မာတစ်ကို လူစာရင်းထဲ မထည့်ရတာက ဒဏ်ရာပြဿနာ ဖြစ်လာမှာ စိုးရိမ်လို့ဖြစ်ပြီး ချယ်ဆီးနဲ့ပွဲမှာ ထုတ်သုံးနိုင်မလားဆိုတာကိုတော့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ ကလော့ပ်က ပြောပါတယ်။

လီဗာပူးနဲ့ လိုက်ဇစ်ဟာ ဧပြီလ နောက်ဆုံးရက်မတိုင်ခင် ဝါနာရဲ့ အပြောင်းအရွှေ့ကိစ္စ အပြီးသတ်နိုင်ဖို့ အကောင်းမြင်မှုတွေ ရနေပါတယ်။ လိုက်ဇစ်ဘက်ကလည်း ကစားသမား ပြန်လည် ခေါ်ယူဖို့ အချိန် လုံလုံလောက်လောက် ရမှာဖြစ်လို့ လက်ခံပေးဖွယ် ရှိနေပါပြီ။

ဝတ်ဖို့တိုက်စစ်သမားဒန်နီက “ လီဗာပူးက မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့ ကမ္ဘာချန်ပီယံ၊ ဥရောပချန်ပီယံအဖြစ် ရှိနေဆဲဖြစ်ပြီး မကြာခင်မှာ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရမှာပါ။ ရံှူးပွဲမရှိစံချိန် ရပ်တန့်ပေမယ့် သူတို့ မယုံနိုင်လောက်တဲ့ အသင်းကောင်းအဖြစ် ဆက်ရှိနေသေးတာပါ ” လို့ သူ့အမြင်ကို ပြောဆိုပါတယ်။

နော်ဝစ်ရဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့ လီဗာပူးဘက်က လူငယ်ကစားသမား ကန့်ဝဲလ်ကို ကမ်းလှမ်းမှုလုပ်ဖို့ ခြေလှမ်းတစ်ရပ် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ သူ့ကို ခေါ်ယူဖို့ မန်ချက်စတာကလပ်တွေနဲ့ စပါးကလည်း စိတ်ဝင်စားနေပါတယ်။

နွေအပြောင်းအရွှေ့မှာ လီဗာပူးက ခေါ်ယူမှုကြီး အနည်းငယ် လုပ်ဖို့လိုကြောင်း ဆမ်း အလွှာဒိုက်က သတိပေးလိုက်ပါတယ်။ စပါးအသင်းဟာ အပြောင်းအရွှေ့တွေမှာ လူသစ်ခေါ်ယူမှု ထိန်းချုပ်ခဲ့ရာက နောက်ပြန်ဆုတ်ခဲ့တဲ့ အနေအထားနဲ့ နှိုင်းယှဉ်ပြခဲ့တာပါ။

ပေါမာဆန်က ဝတ်ဖိုဒ့်နဲ့ပွဲ အရေးနိမ့်မှုက လီဗာပူးကို ဖိအားတွေအောက်ကနေ ကင်းလွတ်ခွင့် ရစေခဲ့ပြီလို့ သုံးသပ်လိုက်ပါတယ်။ သူကတော့ လီဗာပူးက အမှတ်ပေးဖလားကိုပဲ အနိုင်ရဖို့လိုပြီး အခုချိန်မှာ ဘယ်ပွဲရံှူးမလဲ စောင့်ကြည့်ခံရခြင်းက ကင်းလွတ်ခဲ့ပြီလို့ ဆိုလိုက်တာပါ။

ကာရေဂါက ဒီရာသီ လီဗာပူးအသင်း ရင်ဆိုင်ကစားရာမှာ အခက်ခဲဆုံး နှစ်ပွဲက ဝတ်ဖိုဒ့်ကို အိမ်ကွင်း၊ အဝေးကွင်းတွေမှာ ရင်ဆိုင်ကစားတဲ့ ပွဲတွေပါလို့ ထုတ်ဖော်ပြောဆိုပါတယ်။

ZAWGYI

မာတစ္ကို လူစာရင္းထဲ မထည့္ရတာက ဒဏ္ရာျပႆနာ ျဖစ္လာမွာ စိုးရိမ္လို႔ျဖစ္ျပီး ခ်ယ္ဆီးနဲ႔ပြဲမွာ ထုတ္သံုးႏုိင္မလားဆိုတာကိုေတာ့ အေျခအေနကို ေစာင့္ၾကည့္ေနတယ္လုိ႔ ကေလာ့ပ္က ေျပာပါတယ္။

လီဗာပူးနဲ႔ လိုက္ဇစ္ဟာ ဧျပီလ ေနာက္ဆံုးရက္မတိုင္ခင္ ဝါနာရဲ႕ အေျပာင္းအေရႊ႔ကိစၥ အျပီးသတ္ႏုိင္ဖို႔ အေကာင္းျမင္မႈေတြ ရေနပါတယ္။ လိုက္ဇစ္ဘက္ကလည္း ကစားသမား ျပန္လည္ ေခၚယူဖို႔ အခ်ိန္ လံုလံုေလာက္ေလာက္ ရမွာျဖစ္လို႔ လက္ခံေပးဖြယ္ ရွိေနပါျပီ။

ဝတ္ဖို႔တိုက္စစ္သမားဒန္နီက “ လီဗာပူးက မယံုႏုိင္ေလာက္ေအာင္ ေကာင္းမြန္တဲ့ ကမၻာခ်န္ပီယံ၊ ဥေရာပခ်န္ပီယံအျဖစ္ ရွိေနဆဲျဖစ္ျပီး မၾကာခင္မွာ ပရီးမီးယားလိဂ္ဖလားကို အႏုိင္ရမွာပါ။ ရံွဴးပြဲမရွိစံခ်ိန္ ရပ္တန္႔ေပမယ့္ သူတို႔ မယံုႏုိင္ေလာက္တဲ့ အသင္းေကာင္းအျဖစ္ ဆက္ရွိေနေသးတာပါ ” လို႔ သူ႔အျမင္ကို ေျပာဆိုပါတယ္။

ေနာ္ဝစ္ရဲ႕ အေျခအေနကို ေစာင့္ၾကည့္ေနတဲ့ လီဗာပူးဘက္က လူငယ္ကစားသမား ကန္႔ဝဲလ္ကို ကမ္းလွမ္းမႈလုပ္ဖို႔ ေျခလွမ္းတစ္ရပ္ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ သူ႔ကို ေခၚယူဖို႔ မန္ခ်က္စတာကလပ္ေတြနဲ႔ စပါးကလည္း စိတ္ဝင္စားေနပါတယ္။

ေႏြအေျပာင္းအေရႊ႔မွာ လီဗာပူးက ေခၚယူမႈၾကီး အနည္းငယ္ လုပ္ဖို႔လိုေၾကာင္း ဆမ္း အလႊာဒိုက္က သတိေပးလိုက္ပါတယ္။ စပါးအသင္းဟာ အေျပာင္းအေရႊ႔ေတြမွာ လူသစ္ေခၚယူမႈ ထိန္းခ်ဳပ္ခဲ့ရာက ေနာက္ျပန္ဆုတ္ခဲ့တဲ့ အေနအထားနဲ႔ ႏိႈင္းယွဥ္ျပခဲ့တာပါ။

ေပါမာဆန္က ဝတ္ဖိုဒ့္နဲ႔ပြဲ အေရးနိမ့္မႈက လီဗာပူးကို ဖိအားေတြေအာက္ကေန ကင္းလြတ္ခြင့္ ရေစခဲ့ျပီလို႔ သံုးသပ္လုိက္ပါတယ္။ သူကေတာ့ လီဗာပူးက အမွတ္ေပးဖလားကိုပဲ အႏုိင္ရဖို႔လိုျပီး အခုခ်ိန္မွာ ဘယ္ပြဲရံွဴးမလဲ ေစာင့္ၾကည့္ခံရျခင္းက ကင္းလြတ္ခဲ့ျပီလို႔ ဆိုလိုက္တာပါ။

ကာေရဂါက ဒီရာသီ လီဗာပူးအသင္း ရင္ဆိုင္ကစားရာမွာ အခက္ခဲဆံုး ႏွစ္ပြဲက ဝတ္ဖိုဒ့္ကို အိမ္ကြင္း၊ အေဝးကြင္းေတြမွာ ရင္ဆုိင္ကစားတဲ့ ပြဲေတြပါလို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။