ယူအီးအက်ဖ်အေက ဥရောပနိုင်ငံတွေရဲ့ ဝန်ကြီးတွေကို အစည်းအဝေးခေါ်ပြီး ပြက္ခဒိန်နှစ်ရဲ့ အားကစားပွဲတွေကို ဖျက်သိမ်းတာမျိုးတွေ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့် လက်ရွေးစင်အဆင့် ယူရိုပွဲတွေ၊ အိုလံပစ်ပွဲတွေကိုဖြစ်ပြီး ကလပ်အသင်းတွေကိစ္စကို ဆွေးနွေးဖွယ် မရှိသေးပါဘူး။

ဝတ်ဖိုဒ့်အသင်းခေါင်းဆောင် ဒန်နီက ” ငါတို့ ဒီမှာရှိနေမယ်၊ အန်ဖီးကို သွားပြိုင်တုန်းကလိုပဲ ငါတို့ အဆင်သင့်လည်း ဖြစ်နေမယ် ” လို့ ပွဲကြိုမှာ ထုတ်ပြောလိုက်ပါတယ်။

ဝတ်ဖိုဒ့်နဲ့ အဝေးကွင်းကို အနိုင်ရမယ်ဆိုရင် လီဗာပူးဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အမှတ်ပေးပွဲ ၁၉ ပွဲဆက်တိုက် အနိုင်ရတဲ့ ပထမဆုံးအသင်း ဖြစ်လာပါလိမ့်မယ်။

ကွင်းလယ်လူ ကီတာဟာ အင်္ဂလန်လို ပြောဆိုမှု တိုးတက်မလာသေးဘူးလို့ မာနေးက ဆိုပါတယ်။ ကီတာနဲ့ မီနာမီနိုကို အဓိက တွဲခေါ်နေရသူက မာနေးဖြစ်ပြီး သူတို့ဟာ ဂျာမာန်စကားကိုလည်း ကောင်းကောင်း ပြောနိုင်ကြပါတယ်။

လီဗာပူးဟာ အဓိက ခံစစ်မှူး ဗန်ဒိုက်ကို နွေမှာ သက်တမ်းတိုးမှာဖြစ်ပြီး စာချုပ်သစ်မှာ လုပ်ခပိုင်းလည်း တိုးမြင့်ပေးသွားမယ်လို့ သိရပါတယ်။

လီဗာပူးသတင်းထောက် ဂျိမ်းပီယာ့စ်က ဝါနာရဲ့ အပြောင်းအရွှေ့က အပြီးမသတ်သေးပေမယ့် ဒီကိစ္စက စတင် ဖြစ်ပေါ်နေပြီဆိုတာ သူ ပြောရဲတယ်လို့ ထုတ်ဖော်လိုက်ပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်ဟာ ကလပ်အသင်းက ကစားသမား ၇ ဦးရဲ့ အနာဂတ်ကို နွေမှာ စဉ်းစားနိုင်ပြီး သူတို့ထဲက အများအပြားကို ရောင်းထုတ်တာမျိုး ပြုလုပ်နိုင်ပါတယ်။

ဝါဒါဘရီမင်အသင်းဟာ ၎င်းတို့ရဲ့ အသင်းသား Milot Rashica နဲ့ စာချုပ်သစ်ကိစ္စ အဆင်မပြေပါဘူး။ လီဗာပူးက ကစားသမားလေးကို ခေါ်ယူလိုတယ်လို့ သတင်းထွက်ထားပြီး ဒေါ့မွန်နဲ့ လိုက်ဇစ်တို့ကလည်း စိတ်ဝင်စားနေပါတယ်။

ZAWGYI

ယူအီးအက္ဖ္ေအက ဥေရာပႏုိင္ငံေတြရဲ႕ ဝန္ၾကီးေတြကို အစည္းအေဝးေခၚျပီး ျပကၡဒိန္ႏွစ္ရဲ႕ အားကစားပြဲေတြကို ဖ်က္သိမ္းတာမ်ိဳးေတြ ျပဳလုပ္ဖို႔ စီစဥ္ေနပါတယ္။ ဒါေပမယ့္ လက္ေရြးစင္အဆင့္ ယူရိုပြဲေတြ၊ အိုလံပစ္ပြဲေတြကိုျဖစ္ျပီး ကလပ္အသင္းေတြကိစၥကို ေဆြးေႏြးဖြယ္ မရွိေသးပါဘူး။

ဝတ္ဖုိဒ့္အသင္းေခါင္းေဆာင္ ဒန္နီက ” ငါတို႔ ဒီမွာရွိေနမယ္၊ အန္ဖီးကို သြားျပိဳင္တုန္းကလိုပဲ ငါတို႔ အဆင္သင့္လည္း ျဖစ္ေနမယ္ ” လို႔ ပြဲၾကိဳမွာ ထုတ္ေျပာလိုက္ပါတယ္။

ဝတ္ဖိုဒ့္နဲ႔ အေဝးကြင္းကို အႏုိင္ရမယ္ဆိုရင္ လီဗာပူးဟာ ပရီးမီးယားလိဂ္သမိုင္းမွာ အမွတ္ေပးပြဲ ၁၉ ပြဲဆက္တိုက္ အႏုိင္ရတဲ့ ပထမဆံုးအသင္း ျဖစ္လာပါလိမ့္မယ္။

ကြင္းလယ္လူ ကီတာဟာ အဂၤလန္လို ေျပာဆိုမႈ တိုးတက္မလာေသးဘူးလို႔ မာေနးက ဆိုပါတယ္။ ကီတာနဲ႔ မီနာမီႏိုကို အဓိက တြဲေခၚေနရသူက မာေနးျဖစ္ျပီး သူတို႔ဟာ ဂ်ာမာန္စကားကိုလည္း ေကာင္းေကာင္း ေျပာႏုိင္ၾကပါတယ္။

လီဗာပူးဟာ အဓိက ခံစစ္မွဴး ဗန္ဒိုက္ကို ေႏြမွာ သက္တမ္းတိုးမွာျဖစ္ျပီး စာခ်ဳပ္သစ္မွာ လုပ္ခပိုင္းလည္း တိုးျမင့္ေပးသြားမယ္လို႔ သိရပါတယ္။

လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီယာ့စ္က ဝါနာရဲ႕ အေျပာင္းအေရႊ႔က အျပီးမသတ္ေသးေပမယ့္ ဒီကိစၥက စတင္ ျဖစ္ေပၚေနျပီဆိုတာ သူ ေျပာရဲတယ္လို႔ ထုတ္ေဖာ္လိုက္ပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္ဟာ ကလပ္အသင္းက ကစားသမား ၇ ဦးရဲ႕ အနာဂတ္ကို ေႏြမွာ စဥ္းစားႏုိင္ျပီး သူတို႔ထဲက အမ်ားအျပားကို ေရာင္းထုတ္တာမ်ိဳး ျပဳလုပ္ႏုိင္ပါတယ္။

ဝါဒါဘရီမင္အသင္းဟာ ၄င္းတို႔ရဲ႕ အသင္းသား Milot Rashica နဲ႔ စာခ်ဳပ္သစ္ကိစၥ အဆင္မေျပပါဘူး။ လီဗာပူးက ကစားသမားေလးကို ေခၚယူလိုတယ္လို႔ သတင္းထြက္ထားျပီး ေဒါ့မြန္နဲ႔ လိုက္ဇစ္တို႔ကလည္း စိတ္ဝင္စားေနပါတယ္။