“ အောင်မြင်တဲ့ အသင်းတစ်သင်းကို တည်ဆောက်ဖို့က လွယ်ပါတယ်။ သာမာန် ကစားသမားတွေနဲ့လည်း အရမ်းကောင်းတဲ့ ဘောလုံးကို ကစားလိုရတယ်။ ဂန္တဝင်တွင်လောက်တဲ့ အသင်းတစ်သင်းကို ဘယ်လို တည်ဆောက်ရမယ်ဆိုတာတော့ ကျနော် မသိပါဘူး။ ”

အထက်ပါ စကားကိုတော့ မနှစ်တုန်းက ယာဂင်ကလော့ပ်က ပြောဆိုခဲ့တာပါ။ လီဗာပူးဟာ ချန်ပီယံလိဂ်ဖလားကို အနိုင်ရထားသလို ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရဖို့ကလည်း သေချာသလောက် ရှိနေခဲ့ပြီဖြစ်လို့ လက်ရှိ အသင်းဟာ ကလပ်အသင်း သမိုင်းမှာ ဂန္တဝင်တွင်မယ့် အသင်းတစ်သင်း ဖြစ်လာဖို့ အခွင့်အရေး များနေပါပြီ။

ဒါပေမယ့် လီဗာပူးအသင်း ဆက်လက် ရင်ဆိုင်ရမယ့် ပြဿနာက ထိပ်တန်းအဆင့် အသင်းတစ်အသင်းအဖြစ်နဲ့ ဆုဖလာတွေကို စိန်ခေါ်နိုင်စွမ်းတွေကို ဘယ်လို ထိန်းသိမ်းမလဲဆိုတာပဲ ဖြစ်ပါတယ်။

လက်ရှိ လီဗာပူးအသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဆာလက်၊ မာနေး၊ ဖာမင်နိုတို့ဟာ မကြာခင်မှာ အသက် ၂၈ နှစ်နဲ့ ၂၉ နှစ်တွေ ဖြစ်လာကြပါတော့မယ်။ ကွင်းလယ်လူတွေဖြစ်တဲ့ ဟန်ဒါဆန်နဲ့ ဝိုက်နယ်ဒမ်တို့ကလည်း ၃၀ နဲ့ ၂၉ နှစ်အရွယ်တွေ ရောက်လာကြပြီဖြစ်ပြီး ခံစစ်သမားတွေဖြစ်တဲ့ ဗန်ဒိုက်၊ မာတစ်တို့က ၂၈ နှစ်အရွယ်တွေ ရောက်လာကြပြီဖြစ်ပါတယ်။

လီဗာပူးလူစာရင်းဟာ အသက်အရွယ် တစ်ခုကို စတင် ချဉ်းကပ်လာပြီဖြစ်ပြီး လာမယ့်ရာသီမှာတော့ အသင်းရဲ့ ပျှမ်းမျှအသက်က အဓိက စိန်ခေါ်မှု ဖြစ်လာနိုင်ပါတယ်။ ဆုဖလားကို ရေရှည် စိန်ခေါ်မယ့် အသင်းတိုင်းဟာ မျိုးဆက်သစ်တွေကို ထပ်ထပ် ဖြည့်ခြင်းနဲ့အတူ အသင်းအထိုင်ကို အမြဲတမ်း အားဖြည့်ဖို့ လိုအပ်တာဖြစ်တယ်။

လီဗာပူးဟာ ကွင်းလယ်မှာ ဖာဘင်ညို၊ ချိန်ဘာလိန်၊ ကီတာတို့ကို ရေရှည်အတွက် ရည်ရွယ်ထားပြီး လာမယ့်နှစ်ကစလို့ ချိန်ဘာလိန်နဲ့ ကီတာကို ပိုမို နေရာပေးဖို့ အစီအစဉ် ရှိနေပါတယ်။ အကယ်ဒမီထွက် ကွင်းလယ်လူ ဂျုံး၊ တောင်ပံသမား အီလီယော့တို့က စီနီယာအဆင့်ကို ရောက်လာမယ့် ရေပန်းအစားဆုံး ကြယ်ပွင့်တွေဖြစ်တယ်။ ခံစစ် ဘယ် ညာ အစွန်မှ ထရန့်နဲ့ ရော်ဘတ်ဆန်တို့က ငယ်ရွယ်သေးပေမယ့်လည်း ညာအစွန်မှာ နီကိုးကို နေရာစပေးဖို့ ကလော့ပ်က စီစဉ်ထားပြီး ဘယ်အစွန်အတွက်တော့ လူငယ်တစ်ဦးကို ခေါ်ယူလိုနေတယ်။

ဗဟိုခံစစ်မှာ ဂိုးမက်စ်ဟာ အခုမှ အသက် ၂၃ နှစ်ဝန်းကျင်ပဲ ရှိသေးပြီး လိဒ်မှ ဘမ်ဝိုက်လို ခံစစ်မှူးနဲ့ ဟိုဗာတို့ကို ရေရှည်အတွက် အသင်းဘက်က ကြည့်ရှုနေတာဖြစ်တယ်။ ကလော့ပ်ဟာ တိုက်စစ်ပိုင်းမှာ ငယ်ရွယ်ပြီး အလားအလာကောင်းတဲ့ ကစားသမားကိုပဲ အားဖြည့်လိုကာ အဲ့အတွက် တစ်ဦးတည်းကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမှာ မဟုတ်ဘူးလို့ သိထားရတာဖြစ်တယ်။

ယာဂင်ကလော့ပ်နဲ့ နည်းပြအဖွဲ့တွေက နွေမှာတော့ လယ်လာနာ၊ ရှာကွီရီတို့အပြင် ကားရီးယက်၊ လိုဗရန်တို့ကို ရောင်းထုတ်ဖို့ ပြင်ဆင်ထားတယ်လို့ သတင်းထွက်နေတယ်။ အငှားကစားသမားတွေဖြစ်တဲ့ ဝဲလ်ဆန်၊ ဂရုဂျစ်တို့ရဲ့ အနာဂတ်ကလည်း အသင်းထံ ပြန်ရောက်မှ ဆုံးဖြတ်မှာဖြစ်ပေမယ့် အပြီးသတ် ခေါ်ယူမယ့် ကလပ်တွေကို လမ်းဖွင့်ပေးမှာ ဖြစ်ပါတယ်။ ကစားသမားသစ် အများအပြား ခေါ်ယူဖို့ကို ဦးစားပေးခြင်းထက် နွေမှာတော့ ရေရှည်အတွက် ရည်ရွယ်တဲ့ ခေါ်ယူမှုတွေကို လုပ်ဆောင်သွားမှာပါ။

လီဗာပူးရဲ့ အောင်မြင်တဲ့ မျိုးဆက်လို့ ခေါ်ရမယ့် လက်ရှိ လူစာရင်းဟာ သိပ်မကြာခင် နှစ်တွေမှာ အသက်အရွယ် ရလာမှာဖြစ်ပြီး သူတို့နေရာ အစားထိုးဖို့ ဒုတိယ အကောင်းဆုံး အသင်းတစ်သင်းကို ကလော့ပ်က တည်ဆောက်မှာဖြစ်ကာ အသင်းကင်းထောက်နဲ့ ကစားသမားခေါ်ယူရေး တာဝန်ရှိသူတွေကို နာမည်စာရင်းတစ်ခုပေးဖို့ ကလော့ပ်ဘက်က ပြင်ဆင်နေပြီလို့ ယူဆရတာဖြစ်ပါတယ်။

ZAWGYI

“ ေအာင္ျမင္တဲ့ အသင္းတစ္သင္းကို တည္ေဆာက္ဖို႔က လြယ္ပါတယ္။ သာမာန္ ကစားသမားေတြနဲ႔လည္း အရမ္းေကာင္းတဲ့ ေဘာလံုးကို ကစားလိုရတယ္။ ဂႏၱဝင္တြင္ေလာက္တဲ့ အသင္းတစ္သင္းကို ဘယ္လို တည္ေဆာက္ရမယ္ဆိုတာေတာ့ က်ေနာ္ မသိပါဘူး။ ”

အထက္ပါ စကားကိုေတာ့ မႏွစ္တုန္းက ယာဂင္ကေလာ့ပ္က ေျပာဆိုခဲ့တာပါ။ လီဗာပူးဟာ ခ်န္ပီယံလိဂ္ဖလားကို အႏုိင္ရထားသလို ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလားကို အႏုိင္ရဖို႔ကလည္း ေသခ်ာသေလာက္ ရွိေနခဲ့ျပီျဖစ္လို႔ လက္ရွိ အသင္းဟာ ကလပ္အသင္း သမိုင္းမွာ ဂႏၱဝင္တြင္မယ့္ အသင္းတစ္သင္း ျဖစ္လာဖို႔ အခြင့္အေရး မ်ားေနပါျပီ။

ဒါေပမယ့္ လီဗာပူးအသင္း ဆက္လက္ ရင္ဆုိင္ရမယ့္ ျပႆနာက ထိပ္တန္းအဆင့္ အသင္းတစ္အသင္းအျဖစ္နဲ႔ ဆုဖလာေတြကို စိန္ေခၚႏုိင္စြမ္းေတြကို ဘယ္လို ထိန္းသိမ္းမလဲဆိုတာပဲ ျဖစ္ပါတယ္။

လက္ရွိ လီဗာပူးအသင္းရဲ႕ အဓိက ကစားသမားေတြျဖစ္တဲ့ ဆာလက္၊ မာေနး၊ ဖာမင္ႏိုတို႔ဟာ မၾကာခင္မွာ အသက္ ၂၈ ႏွစ္နဲ႔ ၂၉ ႏွစ္ေတြ ျဖစ္လာၾကပါေတာ့မယ္။ ကြင္းလယ္လူေတြျဖစ္တဲ့ ဟန္ဒါဆန္နဲ႔ ဝိုက္နယ္ဒမ္တုိ႔ကလည္း ၃၀ နဲ႔ ၂၉ ႏွစ္အရြယ္ေတြ ေရာက္လာၾကျပီျဖစ္ျပီး ခံစစ္သမားေတြျဖစ္တဲ့ ဗန္ဒိုက္၊ မာတစ္တို႔က ၂၈ ႏွစ္အရြယ္ေတြ ေရာက္လာၾကျပီျဖစ္ပါတယ္။

လီဗာပူးလူစာရင္းဟာ အသက္အရြယ္ တစ္ခုကို စတင္ ခ်ဥ္းကပ္လာျပီျဖစ္ျပီး လာမယ့္ရာသီမွာေတာ့ အသင္းရဲ႕ ပွ်မ္းမွ်အသက္က အဓိက စိန္ေခၚမႈ ျဖစ္လာႏုိင္ပါတယ္။ ဆုဖလားကို ေရရွည္ စိန္ေခၚမယ့္ အသင္းတိုင္းဟာ မ်ိဳးဆက္သစ္ေတြကို ထပ္ထပ္ ျဖည့္ျခင္းနဲ႔အတူ အသင္းအထုိင္ကို အျမဲတမ္း အားျဖည့္ဖို႔ လိုအပ္တာျဖစ္တယ္။

လီဗာပူးဟာ ကြင္းလယ္မွာ ဖာဘင္ညိဳ၊ ခ်ိန္ဘာလိန္၊ ကီတာတို႔ကို ေရရွည္အတြက္ ရည္ရြယ္ထားျပီး လာမယ့္ႏွစ္ကစလို႔ ခ်ိန္ဘာလိန္နဲ႔ ကီတာကို ပိုမို ေနရာေပးဖို႔ အစီအစဥ္ ရွိေနပါတယ္။ အကယ္ဒမီထြက္ ကြင္းလယ္လူ ဂ်ံဳး၊ ေတာင္ပံသမား အီလီေယာ့တို႔က စီနီယာအဆင့္ကို ေရာက္လာမယ့္ ေရပန္းအစားဆံုး ၾကယ္ပြင့္ေတြျဖစ္တယ္။ ခံစစ္ ဘယ္ ညာ အစြန္မွ ထရန္႔နဲ႔ ေရာ္ဘတ္ဆန္တို႔က ငယ္ရြယ္ေသးေပမယ့္လည္း ညာအစြန္မွာ နီကိုးကို ေနရာစေပးဖို႔ ကေလာ့ပ္က စီစဥ္ထားျပီး ဘယ္အစြန္အတြက္ေတာ့ လူငယ္တစ္ဦးကို ေခၚယူလိုေနတယ္။

ဗဟိုခံစစ္မွာ ဂိုးမက္စ္ဟာ အခုမွ အသက္ ၂၃ ႏွစ္ဝန္းက်င္ပဲ ရွိေသးျပီး လိဒ္မွ ဘမ္ဝိုက္လို ခံစစ္မွဴးနဲ႔ ဟိုဗာတို႔ကို ေရရွည္အတြက္ အသင္းဘက္က ၾကည့္ရႈေနတာျဖစ္တယ္။ ကေလာ့ပ္ဟာ တိုက္စစ္ပိုင္းမွာ ငယ္ရြယ္ျပီး အလားအလာေကာင္းတဲ့ ကစားသမားကိုပဲ အားျဖည့္လိုကာ အဲ့အတြက္ တစ္ဦးတည္းကို စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးနဲ႔ ေခၚယူမွာ မဟုတ္ဘူးလို႔ သိထားရတာျဖစ္တယ္။

ယာဂင္ကေလာ့ပ္နဲ႔ နည္းျပအဖြဲ႔ေတြက ေႏြမွာေတာ့ လယ္လာနာ၊ ရွာကီြရီတို႔အျပင္ ကားရီးယက္၊ လိုဗရန္တို႔ကို ေရာင္းထုတ္ဖို႔ ျပင္ဆင္ထားတယ္လို႔ သတင္းထြက္ေနတယ္။ အငွားကစားသမားေတြျဖစ္တဲ့ ဝဲလ္ဆန္၊ ဂရုဂ်စ္တို႔ရဲ႕ အနာဂတ္ကလည္း အသင္းထံ ျပန္ေရာက္မွ ဆံုးျဖတ္မွာျဖစ္ေပမယ့္ အျပီးသတ္ ေခၚယူမယ့္ ကလပ္ေတြကို လမ္းဖြင့္ေပးမွာ ျဖစ္ပါတယ္။ ကစားသမားသစ္ အမ်ားအျပား ေခၚယူဖို႔ကို ဦးစားေပးျခင္းထက္ ေႏြမွာေတာ့ ေရရွည္အတြက္ ရည္ရြယ္တဲ့ ေခၚယူမႈေတြကို လုပ္ေဆာင္သြားမွာပါ။

လီဗာပူးရဲ႕ ေအာင္ျမင္တဲ့ မ်ိဳးဆက္လို႔ ေခၚရမယ့္ လက္ရွိ လူစာရင္းဟာ သိပ္မၾကာခင္ ႏွစ္ေတြမွာ အသက္အရြယ္ ရလာမွာျဖစ္ျပီး သူတို႔ေနရာ အစားထိုးဖို႔ ဒုတိယ အေကာင္းဆံုး အသင္းတစ္သင္းကို ကေလာ့ပ္က တည္ေဆာက္မွာျဖစ္ကာ အသင္းကင္းေထာက္နဲ႔ ကစားသမားေခၚယူေရး တာဝန္ရွိသူေတြကို နာမည္စာရင္းတစ္ခုေပးဖို႔ ကေလာ့ပ္ဘက္က ျပင္ဆင္ေနျပီလို႔ ယူဆရတာျဖစ္ပါတယ္။