ချန်ပီယံလိဂ်ပွဲအဖြစ် စပါးနဲ့ ယှဉ်ပြိုင်ဖို့ အင်္ဂလန်ကို ရောက်လာခဲ့စဉ် သတင်းသမားတွေက ဝါနာကို လီဗာပူးနဲ့ အပြောင်းအရွှေ့အကြောင်း မေးမြန်းမှုတွေကို လုပ်ခဲ့ပါတယ်။

ထိုစဉ်တုန်းက ဝါနာက ” လက်ရှိမှာ လီဗာပူးက ကမ္ဘာအကောင်းဆုံး အသင်းဆိုတာ ကျနော် သိပါတယ်။ အဲ့လိုအသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်နေတဲ့အခါ ဂုဏ်ယူစရာ ဖြစ်ပါတယ်။ ကျေနပ်စရာပါ။ ဒါပေမယ့် လီဗာပူးမှာက ကစားသမားကောင်းတွေ အများကြီး ရှိပါတယ်။ ကိုယ်ဘာသာ တိုးတက်လာအောင် လုပ်ပြီး လီဗာပူးလို အသင်းအတွက် ကစားနိုင်တဲ့ အဆင့်ထိရောက်အောင် မြင့်တင်ရမှာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

အဲ့တာတင်မကပဲ ဆက်လက်ပြီး ယှဉ်ပြိုင်ကစားတဲ့ လိုက်ဇစ်က ရှော်ကေးကို ၅-၀ နဲ့ အနိုင်ရတဲ့ပွဲ အပြီးမှာ ဝါနာက ” ယာဂင်ကလော့ပ်က ကမ္ဘာအကောင်းဆုံး မန်နေဂျာတစ်ယောက်ပါ။ ကျနော်ရဲ့ ကစားဟန်က လီဗာပူးနဲ့ ကိုက်ညီတယ်လို့ ဆွေးနွေးပြောဆိုမှုတွေလည်း အများကြီး ရှိပါတယ် ” လို့ ထပ်မံ ထုတ်ဖော် ပြောဆိုသွားတာဖြစ်တယ်။

လီဗာပူးကို တီမိုဝါနာ ပြောင်းလာလိုနေတာကြောင့် အခုလို ပြောဆိုနေတာဖြစ်ပြီး နှစ်ဘက် အဖွဲ့ကြားမှာ မတ်လအတွင်း စကားပြောမှုတွေ ရှိလာလိမ့်မယ်လို့လည်း သတင်းတွေ ထွက်နေတယ်။ ဝါနာရဲ့ အကောင်းမြင်နေမှုနဲ့ ပက်သက်ပြီး ထွက်ပေါ်လာတဲ့ အပြောင်းအရွှေ့ကိစ္စတွေကို ဝတ်ဖိုဒ့်ပွဲကြိုမှာ ကလော့ပ်က တုန့်ပြန်မှု ပေးလာပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်က ” လီဗာပူးအသင်းက ကျနော် သွားလိုတဲ့ နောက်ဆုံးအသင်းပဲ ဆိုတဲ့ စကားထက် ကစားသမားတွေက ကျနော်တို့နဲ့ ပက်သက်ပြီး အကောင်းမြင်တဲ့ ပြောဆိုမှုတွေကိုပဲ ပိုပြီး နှစ်သက်ပါတယ်။ ဒီတော့ ကျနော်ရဲ့ နှစ်သက်မှုအရ ဝါနာပြောတာက အရမ်းကောင်းပါတယ်။ ဒါပေမယ့် ဒါပါပဲ။ အဲ့ထက်ပိုပြီး ပြောစရာ မရှိပါဘူး။ ” လို့ တုန့်ပြန်ခဲ့တာဖြစ်တယ်။

မနေ့ညက ကလော့ပ်ရဲ့ ပြောစကားနောက်ပိုင်းမှာ လီဗာပူးသတင်းထောက် ဂျိမ်းပီယာစ့်ကတော့ အပြောင်းအရွှေ့က အပြီးမသတ်သေးပါဘူး။ ဒါပေပမယ့် သူ့ရဲ့ အမြင်ကို ပြောခွင့်ရမယ်ဆိုရင် လီဗာပူးက ဝါနာကို ချိတ်ဆက်မှုက စတင်ထားနှင့်နေပါပြီလို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ZAWGYI

ခ်န္ပီယံလိဂ္ပြဲအျဖစ္ စပါးနဲ႔ ယွဥ္ျပိဳင္ဖို႔ အဂၤလန္ကို ေရာက္လာခဲ့စဥ္ သတင္းသမားေတြက ဝါနာကို လီဗာပူးနဲ႔ အေျပာင္းအေရႊ႔အေၾကာင္း ေမးျမန္းမႈေတြကို လုပ္ခဲ့ပါတယ္။

ထိုစဥ္တုန္းက ဝါနာက ” လက္ရွိမွာ လီဗာပူးက ကမၻာအေကာင္းဆံုး အသင္းဆိုတာ က်ေနာ္ သိပါတယ္။ အဲ့လိုအသင္းနဲ႔ အေျပာင္းအေရႊ႔ သတင္းေတြ ထြက္ေနတဲ့အခါ ဂုဏ္ယူစရာ ျဖစ္ပါတယ္။ ေက်နပ္စရာပါ။ ဒါေပမယ့္ လီဗာပူးမွာက ကစားသမားေကာင္းေတြ အမ်ားၾကီး ရွိပါတယ္။ ကိုယ္ဘာသာ တိုးတက္လာေအာင္ လုပ္ျပီး လီဗာပူးလို အသင္းအတြက္ ကစားႏုိင္တဲ့ အဆင့္ထိေရာက္ေအာင္ ျမင့္တင္ရမွာ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

အဲ့တာတင္မကပဲ ဆက္လက္ျပီး ယွဥ္ျပိဳင္ကစားတဲ့ လိုက္ဇစ္က ေရွာ္ေကးကို ၅-၀ နဲ႔ အႏုိင္ရတဲ့ပြဲ အျပီးမွာ ဝါနာက ” ယာဂင္ကေလာ့ပ္က ကမၻာအေကာင္းဆံုး မန္ေနဂ်ာတစ္ေယာက္ပါ။ က်ေနာ္ရဲ႕ ကစားဟန္က လီဗာပူးနဲ႔ ကိုက္ညီတယ္လို႔ ေဆြးေႏြးေျပာဆိုမႈေတြလည္း အမ်ားၾကီး ရွိပါတယ္ ” လို႔ ထပ္မံ ထုတ္ေဖာ္ ေျပာဆိုသြားတာျဖစ္တယ္။

လီဗာပူးကို တီမိုဝါနာ ေျပာင္းလာလိုေနတာေၾကာင့္ အခုလို ေျပာဆိုေနတာျဖစ္ျပီး ႏွစ္ဘက္ အဖြဲ႔ၾကားမွာ မတ္လအတြင္း စကားေျပာမႈေတြ ရွိလာလိမ့္မယ္လို႔လည္း သတင္းေတြ ထြက္ေနတယ္။ ဝါနာရဲ႕ အေကာင္းျမင္ေနမႈနဲ႔ ပက္သက္ၿပီး ထြက္ေပၚလာတဲ့ အေျပာင္းအေရႊ႔ကိစၥေတြကို ဝတ္ဖိုဒ့္ပြဲၾကိဳမွာ ကေလာ့ပ္က တုန႔္ျပန္မႈ ေပးလာပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ” လီဗာပူးအသင္းက က်ေနာ္ သြားလိုတဲ့ ေနာက္ဆုံးအသင္းပဲ ဆိုတဲ့ စကားထက္ ကစားသမားေတြက က်ေနာ္တို႔နဲ႔ ပက္သက္ၿပီး အေကာင္းျမင္တဲ့ ေျပာဆိုမႈေတြကိုပဲ ပိုၿပီး ႏွစ္သက္ပါတယ္။ ဒီေတာ့ က်ေနာ္ရဲ႕ ႏွစ္သက္မႈအရ ဝါနာေျပာတာက အရမ္းေကာင္းပါတယ္။ ဒါေပမယ့္ ဒါပါပဲ။ အဲ့ထက္ပိုၿပီး ေျပာစရာ မရွိပါဘူး။ ” လို႔ တုန္႔ျပန္ခဲ့တာျဖစ္တယ္။

မေန႔ညက ကေလာ့ပ္ရဲ႕ ေျပာစကားေနာက္ပိုင္းမွာ လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီယာစ့္ကေတာ့ အေျပာင္းအေရႊ႔က အျပီးမသတ္ေသးပါဘူး။ ဒါေပပမယ့္ သူ႔ရဲ႕ အျမင္ကို ေျပာခြင့္ရမယ္ဆိုရင္ လီဗာပူးက ဝါနာကို ခ်ိတ္ဆက္မႈက စတင္ထားႏွင့္ေနပါျပီလို႔ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။