လီဗာပူး ယူ-၂၃ အသင်း မန်နေဂျာ နေခရစ်ချ်လေဟာ လိဂ်ဝမ်းကလပ် ဘလက်ပူးလ်အသင်းကို မန်နေဂျာအဖြစ် ကိုင်တွယ်ဖို့ အသင်းကနေ ထွက်ခွာမှာဖြစ်ကြောင်း ကလပ်အသင်းဘက်က အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ အရန်အသင်းဖြစ်တဲ့ ယူ-၂၃ အသင်းကို တာဝန်မယူခင် ခရစ်ချ်လေဟာ ယူ-၁၈ အသင်းကို တာဝန်ယူခဲ့သူပါ။ သူဟာ ဒီရာသီမှာ အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်တဲ့ ကာရာဘောင်းပွဲ၊ ရှရူဘူရီနဲ့ ယှဉ်ပြိုင်ကစားတဲ့ အက်ဖ်အေပွဲတွေမှာ သူ့ရဲ့ ယူ-၂၃ အသင်းနဲ့အတူ စီနီယာအဆင့်ပွဲတွေကို ကိုင်တွယ်ခွင့်ရခဲ့သူဖြစ်တယ်။

လီဗာပူးအသင်းကို ၂၀၁၃ ခုနှစ် စက်တင်ဘာလမှာ စတင်ရောက်လာခဲ့တဲ့ ခရစ်ချ်လေဟာ ခြောက်ရာသီခွဲကြာ မာဆေးဆိုဒ်မှာ ကျင်လယ်ခဲ့သူပါ။ သူ့လက်အောက်မှာ အီလီယော့၊ ဂျုံး၊ နီကိုး၊ ဟိုဗာ၊ အစရှိတဲ့ စီနီယာအသင်းထံ ရောက်ရှိဖို့ သတင်းကြီးနေတဲ့ ကြယ်ပွင့်တွေ ကစားနေကြတာ ဖြစ်ပါတယ်။

အကယ်ဒမီ ဒါရိုက်တာ Alex Inglethorpe ကတော့ ခရစ်ချ်လေကို လက်လွတ်ရမှာအတွက် စိတ်ပျက်မိ ဝမ်းနည်းရကြောင်း စကားဆိုခဲ့ပါသေးတယ်။ လီဗာပူးလူငယ်အသင်းကို တာဝန်ယူခဲ့ကြတဲ့ မိုက်မာချ်၊ မိုင်ကယ်ဘေလ်း၊ စတီဗင်ဂျရတ်တို့ကလည်း လူငယ်အဆင့်ကနေ စီနီယာမန်နေဂျာတာဝန်တွေအတွက် အသင်းကနေ ထွက်ခွာသွားခဲ့ကြသေးတာဖြစ်တယ်။

Inglethorpe ကပဲ လီဗာပူးအသင်းမှာ နေးရဲ့ ထူးချွန်တဲ့ အရည်အချင်းတွေကို မြင်ခဲ့ပြီး လီဗာပူးရဲ့ စနစ်ကို ထဲထဲဝင်ဝင် နားလည်နိုင်စွမ်းရှိတဲ့ သူ့ကို ခေါ်ယူဖို့ ဘလက်ပူးဘက်က ယုံကြည်ချက်ပေးခဲ့တာကြောင့်လည်း ဒီလို ဆုံးဖြတ်ရခြင်းလို့ ဆိုပါတယ်။ ဒီအတွက်လည်း ဘလက်ပူးက ကံကောင်းမှာပါလို့ သူက အသင်းဝဘ်ဆိုဒ်ကနေ ဆိုသွားပါတယ်။

ယူ-၂၃ အသင်း မန်နေဂျာရာထူးက အရေးပါတဲ့ နေရာဖြစ်လို့ လီဗာပူးဘက်က ယာဂင်ကလော့ပ်၊ မိုင်ကယ်အဒ်ဝတ်နဲ့ အကယ်ဒမီဒါရိုက်တာ Alex Inglethorpe တို့ တိုင်ပင်ဆွေးနွေးပြီး တစ်ဦးဦးကိုတော့ တာဝန်ပေးသွားဖွယ် ရှိနေပါတယ်။

ZAWGYI

လီဗာပူး ယူ-၂၃ အသင္း မန္ေနဂ်ာ ေနခရစ္ခ်္ေလဟာ လိဂ္ဝမ္းကလပ္ ဘလက္ပူးလ္အသင္းကို မန္ေနဂ်ာအျဖစ္ ကိုင္တြယ္ဖို႔ အသင္းကေန ထြက္ခြာမွာျဖစ္ေၾကာင္း ကလပ္အသင္းဘက္က အတည္ျပဳလိုက္ျပီျဖစ္ပါတယ္။

၂၀၁၇-၂၀၁၈ ေဘာလံုးရာသီမွာ အရန္အသင္းျဖစ္တဲ့ ယူ-၂၃ အသင္းကို တာဝန္မယူခင္ ခရစ္ခ်္ေလဟာ ယူ-၁၈ အသင္းကို တာဝန္ယူခဲ့သူပါ။ သူဟာ ဒီရာသီမွာ အက္စတြန္ဗီလာနဲ႔ ယွဥ္ျပိဳင္တဲ့ ကာရာေဘာင္းပြဲ၊ ရွရူဘူရီနဲ႔ ယွဥ္ျပိဳင္ကစားတဲ့ အက္ဖ္ေအပြဲေတြမွာ သူ႔ရဲ႕ ယူ-၂၃ အသင္းနဲ႔အတူ စီနီယာအဆင့္ပြဲေတြကို ကိုင္တြယ္ခြင့္ရခဲ့သူျဖစ္တယ္။

လီဗာပူးအသင္းကို ၂၀၁၃ ခုႏွစ္ စက္တင္ဘာလမွာ စတင္ေရာက္လာခဲ့တဲ့ ခရစ္ခ်္ေလဟာ ေျခာက္ရာသီခြဲၾကာ မာေဆးဆိုဒ္မွာ က်င္လယ္ခဲ့သူပါ။ သူ႔လက္ေအာက္မွာ အီလီေယာ့၊ ဂ်ံဳး၊ နီကိုး၊ ဟိုဗာ၊ အစရွိတဲ့ စီနီယာအသင္းထံ ေရာက္ရွိဖို႔ သတင္းၾကီးေနတဲ့ ၾကယ္ပြင့္ေတြ ကစားေနၾကတာ ျဖစ္ပါတယ္။

အကယ္ဒမီ ဒါရိုက္တာ Alex Inglethorpe ကေတာ့ ခရစ္ခ်္ေလကို လက္လြတ္ရမွာအတြက္ စိတ္ပ်က္မိ ဝမ္းနည္းရေၾကာင္း စကားဆိုခဲ့ပါေသးတယ္။ လီဗာပူးလူငယ္အသင္းကို တာဝန္ယူခဲ့ၾကတဲ့ မိုက္မာခ်္၊ မိုင္ကယ္ေဘလ္း၊ စတီဗင္ဂ်ရတ္တို႔ကလည္း လူငယ္အဆင့္ကေန စီနီယာမန္ေနဂ်ာတာဝန္ေတြအတြက္ အသင္းကေန ထြက္ခြာသြားခဲ့ၾကေသးတာျဖစ္တယ္။

Inglethorpe ကပဲ လီဗာပူးအသင္းမွာ ေနးရဲ႕ ထူးခၽြန္တဲ့ အရည္အခ်င္းေတြကို ျမင္ခဲ့ျပီး လီဗာပူးရဲ႕ စနစ္ကို ထဲထဲဝင္ဝင္ နားလည္ႏုိင္စြမ္းရွိတဲ့ သူ႔ကို ေခၚယူဖို႔ ဘလက္ပူးဘက္က ယံုၾကည္ခ်က္ေပးခဲ့တာေၾကာင့္လည္း ဒီလို ဆံုးျဖတ္ရျခင္းလို႔ ဆိုပါတယ္။ ဒီအတြက္လည္း ဘလက္ပူးက ကံေကာင္းမွာပါလို႔ သူက အသင္းဝဘ္ဆိုဒ္ကေန ဆိုသြားပါတယ္။

ယူ-၂၃ အသင္း မန္ေနဂ်ာရာထူးက အေရးပါတဲ့ ေနရာျဖစ္လို႔ လီဗာပူးဘက္က ယာဂင္ကေလာ့ပ္၊ မိုင္ကယ္အဒ္ဝတ္နဲ႔ အကယ္ဒမီဒါရိုက္တာ Alex Inglethorpe တို႔ တိုင္ပင္ေဆြးေႏြးျပီး တစ္ဦးဦးကိုေတာ့ တာဝန္ေပးသြားဖြယ္ ရွိေနပါတယ္။