လီဗာပူးကွင်းလယ်လူ ဖာဘင်ညိုကတော့ အသင်းဟာ ကလပ်အသင်းခေါင်းဆောင် ဟန်ဒါဆန်ရဲ့ ခြေစွမ်းနဲ့ ဦးဆောင်မှုတွေကို လွမ်းဆွတ်နေရတယ်လို့ ဝန်ခံစကား ဆိုလိုက်ပါတယ်။

ဟန်ဒါဆန်ဟာ ဒီရာသီ လီဗာပူးအသင်း တည်ငြိမ်စွာနဲ့ စွမ်းဆောင်ရည်ကောင်းတွေ ရစေဖို့အတွက် အဓိက ဦးဆောင်ပေးနေသူပါ။ သူဟာ လီဗာပူးအသင်းရဲ့ ဒီရာသီ အကောင်းဆုံး ကစားသမားအဖြစ် တောက်ပနေသလို ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ဆုအတွက်ပါ ရေပန်းစားနေတာဖြစ်တယ်။

ဖာဘင်ညိုက “ ဒီရာသီမှာ ဟန်ဒိုက ကျနော်တို့ အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်။ ဒါကို သံသယ မရှိပါဘူး။ သူ့ရဲ့ စွမ်းဆောင်ရည်က အရမ်းကို ကောင်းမွန်ပါတယ်။ ကွင်းထဲမှာ သူ့ရဲ့ ခြေစွမ်းတင် မကပဲ သူ့ရဲ့ စိတ်ဓါတ်ပိုင်းကလည်း အသင်းကို ဦးဆောင်မှု ပေးပါတယ်။ သူက အသင်းခေါင်းဆောင်ပါ။

အခုချိန်မှာ သူ့လို ခေါင်းဆောင်မှုမျိုးနဲ့အတူ အသင်းကို ကျနော် ကူညီပေးနိုင်ဖို့ လိုနေပါတယ်။ ကျနေ်ာတို့မှာ အတူညီတဲ့ ပင်ကိုယ်စရိုက်တွေ ရှိထားကြပြီး အသင်းကို ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ပြောခဲ့သလိုပဲ ဟန်ဒိုက ကျနော်တို့ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးပါ။ သူ့ကို လွမ်းဆွတ်နေကြမယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ ဒါပေမယ့် ဒီအသင်းက ဘယ်လို အဓိက ကစားသမားကို လက်လွတ်ရသည် ဖြစ်ပါစေ အမြင့်ဆုံး အဆင့်မှာ ကစားနိုင်တာကို သက်သေပြထားပြီးပါပြီ။

ကံမကောင်းစွာပဲ ဒီအခြေအနေမှာ ဟန်ဒိုက ဒဏ်ရာရနေတယ်။ ဒါပေမယ့် ဒါကလည်း အခြားအသင်းသားတွေကို ကိုယ်ရဲ့ စွမ်းဆောင်ရည်တွေကို ပြသဖို့ အခွင့်အရေးပါပဲ။ အသင်းဖော်တွေကလည်း လူစာရင်းထဲ ပါဝင်လာပြီး ခြားနားတာတွေကို လုပ်ပြနိုင်ပါတယ်။ ” လို့ ဖွင့်ဟသွားတာဖြစ်ပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်က ဟန်ဒါဆန်ဟာ ဒဏ်ရာကြောင့် သုံးပတ်ထိ အနားယူရမယ်လို့ ပြောဆိုထားပြီး အသင်းခေါင်းဆောင်ဟာ အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်ပွဲ ဒုတိယအကျော့ကို လွဲချော်မှာဖြစ်တယ်။ ဒီကာလတွေမှာ ဖာဘင်ညိုဟာ ဟန်ဒါဆန်ရဲ့ နေရာကို ပြန်လည် ဝင်ရောက်လာပြီး ခြေစွမ်းပြပေးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကြင္းလယ္လူ ဖာဘင္ညိဳကေတာ့ အသင္းဟာ ကလပ္အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ရဲ႕ ေျခစြမ္းနဲ႔ ဦးေဆာင္မႈေတြကို လြမ္းဆြတ္ေနရတယ္လို႔ ဝန္ခံစကား ဆိုလုိက္ပါတယ္။

ဟန္ဒါဆန္ဟာ ဒီရာသီ လီဗာပူးအသင္း တည္ျငိမ္စြာနဲ႔ စြမ္းေဆာင္ရည္ေကာင္းေတြ ရေစဖို႔အတြက္ အဓိက ဦးေဆာင္ေပးေနသူပါ။ သူဟာ လီဗာပူးအသင္းရဲ႕ ဒီရာသီ အေကာင္းဆံုး ကစားသမားအျဖစ္ ေတာက္ပေနသလို ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆံုး ဆုအတြက္ပါ ေရပန္းစားေနတာျဖစ္တယ္။

ဖာဘင္ညိဳက “ ဒီရာသီမွာ ဟန္ဒိုက က်ေနာ္တုိ႔ အသင္းရဲ႕ အေကာင္းဆံုး ကစားသမားေတြထဲက တစ္ဦးျဖစ္တယ္။ ဒါကို သံသယ မရွိပါဘူး။ သူ႔ရဲ႕ စြမ္းေဆာင္ရည္က အရမ္းကို ေကာင္းမြန္ပါတယ္။ ကြင္းထဲမွာ သူ႔ရဲ႕ ေျခစြမ္းတင္ မကပဲ သူ႔ရဲ႕ စိတ္ဓါတ္ပိုင္းကလည္း အသင္းကို ဦးေဆာင္မႈ ေပးပါတယ္။ သူက အသင္းေခါင္းေဆာင္ပါ။

အခုခ်ိန္မွာ သူ႔လို ေခါင္းေဆာင္မႈမ်ိဳးနဲ႔အတူ အသင္းကို က်ေနာ္ ကူညီေပးႏုိင္ဖို႔ လိုေနပါတယ္။ က်ေန္ာတို႔မွာ အတူညီတဲ့ ပင္ကိုယ္စရိုက္ေတြ ရွိထားၾကျပီး အသင္းကို ကူညီေပးႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ေျပာခဲ့သလိုပဲ ဟန္ဒိုက က်ေနာ္တုိ႔ရဲ႕ အေကာင္းဆံုး ကစားသမားေတြထဲက တစ္ဦးပါ။ သူ႔ကို လြမ္းဆြတ္ေနၾကမယ္ဆိုတာ သံသယရွိစရာ မလိုပါဘူး။ ဒါေပမယ့္ ဒီအသင္းက ဘယ္လို အဓိက ကစားသမားကို လက္လြတ္ရသည္ ျဖစ္ပါေစ အျမင့္ဆံုး အဆင့္မွာ ကစားႏုိင္တာကို သက္ေသျပထားျပီးပါျပီ။

ကံမေကာင္းစြာပဲ ဒီအေျခအေနမွာ ဟန္ဒိုက ဒဏ္ရာရေနတယ္။ ဒါေပမယ့္ ဒါကလည္း အျခားအသင္းသားေတြကို ကိုယ္ရဲ႕ စြမ္းေဆာင္ရည္ေတြကို ျပသဖို႔ အခြင့္အေရးပါပဲ။ အသင္းေဖာ္ေတြကလည္း လူစာရင္းထဲ ပါဝင္လာျပီး ျခားနားတာေတြကို လုပ္ျပႏိုင္ပါတယ္။ ” လို႔ ဖြင့္ဟသြားတာျဖစ္ပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ဟန္ဒါဆန္ဟာ ဒဏ္ရာေၾကာင့္ သံုးပတ္ထိ အနားယူရမယ္လို႔ ေျပာဆိုထားျပီး အသင္းေခါင္းေဆာင္ဟာ အက္သလက္တီကိုနဲ႔ ခ်န္ပီယံလိဂ္ပြဲ ဒုတိယအေက်ာ့ကို လြဲေခ်ာ္မွာျဖစ္တယ္။ ဒီကာလေတြမွာ ဖာဘင္ညိဳဟာ ဟန္ဒါဆန္ရဲ႕ ေနရာကို ျပန္လည္ ဝင္ေရာက္လာျပီး ေျခစြမ္းျပေပးဖို႔ လိုအပ္ေနတာ ျဖစ္ပါတယ္။