လီဗာပူးတိုက်စစ်သမား ဆာလက်နဲ့ ရီးရဲလ်မက်ဒရစ်ကြား အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အီဂျစ်သား တိုက်စစ်သမားက စပိန်ကို ပြောင်းဖို့ ရည်ရွယ်ချက်မရှိဘူးလို့ လက်ရွေးစင်အသင်းဖော် အန်နီနီက ထုတ်ပြော လိုက်ပါတယ်။

ဒီအပတ်မှာပဲ စပိန်သတင်းဌာနတွေက မန်နေဂျာဇီဒန်းဟာ ဆာလက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြခဲ့တာပါ။ ဒါပေမယ့်လည်း တူရကီကလပ် ဘက်ဆစ်တက်ကို ရောက်နေတဲ့ အာဆင်နယ် အငှားကစားသမားက လက်ရွေးစင် အသင်းဖော်ဟာ စပိန်မြေကို မပြောင်းပဲ လီဗာပူးမှာပဲ အကောင်းဆုံး အချိန်တွေကို ထပ်မံ ရယူလိမ့်မယ်လို့ ဖွင့်ဟလိုက်တာဖြစ်တယ်။

အန်နီနီက ” ကျနော်အတွက်ကတော့ ဆာလက်ဟာ ကမ္ဘာအကောင်းဆုံး ကလပ်အသင်း တစ်သင်းမှာ ကစားနေတာ ဖြစ်ပါတယ်။ သူက လီဗာပူးမှာဆိုရင် စူပါစတားတစ်ဦးပါ။ သူ့နေရာမှာ ကျနော်ဆိုရင် လီဗာပူးမှာပဲ ဆက်နေပါမယ်။ ချယ်ဆီးကနေ ပြောင်းပြီးနောက်မှာ ရီးရဲလ်မက်ဒရစ်မှာ ဟာဇက် ရုန်းကန်နေရတာကို သူလည်း မြင်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ လီဗာပူးထက် ပိုကြီးတဲ့ ကလပ်အသင်းပါ။ ဘာစီလိုနာကလည်း လီဗာပူးထက် ပိုကြီးမားပါတယ်။ ဒါပေမယ့် သူက လက်ရှိ ကလပ်မှာ အတော်လေး အခြေကျနေပြီး လီဗာပူးအသင်းကလည်း အကောင်းဆုံး အနေအထားတွေကို ပိုင်ဆိုင်နေတာပါ။

ဆာလက်ရဲ့ စိတ်ထဲမှာ ဘာတွေ တွေးနေမယ်ဆိုတာ ကျနော် မသိပါဘူး။ ဒါပေမယ့် ကျနော် ဆိုရင်တော့ လီဗာပူးမှာပဲ သေချာပေါက် ဆက်နေမှာပါ။ လီဗာပူးပရိသတ်တွေက သူ့ကို နှစ်သက်ကြတယ်။ သူက ဂိုးတွေလည်း သွင်းနေတယ်။ လီဗာပူးရဲ့ ကြီးကျယ်တဲ့ ကစားသမား ဖြစ်လာနိုင်ပြီး သူက လီဗာပူးအတွက် ပြည့်စုံတယ်လို့ ထင်ပါတယ် ” လို့ ဆိုပါတယ်။

ဆာလက်နဲ့ အန်နီနီတို့ဟာ လက်ရွေးစင်အသင်းမှာ ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်လို့ သူ့ရဲ့ ထုတ်ပြောမှုဟာ ဆာလက်ရဲ့ သဘောထားတွေကို သိထးခြင်းကြောင့်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိလာနေတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္သမား ဆာလက္နဲ႔ ရီးရဲလ္မက္ဒရစ္ၾကား အေျပာင္းအေရႊ႔ သတင္းေတြ ထြက္ေပၚေနေပမယ့္ အီဂ်စ္သား တိုက္စစ္သမားက စပိန္ကို ေျပာင္းဖို႔ ရည္ရြယ္ခ်က္မရွိဘူးလို႔ လက္ေရြးစင္အသင္းေဖာ္ အန္နီနီက ထုတ္ေျပာ လိုက္ပါတယ္။

ဒီအပတ္မွာပဲ စပိန္သတင္းဌာနေတြက မန္ေနဂ်ာဇီဒန္းဟာ ဆာလက္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ ေဖာ္ျပခဲ့တာပါ။ ဒါေပမယ့္လည္း တူရကီကလပ္ ဘက္ဆစ္တက္ကို ေရာက္ေနတဲ့ အာဆင္နယ္ အငွားကစားသမားက လက္ေရြးစင္ အသင္းေဖာ္ဟာ စပိန္ေျမကို မေျပာင္းပဲ လီဗာပူးမွာပဲ အေကာင္းဆံုး အခ်ိန္ေတြကို ထပ္မံ ရယူလိမ့္မယ္လို႔ ဖြင့္ဟလိုက္တာျဖစ္တယ္။

အန္နီနီက ” က်ေနာ္အတြက္ကေတာ့ ဆာလက္ဟာ ကမၻာအေကာင္းဆံုး ကလပ္အသင္း တစ္သင္းမွာ ကစားေနတာ ျဖစ္ပါတယ္။ သူက လီဗာပူးမွာဆိုရင္ စူပါစတားတစ္ဦးပါ။ သူ႔ေနရာမွာ က်ေနာ္ဆိုရင္ လီဗာပူးမွာပဲ ဆက္ေနပါမယ္။ ခ်ယ္ဆီးကေန ေျပာင္းျပီးေနာက္မွာ ရီးရဲလ္မက္ဒရစ္မွာ ဟာဇက္ ရုန္းကန္ေနရတာကို သူလည္း ျမင္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ လီဗာပူးထက္ ပိုၾကီးတဲ့ ကလပ္အသင္းပါ။ ဘာစီလိုနာကလည္း လီဗာပူးထက္ ပိုၾကီးမားပါတယ္။ ဒါေပမယ့္ သူက လက္ရွိ ကလပ္မွာ အေတာ္ေလး အေျခက်ေနျပီး လီဗာပူးအသင္းကလည္း အေကာင္းဆံုး အေနအထားေတြကို ပိုင္ဆုိင္ေနတာပါ။

ဆာလက္ရဲ႕ စိတ္ထဲမွာ ဘာေတြ ေတြးေနမယ္ဆိုတာ က်ေနာ္ မသိပါဘူး။ ဒါေပမယ့္ က်ေနာ္ ဆိုရင္ေတာ့ လီဗာပူးမွာပဲ ေသခ်ာေပါက္ ဆက္ေနမွာပါ။ လီဗာပူးပရိသတ္ေတြက သူ႔ကို ႏွစ္သက္ၾကတယ္။ သူက ဂိုးေတြလည္း သြင္းေနတယ္။ လီဗာပူးရဲ႕ ၾကီးက်ယ္တဲ့ ကစားသမား ျဖစ္လာႏုိင္ျပီး သူက လီဗာပူးအတြက္ ျပည့္စံုတယ္လို႔ ထင္ပါတယ္ ” လို႔ ဆိုပါတယ္။

ဆာလက္နဲ႔ အန္နီနီတို႔ဟာ လက္ေရြးစင္အသင္းမွာ ရင္းႏွီးတဲ့ သူငယ္ခ်င္းေတြျဖစ္လို႔ သူ႔ရဲ႕ ထုတ္ေျပာမႈဟာ ဆာလက္ရဲ႕ သေဘာထားေတြကို သိထးျခင္းေၾကာင့္လည္း ျဖစ္ႏုိင္တယ္လို႔ သံုးသပ္မႈေတြ ရွိလာေနတာျဖစ္ပါတယ္။