ဗြိတိန်အာဏာပိုင်တွေက လက်တလောဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်ကြောင့် ဗြိတိန်ပြည်တွင်းမှာ အားကစားပွဲတွေကို ကျင်းပဖို့ ရပ်ဆိုင်းလိုက်ပြီဆိုရင် ဒီရာသီအတွက် လီဗာပူးဟာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်မှာ မဟုတ်ဘူးလို့ တယ်လီဂရပ်က ဖော်ပြပါတယ်။ ထိုနည်းတူစွာပဲ တန်းဆင်းရမယ့် အသင်းတွေကိုလည်း အတည်ပြုပေးမှာ မဟုတ်ပါဘူး။

တိုက်စစ်သမား မာနေးက ပရီးမီးယားလိဂ် ဖလားကို အနိုင်ရမယ်ဆိုရင် တစ်ဦးချင်းကို ဆုတံဆိပ်တစ်ခုစီ ပေးတာကို သူမသိပါဘူးလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံသွားပါတယ်။ ကလော့ပ်ကတော့ ဒါကို ရယ်စရာအဖြစ်ပဲ မြင်ပါတယ်လို့ ပွဲကြိုမှာ ထုတ်ပြောပါတယ်။

ကွင်းလယ်လူတွေဖြစ်တဲ့ ကီတာနဲ့ ချိန်ဘာလိန်တို့ဟာ အသင်းမှာ တစ်ဦးနဲ့တစ်ဦး ပြိုင်ဆိုင်နေကြတာ မဟုတ်ပါဘူးလို့ ကလော့ပ်က ဆိုပါတယ်။ နှစ်ဦးလုံးက ခြားနားတဲ့ ကစားဟန်တွေရှိလို့ မတူညီတဲ့ နည်းလမ်းတွေနဲ့ အသင်းအတွက် အထောက်အကူဖြစ်တယ်လို့ မန်နေဂျာက ဝတ်ခံပါတယ်။

ကွင်းလယ်လူ ဖာဘင်ညိုက အသင်းဟာ ဟန်ဒိုရဲ့ ဦးဆောင်ပေးမှုနဲ့ ခြေစွမ်းကို လွမ်းဆွတ်နေရတယ်လို့ ဝန်ခံပေမယ့် ဒီရာသီမှာ အသင်းဟာ အဓိက ကစားသမားတွေ မပါဝင်ချိန်တိုင်း ထိပ်ဆုံးအဆင့် ခြေစွမ်းတွေ ပြသခဲ့သလို ဒီတစ်ကြိမ်မှာလည်း လုပ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

ဝတ်ဖိုဒ့်မန်နေဂျာက ဒီအပတ် လီဗာပူးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ရာမှာ လွယ်လွယ်နဲ့ အရံှူးပေးမှာ မဟုတ်ပဲ ကြိုးစား ယှဉ်ပြိုင်ကာ အနိုင်သုံးမှတ်ရဖို့ ကြိုးစားမယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ဝက်ဟမ်းကို ၃-၂ နဲ့ အနိုင်ရတဲ့ပွဲမှာ အန်ဖီးကွင်းဟာ နိုင်ပွဲတွေကို သာယာနေပြီး ပုံမှန်လုပ်နေကျ အားပေးမှုကိုတောင် မလုပ်နိုင်ကြပဲ ၂-၂ ဖြစ်သွားတဲ့ အခြေအနေမှ ယခင် အားပေးမှု အငွေ့အသက်တွေ ပြန်မြင်တွေ့ရတယ်လို့ မာဆေးဆိုဒ်အခြေစိုက် အသင်းပရိသတ်တွေက ဖွင့်ဟလာပါတယ်။

လီဗာပူးရဲ့ စီပွားရေးကြေညာမှာ မာတစ်လည်း ပါဝင်သရုပ်ဆောင်သွားခဲ့ပြီး ကင်မရွန်းကစားသမားကြီးဟာ ပထမဆုံးအကြိမ် လူမြင်ကွင်းကို ထွက်ပြီး စကားပြောခြင်းလည်း ဖြစ်ပါတယ်။

ဟန်ဒါဆန်၊ မီလ်နာနဲ့ ရှာကွီရီ သုံးဦးမှာ မီလ်နာက ပြန်ကစားဖို့ နီးစပ်နေပြီဖြစ်ပြီး ဟန်ဒါဆန်က လာမယ့် အပတ်လောက်မှာ ပြန်ကစားနိုင်မှာဖြစ်ကာ ရှာကွီရီကတော့ ပါဝင်လာဖို့ မရှိသေးပါဘူး။

လိုက်ဇစ်တိုက်စစ်မှူး ဝါနာရဲ့ အေးဂျင့်ဟာ မန်နေဂျာယာဂင်ကလော့ပ် လေးစားရတဲ့ စီနီယာဖြစ်ပြီး သူတို့ နှစ်ဦးဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို ဂျာမနီမှာကတည်းက ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

ZAWGYI

ျဗိတိန္အာဏာပိုင္ေတြက လက္တေလာျဖစ္ပြားေနတဲ့ ကိုရိုနာဗိုင္းရပ္ေၾကာင့္ ျဗိတိန္ျပည္တြင္းမွာ အားကစားပြဲေတြကို က်င္းပဖို႔ ရပ္ဆုိင္းလိုက္ျပီဆိုရင္ ဒီရာသီအတြက္ လီဗာပူးဟာ ပရီးမီးယားလိဂ္ခ်န္ပီယံ ျဖစ္မွာ မဟုတ္ဘူးလို႔ တယ္လီဂရပ္က ေဖာ္ျပပါတယ္။ ထိုနည္းတူစြာပဲ တန္းဆင္းရမယ့္ အသင္းေတြကိုလည္း အတည္ျပဳေပးမွာ မဟုတ္ပါဘူး။

တိုက္စစ္သမား မာေနးက ပရီးမီးယားလိဂ္ ဖလားကို အႏုိင္ရမယ္ဆိုရင္ တစ္ဦးခ်င္းကို ဆုတံဆိပ္တစ္ခုစီ ေပးတာကို သူမသိပါဘူးလို႔ ပြင့္ပြင့္လင္းလင္း ဝန္ခံသြားပါတယ္။ ကေလာ့ပ္ကေတာ့ ဒါကို ရယ္စရာအျဖစ္ပဲ ျမင္ပါတယ္လို႔ ပြဲၾကိဳမွာ ထုတ္ေျပာပါတယ္။

ကြင္းလယ္လူေတြျဖစ္တဲ့ ကီတာနဲ႔ ခ်ိန္ဘာလိန္တို႔ဟာ အသင္းမွာ တစ္ဦးနဲ႔တစ္ဦး ျပိဳင္ဆုိင္ေနၾကတာ မဟုတ္ပါဘူးလို႔ ကေလာ့ပ္က ဆိုပါတယ္။ ႏွစ္ဦးလံုးက ျခားနားတဲ့ ကစားဟန္ေတြရွိလို႔ မတူညီတဲ့ နည္းလမ္းေတြနဲ႔ အသင္းအတြက္ အေထာက္အကူျဖစ္တယ္လို႔ မန္ေနဂ်ာက ဝတ္ခံပါတယ္။

ကြင္းလယ္လူ ဖာဘင္ညိဳက အသင္းဟာ ဟန္ဒိုရဲ႕ ဦးေဆာင္ေပးမႈနဲ႔ ေျခစြမ္းကို လြမ္းဆြတ္ေနရတယ္လို႔ ဝန္ခံေပမယ့္ ဒီရာသီမွာ အသင္းဟာ အဓိက ကစားသမားေတြ မပါဝင္ခ်ိန္တုိင္း ထိပ္ဆံုးအဆင့္ ေျခစြမ္းေတြ ျပသခဲ့သလို ဒီတစ္ၾကိမ္မွာလည္း လုပ္ႏုိင္မယ္လုိ႔ ယုံၾကည္ေနပါတယ္။

ဝတ္ဖိုဒ့္မန္ေနဂ်ာက ဒီအပတ္ လီဗာပူးအသင္းကို အိမ္ကြင္းမွာ ဧည့္ခံ ယွဥ္ျပိဳင္ရာမွာ လြယ္လြယ္နဲ႔ အရံွဴးေပးမွာ မဟုတ္ပဲ ၾကိဳးစား ယွဥ္ျပိဳင္ကာ အႏုိင္သံုးမွတ္ရဖို႔ ၾကိဳးစားမယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

ဝက္ဟမ္းကို ၃-၂ နဲ႔ အႏုိင္ရတဲ့ပြဲမွာ အန္ဖီးကြင္းဟာ ႏုိင္ပြဲေတြကို သာယာေနျပီး ပံုမွန္လုပ္ေနက် အားေပးမႈကိုေတာင္ မလုပ္ႏုိင္ၾကပဲ ၂-၂ ျဖစ္သြားတဲ့ အေျခအေနမွ ယခင္ အားေပးမႈ အေငြ႔အသက္ေတြ ျပန္ျမင္ေတြ႔ရတယ္လို႔ မာေဆးဆိုဒ္အေျခစိုက္ အသင္းပရိသတ္ေတြက ဖြင့္ဟလာပါတယ္။

လီဗာပူးရဲ႕ စီပြားေရးေၾကညာမွာ မာတစ္လည္း ပါဝင္သရုပ္ေဆာင္သြားခဲ့ျပီး ကင္မရြန္းကစားသမားၾကီးဟာ ပထမဆံုးအၾကိမ္ လူျမင္ကြင္းကို ထြက္ျပီး စကားေျပာျခင္းလည္း ျဖစ္ပါတယ္။

ဟန္ဒါဆန္၊ မီလ္နာနဲ႔ ရွာကီြရီ သံုးဦးမွာ မီလ္နာက ျပန္ကစားဖို႔ နီးစပ္ေနျပီျဖစ္ျပီး ဟန္ဒါဆန္က လာမယ့္ အပတ္ေလာက္မွာ ျပန္ကစားႏုိင္မွာျဖစ္ကာ ရွာကီြရီကေတာ့ ပါဝင္လာဖို႔ မရွိေသးပါဘူး။

လုိက္ဇစ္တိုက္စစ္မွဴး ဝါနာရဲ႕ ေအးဂ်င့္ဟာ မန္ေနဂ်ာယာဂင္ကေလာ့ပ္ ေလးစားရတဲ့ စီနီယာျဖစ္ျပီး သူတို႔ ႏွစ္ဦးဟာ ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြကို ဂ်ာမနီမွာကတည္းက ပိုင္ဆုိင္ထားတယ္လို႔ သိရပါတယ္။