လီဗာပူးဟာ Nike နဲ့ ချုပ်ဆိုင်ထားတဲ့ စာချုပ်အရ ရာသီကြိုမှာတော့ အရှေ့အာရှကို ခရီးထွက်ပြီး ပရိုမိုးရှင်း ဆင်းရမယ့် သဘောတူညီချက် ကိစ္စပါ ပါဝင်ထားပါတယ်။

ဝတ်ဖိုဒ့်ပွဲကြိုမှာ မန်နေဂျာကလော့ပ်က ဒီဆုံးဖြတ်ချက်က ကိုင်ထားဆဲ အနေအထားဖြစ်ကာ ဘာဆက်ဖြစ်မလဲဆိုတာ သူလည်း မသေချာဘူးလို့ ပြောလာပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အနေအထားမှာ တရုတ်ပြည်ဘက်ကို သွားတဲ့ ကိစ္စတွေကို ရပ်တန့်လာခဲ့တာဖြစ်ပေမယ့် ရာသီကြို ပြင်ဆင်မှု ကာလအတွက်က ၅ လလောက် လိုသေးတာကြောင့် သေချာတဲ့ အဖြေကို ကလော့ပ်က မပေးနိုင်ခဲ့ပါဘူး။

” ရာသီကြို မရောက်သေးပါဘူး။ ရာသီကြိုကိစ္စတွေကို အပြောင်းအလဲတွေ ဖြစ်လာမယ်တော့ မထင်ဘူး။ ဒါပေမယ့် စကားပြောမှုတွေတော့ ဖြစ်လာပါလိမ့်မယ်။ ဒီကိစ္စကို ဆေးအအဖွဲ့က ကိုင်တွယ်ပါလိမ့်မယ်။ အားလုံးရဲ့ အကြုံပေးမှုတွေနဲ့ပဲ ကျနော်တို့ ဆက်လက် လုပ်ဆောင်မှာပါ။

ဒါပေမယ့် ခင်ဗျားတို့ သိတဲ့ အတိုင်းပဲ။ လူတွေက အနားလာပြီး လက်ဆွဲ နှုတ်ဆက်တာတွေ မလုပ်တာတို့၊ ၂ မီတာ အကွာလောက်ကနေ ခွာနေမယ်ဆိုရင်တို့တောင် ခင်ဗျားမှာ တစ်ခုခု ရှိနေရင် ရှောင်နိုင်ချင်မှ ရှောင်နိုင်မှာပါ။ ကျနော်တို့ အင်တာဗျူးလုပ်ရင် အချင်းချင်း နီးနီးကပ်ကပ် ရှိနေတာပါပဲ ကျနေ်ာကတော့ သက်တောင့်သက်သာ မဖြစ်တာမျိုး မရှိဘူး။

ကိစ္စရပ်တွေကို ကျနေ်ာတို့ တကယ်ကို အလေးအနက်ထား စဉ်းစားနေပါတယ်။ ဒါပေမယ့် အရာရာတိုင်းတော့ ရှောင်လွှဲလို့ မရဘူးပေါ့။ အဆုံးမှာတော့ ဒါက ဘောလုံးနဲ့ ပြသနာ မဟုတ်ပါဘူး။ လူမှု အဖွဲ့အစည်း ပြသနာပါ။ ကျနော်တို့တင် မဟုတ်ဘူး အားလုံး ကြုံနေရတာ ဖြစ်တယ်။

အခု လူတိုင်း ဘာတွေ တွေးနေကြမလဲ တွေးမိတယ်။ ကျနော်တို့ထက် အများကြီး တော်တဲ့ တတ်တဲ့သူတွေက ဒီအခြေအနေကို ကျော်လွှားဖို့ စက်ယန္တရား တစ်ခုလောက် ဖန်တီးနိုင်ပါစေ မျှော်လင့်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ လောလောဆယ်မှာ ဒါက အကြီးဆုံး ပြသနာ ဖြစ်လာနေပြီး အခြား ရောဂါတွေထက် မတူဘဲကို ကြီးမား ခြားနားလာနေတာပါ။ ကျနော်တို့မှာတော့ မကြုံသေးဘူး ဒါပေမယ့် လူတိုင်း ကြိုးစား အဖြေရှာနေကြတာ ဖြစ်လို့ မကြာခင် ဖြေရှင်းနိုင်မယ် မျှော်လင့်ပါတယ်။

လောလောဆယ်မှာတော့ ကျနေ်ာတို့လည် တခြားလူတွေလို အလေးအနက်ထားတယ်။ ကျနေ်ာတို့ လုပ်နေကျ ကိစ္စ တချို့တွေ မလုပ်တော့ဘူး။ ဒါက တုတ်ကွေး ရာသီမှာလည်း ကျနေ်ာတို့ ရှောင်နေကျ ကိစ္စတွေပါ။ ဒိထက် ပိုပြီး မတူတာတွေတော့ လုပ်လို့ မရတော့ဘူး။ အားလုံးကတော့ ဒီကိစ္စကို အလေးအနက်ထားတြတယ်။

လောလောဆယ်ထိတော့ လက်ဆွဲ နှုတ်ဆက်တာတွေ မလုပ်ဖို့ ကျနော်တို့ မတားသေးဘူး ဒါပေမယ့် နှုတ်ကို နှုတ်ဆက်ရမယ်လို့ ကျနော်တို့ ဖိအား ပေးမထားဘူး။ ကျနော်တို့မှာ ရောဂါ မကူးစက်နိုင်လောက်တဲ့ နေရာတွေ ရှိနေသေးပြီး ကျနေ်ာတို့ လက်တွေ ခြေတွေကို ပြန် ဆေးကြောလို့ ရပါတယ်။

ဒါက လုံရော လုံလောက်ရဲ့လား ဆိုရင် ကျနော်လည်း မသိဘူး။ အခု လုပ်တာထက် ဘာတွေ ပိုလုပ်နိုင်စရာ ရှိလို့လဲ။ ဘယ်သူကမှလည်း ကျနေ်ာတို့ကို ဘောလုံး မကစားဖို့ လာမပြောသေးဘူး။ ဒါမျိုး မဖြစ်လာသရွေ့ ကျနော်တို့ ဘောလုံးကို ဆက်ကစားနေဦးမှာပါ။

ဘောလုံးက လူချင်း ထိနိုင်တဲ့ ကစားနည်းပါ ဒါကို မမေ့ပါနဲ့။ ကိစ္စရပ်တွေကို ကျနော် သေချာအလေးထားပါတယ်။ ဒါပေမယ့် အသည်းအသန် အရူးအမူးတော့ မဟုတ်ဘူး။ ကျနေ်ာတို့ထက် ခက်ခဲနေတဲ့ နေရာတွေ ကမ္ဘာကြီးမှာ ရှိတယ်။ ဒီတော့ ဒီကိစ္စ မြန်မြန် ဖြေရှင်းနိုင်ပါစေပဲ မျှော်လင့်တယ် ဒါက ကျနော် စိတ်အပူဆုံး ကိစ္စပါ။ ” လို့ ကလော့ပ်က ဆိုပါတယ်။

ZAWGYI

လီဗာပူးဟာ Nike နဲ႔ ခ်ဳပ္ဆိုင္ထားတဲ့ စာခ်ဳပ္အရ ရာသီၾကိဳမွာေတာ့ အေရွ႔အာရွကို ခရီးထြက္ျပီး ပရိုမိုးရွင္း ဆင္းရမယ့္ သေဘာတူညီခ်က္ ကိစၥပါ ပါဝင္ထားပါတယ္။

ဝတ္ဖိုဒ့္ပြဲၾကိဳမွာ မန္ေနဂ်ာကေလာ့ပ္က ဒီဆံုးျဖတ္ခ်က္က ကိုင္ထားဆဲ အေနအထားျဖစ္ကာ ဘာဆက္ျဖစ္မလဲဆိုတာ သူလည္း မေသခ်ာဘူးလို႔ ေျပာလာပါတယ္။ ကမၻာလံုးဆိုင္ရာ အေနအထားမွာ တရုတ္ျပည္ဘက္ကို သြားတဲ့ ကိစၥေတြကို ရပ္တန္႔လာခဲ့တာျဖစ္ေပမယ့္ ရာသီၾကိဳ ျပင္ဆင္မႈ ကာလအတြက္က ၅ လေလာက္ လိုေသးတာေၾကာင့္ ေသခ်ာတဲ့ အေျဖကို ကေလာ့ပ္က မေပးႏုိင္ခဲ့ပါဘူး။

” ရာသီၾကိဳ မေရာက္ေသးပါဘူး။ ရာသီၾကိဳကိစၥေတြကို အေျပာင္းအလဲေတြ ျဖစ္လာမယ္ေတာ့ မထင္ဘူး။ ဒါေပမယ့္ စကားေျပာမႈေတြေတာ့ ျဖစ္လာပါလိမ့္မယ္။ ဒီကိစၥကို ေဆးအအဖြဲ႔က ကိုင္တြယ္ပါလိမ့္မယ္။ အားလံုးရဲ႕ အၾကံဳေပးမႈေတြနဲ႔ပဲ က်ေနာ္တုိ႔ ဆက္လက္ လုပ္ေဆာင္မွာပါ။

ဒါေပမယ့္ ခင္ဗ်ားတို႔ သိတဲ့ အတိုင္းပဲ။ လူေတြက အနားလာျပီး လက္ဆြဲ နႈတ္ဆက္တာေတြ မလုပ္တာတို႔၊ ၂ မီတာ အကြာေလာက္ကေန ခြာေနမယ္ဆိုရင္တို႔ေတာင္ ခင္ဗ်ားမွာ တစ္ခုခု ရွိေနရင္ ေရွာင္နိုင္ခ်င္မွ ေရွာင္နိုင္မွာပါ။ က်ေနာ္တို႔ အင္တာဗ်ဴးလုပ္ရင္ အခ်င္းခ်င္း နီးနီးကပ္ကပ္ ရွိေနတာပါပဲ က်ေန္ာကေတာ့ သက္ေတာင့္သက္သာ မျဖစ္တာမ်ိဳး မရွိဘူး။

ကိစၥရပ္ေတြကို က်ေန္ာတို႔ တကယ္ကို အေလးအနက္ထား စဥ္းစားေနပါတယ္။ ဒါေပမယ့္ အရာရာတိုင္းေတာ့ ေရွာင္လႊဲလို႔ မရဘူးေပါ့။ အဆံုးမွာေတာ့ ဒါက ေဘာလံုးနဲ႕ ျပသနာ မဟုတ္ပါဘူး။ လူမႈ အဖြဲ႕အစည္း ျပသနာပါ။ က်ေနာ္တို႔တင္ မဟုတ္ဘူး အားလံုး ၾကံဳေနရတာ ျဖစ္တယ္။

အခု လူတိုင္း ဘာေတြ ေတြးေနၾကမလဲ ေတြးမိတယ္။ က်ေနာ္တို႔ထက္ အမ်ားၾကီး ေတာ္တဲ့ တတ္တဲ့သူေတြက ဒီအေျခအေနကို ေက်ာ္လႊားဖို႔ စက္ယႏၱရား တစ္ခုေလာက္ ဖန္တီးနိုင္ပါေစ ေမွ်ာ္လင့္မိတယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ ေလာေလာဆယ္မွာ ဒါက အၾကီးဆံုး ျပသနာ ျဖစ္လာေနျပီး အျခား ေရာဂါေတြထက္ မတူဘဲကို ၾကီးမား ျခားနားလာေနတာပါ။ က်ေနာ္တို႔မွာေတာ့ မၾကံဳေသးဘူး ဒါေပမယ့္ လူတိုင္း ၾကိဳးစား အေျဖရွာေနၾကတာ ျဖစ္လို႔ မၾကာခင္ ေျဖရွင္းနုိင္မယ္ ေမွ်ာ္လင့္ပါတယ္။

ေလာေလာဆယ္မွာေတာ့ က်ေန္ာတို႔လည္ တျခားလူေတြလို အေလးအနက္ထားတယ္။ က်ေန္ာတုိ႔ လုပ္ေနက် ကိစၥ တခ်ိဳ႕ေတြ မလုပ္ေတာ့ဘူး။ ဒါက တုတ္ေကြး ရာသီမွာလည္း က်ေန္ာတို႔ ေရွာင္ေနက် ကိစၥေတြပါ။ ဒိထက္ ပိုျပီး မတူတာေတြေတာ့ လုပ္လို႔ မရေတာ့ဘူး။ အားလံုးကေတာ့ ဒီကိစၥကို အေလးအနက္ထားၾတတယ္။

ေလာေလာဆယ္ထိေတာ့ လက္ဆြဲ နႈတ္ဆက္တာေတြ မလုပ္ဖို႔ က်ေနာ္တို႔ မတားေသးဘူး ဒါေပမယ့္ နႈတ္ကို နႈတ္ဆက္ရမယ္လို႔ က်ေနာ္တို႔ ဖိအား ေပးမထားဘူး။ က်ေနာ္တို႔မွာ ေရာဂါ မကူးစက္နိုင္ေလာက္တဲ့ ေနရာေတြ ရွိေနေသးျပီး က်ေန္ာတို႔ လက္ေတြ ေျခေတြကို ျပန္ ေဆးေၾကာလို႔ ရပါတယ္။

ဒါက လံုေရာ လံုေလာက္ရဲ႕လား ဆိုရင္ က်ေနာ္လည္း မသိဘူး။ အခု လုပ္တာထက္ ဘာေတြ ပိုလုပ္နုိင္စရာ ရွိလို႔လဲ။ ဘယ္သူကမွလည္း က်ေန္ာတို႔ကို ေဘာလံုး မကစားဖို႔ လာမေျပာေသးဘူး။ ဒါမ်ိဳး မျဖစ္လာသေရြ႕ က်ေနာ္တို႔ ေဘာလံုးကို ဆက္ကစားေနဦးမွာပါ။

ေဘာလံုးက လူခ်င္း ထိနိုင္တဲ့ ကစားနည္းပါ ဒါကို မေမ့ပါနဲ႕။ ကိစၥရပ္ေတြကို က်ေနာ္ ေသခ်ာအေလးထားပါတယ္။ ဒါေပမယ့္ အသည္းအသန္ အရူးအမူးေတာ့ မဟုတ္ဘူး။ က်ေန္ာတို႔ထက္ ခက္ခဲေနတဲ့ ေနရာေတြ ကမၻာၾကီးမွာ ရွိတယ္။ ဒီေတာ့ ဒီကိစၥ ျမန္ျမန္ ေျဖရွင္းန္ုိင္ပါေစပဲ ေမွ်ာ္လင့္တယ္ ဒါက က်ေနာ္ စိတ္အပူဆံုး ကိစၥပါ။ ” လို႔ ကေလာ့ပ္က ဆိုပါတယ္။