဲ႔ ယူႏုိက္တက္တို႔က အေျပာင္းအေရႊ႔အတြက္ ကမ္းလွမ္းမႈ ပို႔လိုေနျပီး ကစားသမားကေတာ့ လီဗာပူးဘက္က ကမ္းလွမ္းလာမွာကိုပဲ ဦးစားေပးအျဖစ္ ေစာင့္ဆိုင္းလိုေနတယ္လို႔ သိရပါတယ္။

နာပိုလီနဲ႔ ဘာစီလိုနာပြဲမွာ မိနစ္ ၉၀ ေလာက္မွာ နာပိုလီဘက္က ေထာင့္ကန္ေဘာရတာကို ခံစစ္ကာကြယ္ဖို႔ ခပ္ေအးေအး ျဖစ္ေနတဲ့ ဆမ္မီဒိုကို တာစတီဂန္ရဲ႕ ေအာ္ဟစ္ သတိေပးမႈက မႏွစ္က ရလဒ္ဆိုးကို ဘာစီလိုနာဘက္က အခုခ်ိန္ထိ သတိထားေနဆဲအျဖစ္ နာမည္ၾကီးေနပါတယ္။

ဘက္ဆစ္တက္က အျပီးသတ္ ေခၚယူမွာ မဟုတ္တဲ့ ဂိုးသမား ကားရီးယက္ကို ေႏြမွာ အသင္းသစ္ရွာေဖြထားဖို႔ ကလပ္အသင္းဘက္က အသိေပးထားတယ္လို႔ သိရပါတယ္။

ဗီလာရီးရဲ ဘယ္အစြန္လူ မိုရီႏိုကေတာ့ အန္ဖီးကြင္းအေၾကာင္း သူေကာင္းေကာင္း သိထားျပီး အက္သလက္တီကိုဟာ အန္ဖီးကြင္းမွာ အမ်ားၾကီး ခံစားရပါလိမ့္မယ္လို႔ သတိေပးလိုက္ပါတယ္။

ထရန္႔ဟာ ခံစစ္ပိုင္းမွာ လိုအပ္ခ်က္ မ်ားလြန္းသူအျဖစ္ သူေဝဖန္ခဲ့တာက မွားယြင္းျပီး အဂၤလန္ညာအစြန္လူရဲ႕ စြမ္းေဆာင္ရည္ကို ျခံဳငံု ၾကည့္မယ္ဆိုရင္ လီဗာပူးက စပယ္ရွယ္ ကစားသမားတစ္ဦးကို ရထားတာပါလို႔ နဗီးက ဝန္ခံပါတယ္။

အသက္ ၃၈ ႏွစ္အရြယ္ လီဗာပူးတိုက္စစ္မွဴးေဟာင္း ဆစ္ဆီဟာ စလိုေဗးနီးယားမွာ ကလပ္ဖြင့္ထားျပီး ဒီေဂ်သမားအျဖစ္ကို ေျပာင္းလဲ လုပ္ေဆာင္ေနျပီျဖစ္ပါတယ္။