ဝတ်ဖိုဒ့်မန်နေဂျာ Nigel Pearson က လီဗာပူးနဲ့ပွဲကို လွယ်လွယ် လက်မလျော့ပဲ အကောင်းဆုံး ကြိုးစားကာ ရလဒ်ကောင်းရယူဖို့ အသင်းသားတွေကို တိုက်တွန်းလိုက်ပါတယ်။

” အခြားအသင်းတွေထက်စာရင် ဒီပွဲမှာ ငါတို့အပေါ် မျှော်လင့်ထားမှုတွေက ပိုနည်းပါလိမ့်မယ်။ ဒါပေမယ့် ဒီပွဲက ငါတို့ နောက်ထပ် ယှဉ်ပြိုင်ရမယ့်ပွဲ ဖြစ်ပြီး ကစားရတဲ့ ပွဲတိုင်းကို အနိုင်သုံးမှတ် ထပ်ပေါင်းထည့်နိုင်ဖို့ ကြိုးစားရမှာပါပဲ။

ပထမဆုံးနဲ့ အရေးကြီးဆုံးက ကိုယ် ကစားနိုင်တဲ့အတိုင်း အကောင်းဆုံး ကစားဖို့ပါပဲ။ အဲ့တာက အရေးကြီးဆုံးပါ။ ပွဲတွေကို အရေးနိမ့်တာကို ငါတို့ မကြိုက်ဘူး။ ဒီပွဲမှာ ဖြစ်နိုင်သလောက် ကိုယ်ဘာသာ အကောင်းဆုံး ကြိုးစားပြီး အခွင့်အရေး ရအောင်ယူဖို့ သေချာ လုပ်ရမှာဖြစ်ပါတယ်။

အမှတ်အလားပေးလိုက်ဖို့လား။ ငါတို့က ပရီးမီးယားလိဂ်မှာပါ။ ဒီမှာပဲ ဆက်နေချင်ပြီး ထိပ်တန်းအသင်းနဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲတွေမှာ ရလဒ်မရဘူးလို့ ဖယ်ထုတ်လိုက်မယ်ဆိုရင် အခွင့်အရေးတွေက အကန့်အသတ် ဖြစ်လာစေမှာပါ။ ဒီပွဲကို ယှဉ်ပြိုင်မယ်၊ အကောင်းဆုံး ကြိုးစားမယ်။ ငါတို့က အကောင်းဆုံး လုပ်နိုင်ပြီး သူတို့က မကောင်းတာမျိုး ဖြစ်လာရင်လည်း ဖြစ်လာနိုင်တာပဲလေ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဒီဇင်ဘာတုန်းက အန်ဖီးကွင်းမှာ ဝတ်ဖိုဒ့် လာရောက်ကစားခဲ့ပြီး အဲ့တုန်းက ၂-၀ နဲ့ ဝတ်ဖိုဒ့်က အရေးနိမ့်ခဲ့တာပါ။ ဒါပေမယ့် အိမ်ကွင်းမှာ ဧည့်ခံ ကစားရချိန်မှာတော့ ချန်ပီယံဖြစ်ဖို့ သေချာသလောက် ရှိနေတဲ့ လီဗာပူးထံက ရလဒ်ကောင်း ပြန်ယူဖို့ကို ဝတ်ဖိုဒ့် မန်နေဂျာက အလိုရှိနေတာဖြစ်တယ်။

သူကပဲ ” လက်ရှိ လီဗာပူးအသင်းက သမိုင်းသစ် ရေးထိုးဖို့ အခွင့်အရေး ရထားတာပါ။ သူတို့က လက်ရှိ လူစာရင်းနဲ့အတူ အတော်လေးကို တိုးတက်လာခဲ့ပြီး ယာဂင်ကလော့ပ်ကလည်း သူတို့ကို ထိပ်ဆုံးအဆင့်တွေကို ပို့ဆောင်ပေးထားတယ်။ သူတို့က အရမ်းကို ကောင်းတဲ့ အသင်းတစ်သင်း ဖြစ်နေပါတယ်။

တစ်ဦးချင်း အရည်အချင်းကောင်းတွေကို စုဖွဲ့ထားပြီး နိုင်ပွဲရလိုတဲ့ စိတ်ဓါတ်ကောင်းတွေလည်း ပိုင်ဆိုင်ထားကြတယ်။ ဒီအတိုင်းပဲ တိုးတက်လာခဲ့တာဖြစ်ပြီး ဆက်လက်လည်း တိုးတက်လာနေပါတယ်။ လီဗာပူးက သိပ်ကောင်းတဲ့ အသင်းပါ ” လို့ ချီးကျူးခဲ့သေးတာ ဖြစ်ပါတယ်။

ZAWGYI

ဝတ္ဖုိဒ့္မန္ေနဂ်ာ Nigel Pearson က လီဗာပူးနဲ႔ပြဲကို လြယ္လြယ္ လက္မေလ်ာ့ပဲ အေကာင္းဆံုး ၾကိဳးစားကာ ရလဒ္ေကာင္းရယူဖို႔ အသင္းသားေတြကို တိုက္တြန္းလိုက္ပါတယ္။

” အျခားအသင္းေတြထက္စာရင္ ဒီပြဲမွာ ငါတို႔အေပၚ ေမွ်ာ္လင့္ထားမႈေတြက ပိုနည္းပါလိမ့္မယ္။ ဒါေပမယ့္ ဒီပြဲက ငါတို႔ ေနာက္ထပ္ ယွဥ္ျပိဳင္ရမယ့္ပြဲ ျဖစ္ျပီး ကစားရတဲ့ ပြဲတိုင္းကို အႏုိင္သံုးမွတ္ ထပ္ေပါင္းထည့္ႏုိင္ဖို႔ ၾကိဳးစားရမွာပါပဲ။

ပထမဆံုးနဲ႔ အေရးၾကီးဆံုးက ကိုယ္ ကစားႏုိင္တဲ့အတိုင္း အေကာင္းဆံုး ကစားဖို႔ပါပဲ။ အဲ့တာက အေရးၾကီးဆံုးပါ။ ပြဲေတြကို အေရးနိမ့္တာကို ငါတုိ႔ မၾကိဳက္ဘူး။ ဒီပြဲမွာ ျဖစ္ႏုိင္သေလာက္ ကိုယ္ဘာသာ အေကာင္းဆံုး ၾကိဳးစားျပီး အခြင့္အေရး ရေအာင္ယူဖို႔ ေသခ်ာ လုပ္ရမွာျဖစ္ပါတယ္။

အမွတ္အလားေပးလိုက္ဖို႔လား။ ငါတို႔က ပရီးမီးယားလိဂ္မွာပါ။ ဒီမွာပဲ ဆက္ေနခ်င္ျပီး ထိပ္တန္းအသင္းနဲ႔ ယွဥ္ျပိဳင္ကစားတဲ့ပြဲေတြမွာ ရလဒ္မရဘူးလို႔ ဖယ္ထုတ္လုိက္မယ္ဆိုရင္ အခြင့္အေရးေတြက အကန္႔အသတ္ ျဖစ္လာေစမွာပါ။ ဒီပြဲကို ယွဥ္ျပိဳင္မယ္၊ အေကာင္းဆံုး ၾကိဳးစားမယ္။ ငါတုိ႔က အေကာင္းဆံုး လုပ္ႏုိင္ျပီး သူတို႔က မေကာင္းတာမ်ိဳး ျဖစ္လာရင္လည္း ျဖစ္လာႏုိင္တာပဲေလ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဒီဇင္ဘာတုန္းက အန္ဖီးကြင္းမွာ ဝတ္ဖိုဒ့္ လာေရာက္ကစားခဲ့ျပီး အဲ့တုန္းက ၂-၀ နဲ႔ ဝတ္ဖိုဒ့္က အေရးနိမ့္ခဲ့တာပါ။ ဒါေပမယ့္ အိမ္ကြင္းမွာ ဧည့္ခံ ကစားရခ်ိန္မွာေတာ့ ခ်န္ပီယံျဖစ္ဖို႔ ေသခ်ာသေလာက္ ရွိေနတဲ့ လီဗာပူးထံက ရလဒ္ေကာင္း ျပန္ယူဖို႔ကို ဝတ္ဖိုဒ့္ မန္ေနဂ်ာက အလုိရွိေနတာျဖစ္တယ္။

သူကပဲ ” လက္ရွိ လီဗာပူးအသင္းက သမိုင္းသစ္ ေရးထိုးဖို႔ အခြင့္အေရး ရထားတာပါ။ သူတို႔က လက္ရွိ လူစာရင္းနဲ႔အတူ အေတာ္ေလးကို တိုးတက္လာခဲ့ျပီး ယာဂင္ကေလာ့ပ္ကလည္း သူတို႔ကို ထိပ္ဆံုးအဆင့္ေတြကို ပို႔ေဆာင္ေပးထားတယ္။ သူတို႔က အရမ္းကို ေကာင္းတဲ့ အသင္းတစ္သင္း ျဖစ္ေနပါတယ္။

တစ္ဦးခ်င္း အရည္အခ်င္းေကာင္းေတြကို စုဖြဲ႔ထားျပီး ႏုိင္ပြဲရလိုတဲ့ စိတ္ဓါတ္ေကာင္းေတြလည္း ပိုင္ဆုိင္ထားၾကတယ္။ ဒီအတိုင္းပဲ တိုးတက္လာခဲ့တာျဖစ္ျပီး ဆက္လက္လည္း တိုးတက္လာေနပါတယ္။ လီဗာပူးက သိပ္ေကာင္းတဲ့ အသင္းပါ ” လို႔ ခ်ီးက်ဴးခဲ့ေသးတာ ျဖစ္ပါတယ္။