ဗြိတိန်မှာ အားကစားဆိုင်ရာ ပွဲတွေကို ရပ်ဆိုင်းဖို့ အနေအထား ဖြစ်လာခဲ့ရင် လီဗာပူးဟာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ အာမခံချက် ရှိမှာ မဟုတ်ဘူးလို့ တယ်လီဂရပ်က ဖော်ပြသွားပါတယ်။ ထိုနည်းတူစွာပဲ ပရီးမီးယားလိဂ်ကနေ တန်းဆင်းရမယ့် အသင်းတွေကိုလည်း အာမခံချက် ပေးမှာ မဟုတ်ပါဘူး။

ဆွစ်ဇလန် အာဏာပိုင်တွေက သောကြာနေ့မှာပဲ ဒီအပတ်မှာ ယှဉ်ပြိုင်ကစားရမယ့် ဘောလုံးပွဲစဉ်တွေ အားလုံးကို ဖျက်သိမ်းခဲ့ပြီဖြစ်တယ်။ ဗြိတိန် အာဏာပိုင်တွေကပါ အဆိုပါ တင်းကြပ်မှုကို လိုက်လံဆောင်ရွက်ပါက လီဗာပူးဟာ ချန်ပီယံအဖြစ် သက်မှတ်ခံရမှာ မဟုတ်ပါဘူး။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ နှစ်ပေါင်း ၃၀ ကြာ ဝေးကွားနေတဲ့ အမှတ်ပေးဖလားအတွက် တိုက်ခိုက်နေပေမယ့်လည်း ပွဲစဉ် ၁၁ ပွဲထိ ယှဉ်ပြိုင်ဖို့ ကျန်ရှိနေသေးတာဖြစ်ပြီး လီဗာပူးက အနည်းဆုံး လေးပွဲကို အနိုင်ရဖို့ လိုအပ်နေသေးတာဖြစ်တယ်။

ဒီလိုမျိုးကိစ္စဟာ ဗြိတိန်သမိုင်းမှာ ဖြစ်ခဲ့ဖူးပြီး ၁၉၃၉-၄၀ ခုနှစ်တုန်းက ဘလက်ပူး အသင်းဟာ အမှတ်ပေးဖလားကို တစ်မှတ်အသာနဲ့ ဦးဆောင်ထားပေမယ့် ဒုတိယကမ္ဘာစစ်ကြောင့် ပြိုင်ပွဲကို ရပ်နားရချိန်မှာ ချန်ပီယံမဖြစ်ခဲ့သေးတာဖြစ်တယ်။ ဒီတစ်ကြိမ်မှာတော့ ပရီးမီးယားလိဂ်ကို ရပ်နားမလား၊ တူညီတဲ့ ပွဲစဉ်တွေကို ပြန်ကန်ခိုင်းမလား ဆိုတာတွေကိုလည်း သေချာ ဆုံးဖြတ်နိုင်ခြင်း မရှိသေးပါဘူး။

ဒါဟာ ချန်ပီယံအဖြစ်တင်မကပဲ၊ ဥရောပဝင်ခွင့်တွေ၊ တန်းဆင်းရမယ့် အသင်းတွေနဲ့ ချန်ပီယံရှစ်ကနေ တန်းတက်လာမယ့် အသင်းတွေရဲ့ အနေအထားအပေါ်လည်း ထပ်မံ ရိုက်ခတ်မှုရှိသွားမှာ ဖြစ်ပါတယ်။

ဗြိတိန် အစိုးရဘက်က အားကစားပြိုင်ပွဲတွေကို နှစ်လထိ ရပ်နားဖို့ ဆုံးဖြတ်သွားနိုင်ပြီး ဒီလို အနေအထားဆိုရင် လက်ကျန်ပွဲတွေကို လုံးဝ မကစားတာမျိုးလည်း ဖြစ်သွားနိုင်တယ်လို့ အဆိုပါ သတင်းက ဖော်ပြထားပါတယ်။

ဒါပေမယ့်လို့ ဖြစ်နိုင်ဖွယ် အရှိဆုံးက ကွင်းပိတ်ကန်ဖို့ဖြစ်ပြီး အီတလီဘက်တွေမှာတော့ ကွင်းပိတ်ကန်တာတွေ စတင်လုပ်ဆောင်နေပါတယ်။ ပရီးမီးယားလိဂ်မှာတော့ နယူးကာဆယ်က အသင်းသားတွေကို ပြိုင်ဘက်တွေနဲ့ လက်ဆွဲနုတ်ဆက်တာ ပွေ့ဖက်တာတွေကို ပိတ်ပင်သွားဖို့ ရှိနေပါတယ်။

ZAWGYI

ျဗိတိန္မွာ အားကစားဆုိင္ရာ ပြဲေတြကို ရပ္ဆုိင္းဖို႔ အေနအထား ျဖစ္လာခဲ့ရင္ လီဗာပူးဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ဖို႔ အာမခံခ်က္ ရွိမွာ မဟုတ္ဘူးလို႔ တယ္လီဂရပ္က ေဖာ္ျပသြားပါတယ္။ ထိုနည္းတူစြာပဲ ပရီးမီးယားလိဂ္ကေန တန္းဆင္းရမယ့္ အသင္းေတြကိုလည္း အာမခံခ်က္ ေပးမွာ မဟုတ္ပါဘူး။

ဆြစ္ဇလန္ အာဏာပိုင္ေတြက ေသာၾကာေန႔မွာပဲ ဒီအပတ္မွာ ယွဥ္ျပိဳင္ကစားရမယ့္ ေဘာလံုးပြဲစဥ္ေတြ အားလံုးကို ဖ်က္သိမ္းခဲ့ျပီျဖစ္တယ္။ ျဗိတိန္ အာဏာပိုင္ေတြကပါ အဆိုပါ တင္းၾကပ္မႈကို လိုက္လံေဆာင္ရြက္ပါက လီဗာပူးဟာ ခ်န္ပီယံအျဖစ္ သက္မွတ္ခံရမွာ မဟုတ္ပါဘူး။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီမွာ ႏွစ္ေပါင္း ၃၀ ၾကာ ေဝးကြားေနတဲ့ အမွတ္ေပးဖလားအတြက္ တိုက္ခိုက္ေနေပမယ့္လည္း ပြဲစဥ္ ၁၁ ပြဲထိ ယွဥ္ျပိဳင္ဖို႔ က်န္ရွိေနေသးတာျဖစ္ျပီး လီဗာပူးက အနည္းဆံုး ေလးပြဲကို အႏုိင္ရဖို႔ လိုအပ္ေနေသးတာျဖစ္တယ္။

ဒီလိုမ်ိဳးကိစၥဟာ ျဗိတိန္သမိုင္းမွာ ျဖစ္ခဲ့ဖူးျပီး ၁၉၃၉-၄၀ ခုႏွစ္တုန္းက ဘလက္ပူး အသင္းဟာ အမွတ္ေပးဖလားကို တစ္မွတ္အသာနဲ႔ ဦးေဆာင္ထားေပမယ့္ ဒုတိယကမၻာစစ္ေၾကာင့္ ျပိဳင္ပြဲကို ရပ္နားရခ်ိန္မွာ ခ်န္ပီယံမျဖစ္ခဲ့ေသးတာျဖစ္တယ္။ ဒီတစ္ၾကိမ္မွာေတာ့ ပရီးမီးယားလိဂ္ကို ရပ္နားမလား၊ တူညီတဲ့ ပြဲစဥ္ေတြကို ျပန္ကန္ခိုင္းမလား ဆိုတာေတြကိုလည္း ေသခ်ာ ဆံုးျဖတ္ႏုိင္ျခင္း မရွိေသးပါဘူး။

ဒါဟာ ခ်န္ပီယံအျဖစ္တင္မကပဲ၊ ဥေရာပဝင္ခြင့္ေတြ၊ တန္းဆင္းရမယ့္ အသင္းေတြနဲ႔ ခ်န္ပီယံရွစ္ကေန တန္းတက္လာမယ့္ အသင္းေတြရဲ႔ အေနအထားအေပၚလည္း ထပ္မံ ရိုက္ခတ္မႈရွိသြားမွာ ျဖစ္ပါတယ္။

ျဗိတိန္ အစိုးရဘက္က အားကစားျပိဳင္ပြဲေတြကို ႏွစ္လထိ ရပ္နားဖို႔ ဆံုးျဖတ္သြားႏုိင္ျပီး ဒီလို အေနအထားဆိုရင္ လက္က်န္ပြဲေတြကို လံုးဝ မကစားတာမ်ိဳးလည္း ျဖစ္သြားႏုိင္တယ္လို႔ အဆိုပါ သတင္းက ေဖာ္ျပထားပါတယ္။

ဒါေပမယ့္လို႔ ျဖစ္ႏုိင္ဖြယ္ အရွိဆံုးက ကြင္းပိတ္ကန္ဖို႔ျဖစ္ျပီး အီတလီဘက္ေတြမွာေတာ့ ကြင္းပိတ္ကန္တာေတြ စတင္လုပ္ေဆာင္ေနပါတယ္။ ပရီးမီးယားလိဂ္မွာေတာ့ နယူးကာဆယ္က အသင္းသားေတြကို ျပိဳင္ဘက္ေတြနဲ႔ လက္ဆြဲႏုတ္ဆက္တာ ေပြ႔ဖက္တာေတြကို ပိတ္ပင္သြားဖို႔ ရွိေနပါတယ္။