အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်ထားတဲ့ လီဗာပူးအသင်းဟာ ဒီတပတ်မှာတော့ တန်းဆင်းဇုန်မှာ ရုန်းကန်နေရတဲ့ ဝက်ဖို့ဒ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီလို ပွဲစဉ်တွေက မထင်မှတ်ဘဲ ခက်ခဲလွန်းတတ်တာကြောင့် လီဗာပူးတို့ မပေါ့ဆဘဲ ယှဉ်ပြိုင် နိုင်ဖို့ လိုအပ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က ဝက်စ်ဟမ်းကို အနိုင်ရခဲ့ပေမယ့် ဂိုးတွေ ပေးခဲ့ရတဲ့ လီဗာပူးဟာ ဒီပွဲစဉ်မှာ ခံစစ်ကို ပြန်လည် တင်းကြပ်နိုင်မလားလည်း စောင့်ကြည့်ရဖွယ်ပါ။ ဝက်ဖို့ဒ်နဲ့ လီဗာပူး ပွဲစဉ် အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က အခုလို သုံးသပ်ထားပါတယ်။

” လီဗာပူးအသင်းက ဒီတလော ပွဲတွေမှာ သူတို့ရဲ့ အကောင်းဆုံး ပုံစံ ရှိမနေဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာတော့ နိုင်ပွဲတွေ ရယူနိုင်နေဆဲ ဖြစ်ပါတယ်။ ဒါက ချန်ပီယံတို့ရဲ့ ကောက်ကြောင်းတစ်ရပ်ပဲ ဖြစ်တယ်။ ပြီးခဲ့တဲ့ အပတ် အန်းဖီးမှာ ဝက်စ်ဟမ်းကို နိုင်တဲ့ပွဲကို ကြည့်ရင် သူတို့ရဲ့ စံချိန်တင် မှတ်တမ်းတွေနဲ့ ဘောလုံးရာသီကို ချိုးဖျက်နိုင်ကြမယ့် အချင်းအရာ မမြင်မိသေးပါဘူး။

ဝက်ဖို့ဒ်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိုးထရက်ဖို့ဒ်မှာ အခွင့်ကောင်းတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ အရှုံးပေးလိုက်ရပြီး ပရီးမီးယားလိဂ်မှာ တင်ကျန်ဖို့ ၎င်းတို့ ဆက်လက် တိုက်ပွဲရဦးမှာ ဖြစ်ပါတယ်။

ဒီပွဲက ဝက်ဖို့အတွက် အခွင့်အရေးကောင်းတွေလည်း ရှိနိုင်ပြီး ခက်ခဲတဲ့ ပွဲ တစ်ပွဲ ဖြစ်ဖို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် ဂိုး သိပ်မပြတ်ဘဲ လီဗာပူးတို့ပဲ အနိုင်ရသွားဦးမှာလို့ ကျနော် ယုံကြည်တယ်။ ” လို့ အိုဝင်က သုံးသပ် ဖော်ပြထားပါတယ်။

မိုက်ကယ် အိုဝင် ခန့်မှန်းရလဒ်ကတော့ လီဗာပူး ၁-၀ ဝက်ဖို့ဒ်ပဲ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ မနက်ဖြန် စနေနေ့ မြန်မာအချိန် ည ၁၂ နာရီ တိတိပါ။

Zawgyi – အမွတ္ေပးဇယားကို ဆက္လက္ ဦးေဆာင္္ထားတဲ့ လီဗာပူးအသင္းဟာ ဒီတပတ္မွာေတာ့ တန္းဆင္းဇုန္မွာ ရုန္းကန္ေနရတဲ့ ၀က္ဖို႔ဒ္ကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။ ဒီလုိ ပြဲစဥ္ေတြက မထင္မွတ္ဘဲ ခက္ခဲလြန္းတတ္တာေၾကာင့္ လီဗာပူးတို႔ မေပါ့ဆဘဲ ယွဥ္ျပိဳင္ နုိင္ဖို႔ လိုအပ္ပါတယ္။

ျပီးခဲ့တဲ့ အပတ္က ၀က္စ္ဟမ္းကို အနိုင္ရခဲ့ေပမယ့္ ဂိုးေတြ ေပးခဲ့ရတဲ့ လီဗာပူးဟာ ဒီပြဲစဥ္မွာ ခံစစ္ကို ျပန္လည္ တင္းၾကပ္နိုင္မလားလည္း ေစာင့္ၾကည့္ရဖြယ္ပါ။ ၀က္ဖို႔ဒ္နဲ႕ လီဗာပူး ပြဲစဥ္ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္က အခုလို သံုးသပ္ထားပါတယ္။

” လီဗာပူးအသင္းက ဒီတေလာ ပြဲေတြမွာ သူတို႔ရဲ႕ အေကာင္းဆံုး ပံုစံ ရွိမေနဘူး။ ဒါေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ နိုင္ပြဲေတြ ရယူနုိင္ေနဆဲ ျဖစ္ပါတယ္။ ဒါက ခ်န္ပီယံတို႔ရဲ႕ ေကာက္ေၾကာင္းတစ္ရပ္ပဲ ျဖစ္တယ္။ ျပီးခဲ့တဲ့ အပတ္ အန္းဖီးမွာ ၀က္စ္ဟမ္းကို နုိင္တဲ့ပြဲကို ၾကည့္ရင္ သူတို႔ရဲ႕ စံခ်ိန္တင္ မွတ္တမ္းေတြနဲ႕ ေဘာလံုးရာသီကို ခ်ိဳးဖ်က္နိုင္ၾကမယ့္ အခ်င္းအရာ မျမင္မိေသးပါဘူး။

၀က္ဖို႔ဒ္က ျပီးခဲ့တဲ့ တနဂၤေႏြေန႕က အိုးထရက္ဖို႔ဒ္မွာ အခြင့္ေကာင္းေတြ ရွိခဲ့ပါတယ္။ ဒါေပမယ့္ အဆံုးမွာေတာ့ အရွံဳးေပးလိုက္ရျပီး ပရီးမီးယားလိဂ္မွာ တင္က်န္ဖို႔ ၄င္းတို႔ ဆက္လက္ တိုက္ပြဲရဦးမွာ ျဖစ္ပါတယ္။

ဒီပြဲက ၀က္ဖို႔အတြက္ အခြင့္အေရးေကာင္းေတြလည္း ရွိနိုင္ျပီး ခက္ခဲတဲ့ ပြဲ တစ္ပြဲ ျဖစ္ဖို႔ ေမွ်ာ္လင့္ရပါတယ္။ ဒါေပမယ့္ ဂိုး သိပ္မျပတ္ဘဲ လီဗာပူးတို႔ပဲ အနုိင္ရသြားဦးမွာလို႔ က်ေနာ္ ယံုၾကည္တယ္။ ” လို႔ အို၀င္က သံုးသပ္ ေဖာ္ျပထားပါတယ္။

မိုက္ကယ္ အို၀င္ ခန္႔မွန္းရလဒ္ကေတာ့ လီဗာပူး ၁-၀ ၀က္ဖို႔ဒ္ပဲ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ မနက္ျဖန္ စေနေန႔ ျမန္မာအခ်ိန္ ည ၁၂ နာရီ တိတိပါ။