လီဗာပူးတက္ကသိုလ်မှ ဘောလုံးဝင်ငွေပိုင်းဆိုင်ရာ ကျွမ်းကျင်သူ Kieran Maguire က မာဆေးဆိုဒ်သတင်းဌာနကို နွေမှာ လီဗာပူးရဲ့ အသုံးစရိတ်အကြောင်းကို မေးမြန်း ဖြေဆိုမှုတစ်ခု ပြုလုပ်ပေးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်မှာပဲ လီဗာပူးရဲ့ တစ်နှစ်တာ အကျိုးအမြတ်စာရင်းတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ဝင်ငွေ ပေါင် ၅၃၃ သန်း ရှိခဲ့ကာ အကျိုးအမြတ်အားဖြင့် ပေါင် ၄၂ သန်း အပေါင်းထွက်ခဲ့တာဖြစ်တယ်။ ဒါဟာ ဒီနှစ်တွေအတွင်း လီဗာပူးရဲ့ ကွင်းတွင်း ကွင်းပြင် အောင်မြင်မှုတွေကြောင့် စတင်ရရှိလာတဲ့ အကျိုးအမြတ်ဖြစ်ပြီး လာမယ့်ရာသီမှာလည်း အကောင်းမြင်နိုင်စရာတွေ ရှိနေပါသေးတယ်။

အားကစား ဘဏ္ဍာရေးကျွမ်းကျင်သူ မက်ဂွဲရားက ” လီဗာပူးရဲ့ moneyball style (ငွေကြေးနည်းနည်းနဲ့ အကျိုးများများရအောင် ပြုလုပ်နည်း) က ကုန်ခဲ့တဲ့ နှစ်တွေမှာ အကျိုးဖြစ်လာခဲ့တယ်။ လီဗာပူးက ၂၀၁၉ ခုနှစ် နွေတုန်းကလည်း အသုံးစရိတ် မထုတ်ထားတာကြောင့် ဘဏ္ဍာရေးပိုင်းမှာ တောင့်တင်းနေပါတယ်။

ဇန်နဝါရီတုန်းက မီနာမီနိုကို ခေါ်ယူထားပေမယ့်လည်း သူက သက်သာတဲ့ ခေါ်ယူမှုပါ။ ဒီတော့ နွေအပြောင်းအရွှေ့မှာ ကြီးမားတဲ့ ငွေသားနဲ့ ဈေးကွက်ထဲကို သူတို့ ဝင်ရောက်နိုင်စွမ်း ရှိနေပါတယ်။ အသုံးစရိတ် အများအပြားကိုတော့ ဗန်ဒိုက်လို ကစားသမားကို လက်မှတ်ထိုးမှုအတွက် သူတို့ အသုံးပြုရမှာပါ။ ဗန်ဒိုက်က ကမ္ဘာအကောင်းဆုံး ခံစစ်မှူးဖြစ်ပြီး အန်ဖီးမှာ ပျော်နေတာ ရှင်းပါတယ်။

လက်ရှိ ရနေတဲ့ နေရာကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အင်အားဖြည့်မှုတွေကို လီဗာပူးက လုပ်ဆောင်မှာပါ။ လီဗာပူးက လာမယ့် ၂၀၂၀ နွေဈေးကွက်အတွက်တင် မဟုတ်ပဲ လာမယ့် ၅ နှစ်ကာလအတွက် အစီအစဉ်တွေ လုပ်နေမှာပါ။ သူတိုက အစားထိုးဖို့ လိုတာတွေနဲ့ သက်တမ်းတိုးဖို့ လိုတာတွေကို ခပ်စောစောပဲ ပြီးအောင် လုပ်ဆောင်လေ့ရှိပါတယ်။

အမှတ်ပေးဖလား အနိုင်ရရင် စပွန်ဆာတွေထံက ဘောနပ်ရမှာဖြစ်ပြီး Nike နဲ့လည်း စာချုပ်ကိစ္စတွေ ရှိပါတယ်။ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရမှာဖြစ်တဲ့အတွက် ငွေကြေးတွေ ရမှာဖြစ်ပြီး ပရီးမီးယားလိဂ်နဲ့ ယူအီးအက်ဖ်အေထံက ဆုကြေးပေးချေမှုတွေအရ လီဗာပူးဟာ အပေါင်း အပေါင်း အပေါင်းတွေကို ထပ်ထပ် ရနေဦးမှာပါ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတကၠသိုလ္မွ ေဘာလံုးဝင္ေငြပိုင္းဆိုင္ရာ ကၽြမ္းက်င္သူ Kieran Maguire က မာေဆးဆိုဒ္သတင္းဌာနကို ေႏြမွာ လီဗာပူးရဲ႕ အသံုးစရိတ္အေၾကာင္းကို ေမးျမန္း ေျဖဆိုမႈတစ္ခု ျပဳလုပ္ေပးသြားခဲ့ပါတယ္။

ျပီးခဲ့တဲ့ အပတ္မွာပဲ လီဗာပူးရဲ႕ တစ္ႏွစ္တာ အက်ိဳးအျမတ္စာရင္းေတြ ထြက္ေပၚလာခဲ့ျပီျဖစ္ျပီး ၂၀၁၈-၂၀၁၉ ခုႏွစ္အတြင္း ဝင္ေငြ ေပါင္ ၅၃၃ သန္း ရွိခဲ့ကာ အက်ိဳးအျမတ္အားျဖင့္ ေပါင္ ၄၂ သန္း အေပါင္းထြက္ခဲ့တာျဖစ္တယ္။ ဒါဟာ ဒီႏွစ္ေတြအတြင္း လီဗာပူးရဲ႕ ကြင္းတြင္း ကြင္းျပင္ ေအာင္ျမင္မႈေတြေၾကာင့္ စတင္ရရွိလာတဲ့ အက်ိဳးအျမတ္ျဖစ္ျပီး လာမယ့္ရာသီမွာလည္း အေကာင္းျမင္ႏုိင္စရာေတြ ရွိေနပါေသးတယ္။

အားကစား ဘ႑ာေရးကၽြမ္းက်င္သူ မက္ဂြဲရားက ” လီဗာပူးရဲ႕ moneyball style (ေငြေၾကးနည္းနည္းနဲ႔ အက်ိဳးမ်ားမ်ားရေအာင္ ျပဳလုပ္နည္း) က ကုန္ခဲ့တဲ့ နွစ္ေတြမွာ အက်ိဳးျဖစ္လာခဲ့တယ္။ လီဗာပူးက ၂၀၁၉ ခုႏွစ္ ေႏြတုန္းကလည္း အသံုးစရိတ္ မထုတ္ထားတာေၾကာင့္ ဘ႑ာေရးပိုင္းမွာ ေတာင့္တင္းေနပါတယ္။

ဇန္နဝါရီတုန္းက မီနာမီႏိုကို ေခၚယူထားေပမယ့္လည္း သူက သက္သာတဲ့ ေခၚယူမႈပါ။ ဒီေတာ့ ေႏြအေျပာင္းအေရႊ႔မွာ ၾကီးမားတဲ့ ေငြသားနဲ႔ ေစ်းကြက္ထဲကို သူတို႔ ဝင္ေရာက္ႏုိင္စြမ္း ရွိေနပါတယ္။ အသံုးစရိတ္ အမ်ားအျပားကိုေတာ့ ဗန္ဒိုက္လို ကစားသမားကို လက္မွတ္ထိုးမႈအတြက္ သူတို႔ အသံုးျပဳရမွာပါ။ ဗန္ဒိုက္က ကမၻာအေကာင္းဆံုး ခံစစ္မွဴးျဖစ္ျပီး အန္ဖီးမွာ ေပ်ာ္ေနတာ ရွင္းပါတယ္။

လက္ရွိ ရေနတဲ့ ေနရာကို ဆက္လက္ ထိန္းသိမ္းႏုိင္ဖို႔ အင္အားျဖည့္မႈေတြကို လီဗာပူးက လုပ္ေဆာင္မွာပါ။ လီဗာပူးက လာမယ့္ ၂၀၂၀ ေႏြေစ်းကြက္အတြက္တင္ မဟုတ္ပဲ လာမယ့္ ၅ ႏွစ္ကာလအတြက္ အစီအစဥ္ေတြ လုပ္ေနမွာပါ။ သူတိုက အစားထိုးဖို႔ လိုတာေတြနဲ႔ သက္တမ္းတိုးဖို႔ လိုတာေတြကို ခပ္ေစာေစာပဲ ျပီးေအာင္ လုပ္ေဆာင္ေလ့ရွိပါတယ္။

အမွတ္ေပးဖလား အႏုိင္ရရင္ စပြန္ဆာေတြထံက ေဘာနပ္ရမွာျဖစ္ျပီး Nike နဲ႔လည္း စာခ်ဳပ္ကိစၥေတြ ရွိပါတယ္။ ေနာက္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ရမွာျဖစ္တဲ့အတြက္ ေငြေၾကးေတြ ရမွာျဖစ္ျပီး ပရီးမီးယားလိဂ္နဲ႔ ယူအီးအက္ဖ္ေအထံက ဆုေၾကးေပးေခ်မႈေတြအရ လီဗာပူးဟာ အေပါင္း အေပါင္း အေပါင္းေတြကို ထပ္ထပ္ ရေနဦးမွာပါ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။