လီဗာပူးအသင်းဟာ လာမယ့် ဘောလုံးရာသီအတွက် အစီအစဉ် နှစ်ခုကို ရေးဆွဲထားပါတယ်။ မန်နေဂျာယာဂင်ကလော့ပ်ရဲ့ ရွေးချယ်မတွေဟာ အဆိုပါ အစီအစဉ်တွေကနေပဲ ဆက်လက်ပြီး လုပ်ဆောင်လာမှာပါ။

ပထမအစီအစဉ်အရ ကလပ်အသင်းက အဓိက တိုက်စစ်သမား သုံးဦးကို မည့်သည့် နည်းနဲ့မှ လက်လွတ်ခံမှာ မဟုတ်ပဲ အသင်းမှာ ဆက်လက် ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။ ဒုတိယ အစီအစဉ်မှာတော့ ဈေးကွက်ထဲကနေပြီး တိုက်စစ်ပိုင်းအတွက် အင်အားဖြည့်မှုကို ကျိန်းသေပေါက် ပြုလုပ်ကာ လာမယ့်နှစ် အာဖရိကဖလားအတွက် ကြိုတင်ပြင်ဆင်မှာ ဖြစ်ပါတယ်။

ကလပ်ရဲ့ ဦးစားပေးကိစ္စအဖြစ် ဆာလက်၊ မာနေး၊ ဖာမင်နိုတို့ကို ဘယ်လို ကမ်းလှမ်းမှုတွေ ရပါစေ လက်လွတ်ခံမှာ မဟုတ်ဘူး။ ဥပမာအားဖြင့် ဖာမင်နိုကို ဂျာမနီဘက်က စိတ်ဝင်စားနေပြီး မာနေးနဲ့ ဆာလက်ကို စပိန်ဘက်က စိတ်ဝင်စားခြင်းတွေကို လီဗာပူးဘက်က ငြင်းဆန်မှာ ဖြစ်ပါတယ်။

စပိန်သတင်းတွေက ဆာလက်ကို ရီးရဲလ်မက်ဒရစ် ခေါ်ယူလိုနေကြောင်း ဖော်ပြပေမယ့် လီဗာပူးဘက်က ညိနှိုင်းခံမှာ မဟုတ်ဘူးလို့ လီဗာပူးသတင်းထောက် ဂျိမ်းပီယာ့စ်က ဖော်ပြခဲ့တယ်။ လီဗာပူးနဲ့ ဆာလက်ရဲ့ စာချုပ်မှာ ပြောင်းရွှေ့ကြေး ထည့်သွင်းထားခြင်းလည်း မရှိပဲ စပိန်ကလပ်ဘက်က တေ့တေ့ဆိုင်ဆိုင် ချိတ်ဆက်လာမယ်ဆိုရင် အနည်းဆုံး ပေါင် ၁၇၀ သန်း တန်ကြေးရှိမယ့် ကမ်းလှမ်းမှုကိုပဲ လက်ခံစဉ်းစားပေးဖို့ မာဆေးဆိုဒ် ကလပ်ဘက်က လက်ခံလိမ့်မယ်လို့ ပီယာ့စ်က ဖော်ပြခဲ့တယ်။

ကစားသမား ခေါ်ယူမှုအတွက်ကတော့ လီဗာပူးဟာ တီမိုဝါနာကို လာမယ့် သီတင်းပတ်တွေမှာ တရားဝင် ကမ်းလှမ်းမှုတွေ စတင်မှာဖြစ်ပြီး ကလော့ပ်ကိုယ်တိုင်က ဝါနာကို နှစ်သက်နေတယ်လို့ သူက ဆိုပါတယ်။ ဒီအပြောင်းအရွှေ့ဟာ ဖြစ်လာဖို့ များပြားပေမယ့် မြင့်မားတဲ့ ကမ်းလှမ်းမှုတွေနဲ့တော့ ဖြစ်လာမှာ မဟုတ်ဘူးလို့ သိထားရပါတယ်။

ZAWGYI




