မန်နေဂျာယာဂင်ကလော့ပ်က ” အခုချိန်ထိ ကောင်းလေးတွေ လုပ်ပြလာခဲ့တာက အရမ်းကို ထူးချွန်ပါတယ်။ ဒါပေမယ့် အဆုံးမသတ်သေးပါဘူး။ ဒါကိုပဲ ကျနော် စိတ်ဝင်စားပါတယ်။ ကျနေ်ာတို့ အဆုံးမသတ်သေးပါဘူး။ နောက်တစ်ကြိမ် ထပ်ပြီး ကြိုးစားရပါမယ် ” လို့ နိုးဆော်လိုက်ပါတယ်။

ကွင်းလယ်လူ ဝိုက်နယ်ဒမ်က “ ခက်ခဲလှတဲ့ ဆုံးရံှူးမှုက တိုးတက်လာဖို့ အခွင့်အရေး ဖြစ်သင့်ပါတယ်။ ပြန်လည်ဖွဲ့စည်းဖို့ အချိန်ရောက်ပါပြီ။ နောက်ထပ် အခွင့်အရေးတွေ ရနိုင်ဖို့အတွက် ကျနော်တို့ အားလုံး အစွမ်းကုန် ပေးဆပ်ရပါမယ် ” လို့ တိုက်တွန်းလိုက်ပါတယ်။

ဘယ်အစွန်လူ ရော်ဘတ်ဆန်က အရံှူးကနေ ပြန်လာဖို့က အသင်းသားတွေအပေါ် မူတည်နေခဲ့ပြီဖြစ်ပြီး ခက်ခဲလှတဲ့ အင်္ဂလန်လိဂ်မှာ ချယ်ဆီး၊ ဘုန်းမောက် ပွဲတွေကို ရလဒ်ကောင်း ရယူခြင်းနဲ့ ပြန်လည် တုန့်ပြန်ပြဖို့ အသင်းဖော်တွေကို တိုက်တွန်းသွားပါတယ်။

လီဗာပူးရဲ့ ရံှူးပွဲကြောင့် ရွှေဖလားအနိုင် တစ်သင်းတည်းသော အသင်းအဖြစ် ဆက်ရှိနေမယ့်အပေါ် သက်ပြင်းချတဲ့ စကားလုံးကို တွစ်တာမှာ ထုတ်သုံးသွားတဲ့ အာဆင်နယ်ကို နော်တင်ဟမ်ဖောရက်စ်က ရွှေဖလားနိုင်ပွဲတွေထဲ ဥရောပဗိုလ်လုပွဲ အနိုင်ရတဲ့ပွဲ တစ်ပွဲမှ မပါဘူးလို့ တုန့်ပြန် လှောင်ပြောင်သွားပါတယ်။

ကွင်းလယ်လူဟောင်း မာဖီက အက်စတွန်ဗီလာ ကွင်းလယ်လူ ဂရီလစ်ကို နွေအပြောင်းအရွှေ့မှာ မန်ချက်စတာအသင်းတွေနဲ့အပြိုင် ခေါ်ယူဖို့ လီဗာပူးအသင်း တာဝန်ရှိသူတွေကို တိုက်တွန်းလိုက်ပါတယ်။ သူဟာ ကီတာထက် ပိုကောင်းတဲ့ ကစားသမားပါလို့လည်း သုံးသပ်သွားပါတယ်။

ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်း ရံှူးပွဲကြုံတွေ့တာအတွက် အင်္ဂလန်မီဒီယာတွေ အားလုံး အုတ်အုတ်ကျက်ကျက် ဖြစ်ကုန်ကြပါတယ်။ လီဗာပူးရဲ့ တစ်ရာသီ စွမ်းဆောင်ရည်အရ ဒီလို အနေအထား ပေါ်ထွက်လာမယ်လို့ ဘယ်သူကမှ မထင်ထားကြပါဘူး။

ဖီဖာကို ကူးပြောင်းသွားပြီဖြစ်တဲ့ ကလပ်အသင်း ဆရာဝန် Andy Massey က အသင်းကို ကျေးဇူးတင်ကြောင်းကို စိတ်ခံစားမှု အပြည့်ပါတဲ့ နုတ်ဆက်စာ ရေးသားသွားခဲ့ပါတယ်။

ဝတ်ဖိုဒ့်ကို ရံှူးတဲ့ပွဲကို လီဗာပူးအသင်း တွစ်တာအကောင့်ကနေပြီး ပွဲပြီး ရလဒ်တင်ပေးရာမှာ အောက်ကနေပြီး လိုက်ဇစ်တွင်တာအကောင့်က ဝါနာ အံ့အားသင့်နေတဲ့ ပုံနဲ့ လာမန့်သွားပါတယ်။ လီဗာပူးပရိသတ်တွေကတော့ ဒီလို ထပ်မဖြစ်ဖို့ နောက်ရာသီ မင်းလာခဲ့လိုက်တော့လို့ ဝါနာကို အကြောင်းကြားစာတွေ ပို့ပေးနေကြပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ” အခုခ်ိန္ထိ ေကာင္းေလးေတြ လုပ္ျပလာခဲ့တာက အရမ္းကို ထူးခၽြန္ပါတယ္။ ဒါေပမယ့္ အဆံုးမသတ္ေသးပါဘူး။ ဒါကိုပဲ က်ေနာ္ စိတ္ဝင္စားပါတယ္။ က်ေန္ာတုိ႔ အဆံုးမသတ္ေသးပါဘူး။ ေနာက္တစ္ၾကိမ္ ထပ္ျပီး ၾကိဳးစားရပါမယ္ ” လို႔ ႏိုးေဆာ္လိုက္ပါတယ္။

ကြင္းလယ္လူ ဝိုက္နယ္ဒမ္က “ ခက္ခဲလွတဲ့ ဆံုးရံွဴးမႈက တိုးတက္လာဖို႔ အခြင့္အေရး ျဖစ္သင့္ပါတယ္။ ျပန္လည္ဖြဲ႔စည္းဖို႔ အခ်ိန္ေရာက္ပါျပီ။ ေနာက္ထပ္ အခြင့္အေရးေတြ ရႏုိင္ဖို႔အတြက္ က်ေနာ္တို႔ အားလံုး အစြမ္းကုန္ ေပးဆပ္ရပါမယ္ ” လို႔ တိုက္တြန္းလိုက္ပါတယ္။

ဘယ္အစြန္လူ ေရာ္ဘတ္ဆန္က အရံွဴးကေန ျပန္လာဖို႔က အသင္းသားေတြအေပၚ မူတည္ေနခဲ့ျပီျဖစ္ျပီး ခက္ခဲလွတဲ့ အဂၤလန္လိဂ္မွာ ခ်ယ္ဆီး၊ ဘုန္းေမာက္ ပြဲေတြကို ရလဒ္ေကာင္း ရယူျခင္းနဲ႔ ျပန္လည္ တုန္႔ျပန္ျပဖို႔ အသင္းေဖာ္ေတြကို တိုက္တြန္းသြားပါတယ္။

လီဗာပူးရဲ႕ ရံွဴးပြဲေၾကာင့္ ေရႊဖလားအႏုိင္ တစ္သင္းတည္းေသာ အသင္းအျဖစ္ ဆက္ရွိေနမယ့္အေပၚ သက္ျပင္းခ်တဲ့ စကားလံုးကို တြစ္တာမွာ ထုတ္သံုးသြားတဲ့ အာဆင္နယ္ကို ေနာ္တင္ဟမ္ေဖာရက္စ္က ေရႊဖလားႏုိင္ပြဲေတြထဲ ဥေရာပဗိုလ္လုပြဲ အႏုိင္ရတဲ့ပြဲ တစ္ပြဲမွ မပါဘူးလို႔ တုန္႔ျပန္ ေလွာင္ေျပာင္သြားပါတယ္။

ကြင္းလယ္လူေဟာင္း မာဖီက အက္စတြန္ဗီလာ ကြင္းလယ္လူ ဂရီလစ္ကို ေႏြအေျပာင္းအေရႊ႔မွာ မန္ခ်က္စတာအသင္းေတြနဲ႔အျပိဳင္ ေခၚယူဖို႔ လီဗာပူးအသင္း တာဝန္ရွိသူေတြကို တိုက္တြန္းလိုက္ပါတယ္။ သူဟာ ကီတာထက္ ပိုေကာင္းတဲ့ ကစားသမားပါလို႔လည္း သံုးသပ္သြားပါတယ္။

ပရီးမီးယားလိဂ္မွာ လီဗာပူးအသင္း ရံွဴးပြဲၾကံဳေတြ႔တာအတြက္ အဂၤလန္မီဒီယာေတြ အားလံုး အုတ္အုတ္က်က္က်က္ ျဖစ္ကုန္ၾကပါတယ္။ လီဗာပူးရဲ႕ တစ္ရာသီ စြမ္းေဆာင္ရည္အရ ဒီလို အေနအထား ေပၚထြက္လာမယ္လို႔ ဘယ္သူကမွ မထင္ထားၾကပါဘူး။

ဖီဖာကို ကူးေျပာင္းသြားျပီျဖစ္တဲ့ ကလပ္အသင္း ဆရာဝန္ Andy Massey က အသင္းကို ေက်းဇူးတင္ေၾကာင္းကို စိတ္ခံစားမႈ အျပည့္ပါတဲ့ ႏုတ္ဆက္စာ ေရးသားသြားခဲ့ပါတယ္။

ဝတ္ဖိုဒ့္ကို ရံွဴးတဲ့ပြဲကို လီဗာပူးအသင္း တြစ္တာအေကာင့္ကေနျပီး ပြဲျပီး ရလဒ္တင္ေပးရာမွာ ေအာက္ကေနျပီး လိုက္ဇစ္တြင္တာအေကာင့္က ဝါနာ အံ့အားသင့္ေနတဲ့ ပံုနဲ႔ လာမန္႔သြားပါတယ္။ လီဗာပူးပရိသတ္ေတြကေတာ့ ဒီလို ထပ္မျဖစ္ဖို႔ ေနာက္ရာသီ မင္းလာခဲ့လိုက္ေတာ့လို႔ ဝါနာကို အေၾကာင္းၾကားစာေတြ ပို႔ေပးေနၾကပါတယ္။