ဗြိတိန်မှာ အားကစားဆိုင်ရာ ပွဲတွေကို ရပ်ဆိုင်းဖို့ အနေအထား ဖြစ်လာခဲ့ရင် လီဗာပူးဟာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ အာမခံချက် ရှိမှာ မဟုတ်ဘူးလို့ မနေ့ညကပဲ တယ်လီဂရပ်က ဖော်ပြသွားပြီး အဆိုပါကိစ္စအတွက် လီဗာပူးအခြေစိုက် သတင်းဌာနဘက်က ပရီးမီးယားလိဂ်ကို ဆက်သွယ် မေးမြန်းခဲ့ပြီဖြစ်ပါတယ်။

The Liverpool Echo က ပရီးမီးယားလိဂ်ကို ဆက်သွယ်မေးမြန်းရာမှာ ကိုရိုနာအခြေအနေကြောင့် အာကစားပွဲတွေကို ကာလတို ရပ်နားရမလားဆိုတဲ့ အနေအထားအပေါ်မှာ လိဂ်တာဝန်ရှိသူတွေကတော့ ဆွေးနွေး စကားပြောရဦးမှာပါလို့ အကြောင်းပြန်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးဟာ အမှတ်ပေးဇယားကို ၂၂ မှတ် ဖြတ်ထားနိုင်တာဖြစ်ပြီး ဒီရာသီအတွက် ချန်ပီယံဖြစ်ဖို့ လေးပွဲပဲ အနိုင်ကစားဖို့ လိုတော့တာဖြစ်တယ်။ ကမ္ဘာတစ်လွှား ဖြစ်ပေါ်နေတဲ့ ဗိုင်းရပ်ကိစ္စကြောင့် အဓိက အားကစားပွဲတွေအပေါ် သက်ရောက်မှုတွေ စတင်လာတာတော့ ရှိပါတယ်။

မနှစ်က နှစ်ကုန်ပိုင်းမှာ စတင်လာတဲ့ ဗိုင်းရပ်ဟာ နိုင်ငံပေါင်း ၄၀ လောက်ကို ကူးစပ်လာနေခဲ့ပါပြီ။ စီးရီးအေမှာတော့ အားကစားပွဲတွေကို ကွင်းပိတ်ကန်တာတွေ စတင်လုပ်ဆောင်နေပါတယ်။ အင်္ဂလန်မီဒီယာတွေကလည်း ဗြိတိန်အားကစားပွဲတွေကို ရိုက်ခတ်လာနိုင်တဲ့ အဆိုပါ အခြေအနေကို ထုတ်ဖော်မှုတွေ ရှိလာခဲ့တာပါ။

လီဗာပူးအသင်း ချန်ပီယံမဖြစ်ခင် ရာသီကို ရပ်နားပါက ဒီရာသီ ချန်ပီယံအဖြစ် လီဗာပူးဖြစ်မှာမဟုတ်ဘူးဆိုတဲ့ ကိစ္စကို ECHO ကပဲ လိဂ်တာဝန်ရှိသူတွေကို တိုက်ရိုက် ဆက်သွယ်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ဘက်ကတော့ ဘာတွေဆက်ဖြစ်သင့်တယ် ဆိုတာအတွက် သက်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း မရှိဘူးလို့ သိပါတယ်။

လိုအပ်လာရင် ပရီးမီးယားလိဂ် ဘုတ်အဖွဲ့က ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ ဆိုတာကို တွေ့ဆုံဆွေးနွေးမှုတွေ လုပ်မှာဖြစ်ပြီး ဒီကိစ္စအတွက် အာဏာပိုင်တွေရဲ့ လမ်းညွှန်မှုကို ဆက်လက် စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။ ဒါကြောင့် လိဂ်ကို ချက်ခြင်းကြီး ရပ်ဖို့ကတော့ ဖြစ်လာနိုင်ဦးမှာ မဟုတ်ပါဘူး။

ZAWGYI

ျဗိတိန္မွာ အားကစားဆုိင္ရာ ပြဲေတြကို ရပ္ဆုိင္းဖို႔ အေနအထား ျဖစ္လာခဲ့ရင္ လီဗာပူးဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ဖို႔ အာမခံခ်က္ ရွိမွာ မဟုတ္ဘူးလို႔ မေန႔ညကပဲ တယ္လီဂရပ္က ေဖာ္ျပသြားျပီး အဆိုပါကိစၥအတြက္ လီဗာပူးအေျခစိုက္ သတင္းဌာနဘက္က ပရီးမီးယားလိဂ္ကို ဆက္သြယ္ ေမးျမန္းခဲ့ျပီျဖစ္ပါတယ္။

The Liverpool Echo က ပရီးမီးယားလိဂ္ကို ဆက္သြယ္ေမးျမန္းရာမွာ ကိုရိုနာအေျခအေနေၾကာင့္ အာကစားပြဲေတြကို ကာလတို ရပ္နားရမလားဆိုတဲ့ အေနအထားအေပၚမွာ လိဂ္တာဝန္ရွိသူေတြကေတာ့ ေဆြးေႏြး စကားေျပာရဦးမွာပါလို႔ အေၾကာင္းျပန္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးဟာ အမွတ္ေပးဇယားကို ၂၂ မွတ္ ျဖတ္ထားႏုိင္တာျဖစ္ျပီး ဒီရာသီအတြက္ ခ်န္ပီယံျဖစ္ဖို႔ ေလးပြဲပဲ အႏုိင္ကစားဖို႔ လိုေတာ့တာျဖစ္တယ္။ ကမၻာတစ္လႊား ျဖစ္ေပၚေနတဲ့ ဗုိင္းရပ္ကိစၥေၾကာင့္ အဓိက အားကစားပြဲေတြအေပၚ သက္ေရာက္မႈေတြ စတင္လာတာေတာ့ ရွိပါတယ္။

မႏွစ္က ႏွစ္ကုန္ပိုင္းမွာ စတင္လာတဲ့ ဗိုင္းရပ္ဟာ ႏုိင္ငံေပါင္း ၄၀ ေလာက္ကို ကူးစပ္လာေနခဲ့ပါျပီ။ စီးရီးေအမွာေတာ့ အားကစားပြဲေတြကို ကြင္းပိတ္ကန္တာေတြ စတင္လုပ္ေဆာင္ေနပါတယ္။ အဂၤလန္မီဒီယာေတြကလည္း ျဗိတိန္အားကစားပြဲေတြကို ရိုက္ခတ္လာႏုိင္တဲ့ အဆုိပါ အေျခအေနကို ထုတ္ေဖာ္မႈေတြ ရွိလာခ့ဲတာပါ။

လီဗာပူးအသင္း ခ်န္ပီယံမျဖစ္ခင္ ရာသီကို ရပ္နားပါက ဒီရာသီ ခ်န္ပီယံအျဖစ္ လီဗာပူးျဖစ္မွာမဟုတ္ဘူးဆိုတဲ့ ကိစၥကို ECHO ကပဲ လိဂ္တာဝန္ရွိသူေတြကို တိုက္ရိုက္ ဆက္သြယ္ခဲ့တာျဖစ္တယ္။ ဒါေပမယ့္ ပရီးမီးယားလိဂ္ဘက္ကေတာ့ ဘာေတြဆက္ျဖစ္သင့္တယ္ ဆိုတာအတြက္ သက္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္း မရွိဘူးလို႔ သိပါတယ္။

လိုအပ္လာရင္ ပရီးမီးယားလိဂ္ ဘုတ္အဖြဲ႔က ဘယ္လို ရင္ဆိုင္ေျဖရွင္းမလဲ ဆိုတာကို ေတြ႔ဆံုေဆြးေႏြးမႈေတြ လုပ္မွာျဖစ္ျပီး ဒီကိစၥအတြက္ အာဏာပိုင္ေတြရဲ႔ လမ္းညႊန္မႈကို ဆက္လက္ ေစာင့္ၾကည့္သြားမယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ လိဂ္ကို ခ်က္ျခင္းၾကီး ရပ္ဖို႔ကေတာ့ ျဖစ္လာႏုိင္ဦးမွာ မဟုတ္ပါဘူး။