နွေအပြောင်းအရွှေ့အတွက် ပြင်ဆင်မှုတွေ ကြိုတင်လုပ်ဆောင်နေတဲ့ လီဗာပူးဟာ နော်ဝစ် လူငယ်ကွင်းလယ်လူကို ခေါ်ယူဖို့ ခြေလှမ်းသစ်တွေကို အရှိန်မြင့် ပြင်ဆင်ခဲ့ပါပြီလို့ The Athletic က ဖော်ပြခဲ့ပြီဖြစ်ပါတယ်။

နွေအပြောင်းအရွှေ့မှာ လယ်လာနာကို လက်လွတ်ရမှာဖြစ်ပြီး ရှာကွီရီကို ရောင်းထုတ်သွားမယ့် လီဗာပူးက ကွင်းလယ်တစ်နေရာစာကို ကန့်ဝဲလ်နဲ့ ပြန်လည် အစားထိုးဖို့ ပြင်ဆင်နေတာပါ။ လယ်လာနာက စာချုပ်သက်တမ်း ကုန်ဆုံးခြင်းကြောင့် လက်လွတ်ရမှာဖြစ်ကာ ရှာကွီရီကတော့ ဒဏ်ရာပြဿနာတွေကြောင့် ပွဲကစားခွင့် ရုန်းကန်နေရခြင်းမှာ နွေမှာတော့ ထွက်ခွာဖို့ များနေတာဖြစ်တယ်။

လီဗာပူးဘက်ကတော့ လယ်လာနာအတွက် တစ်ပတ် ပေါင် ၁၁၀၀၀၀ ထိ ပေးနေရတဲ့ မြင့်မားတဲ့ လုပ်ခကို လျောချနိုင်မှာဖြစ်ကာ ရှာကွီရီကို ရောင်းထုတ်မှုကနေလည်း ပေါင် ၂၅ သန်းလောက်ထိရဖို့ မျှော်လင့်နေတာပါ။ ကန့်ဝဲလ်ကိုတော့ ပေါင် ၃၀ သန်းဝန်းကျင်နဲ့ ပေးပြီး ခေါ်ယူရမှာဖြစ်တာကြောင့် ငွေကြေးပိုင်းမှာ ကြီးကြီးမားမား အပိုကုန်ကျဖွယ် မရှိပါဘူး။

အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူကို မန်ချက်စတာနှစ်သင်းနဲ့ စပါးတို့ကလည်း ခေါ်ယူလိုနေတာဖြစ်တယ်။ နော်ဝစ်ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၂၅ ဂိုးမှာ ၆ ဂိုးထိကို သွင်းယူပေးထားတဲ့ ကန့်ဝဲလ်က လီဗာပူးကို ရောက်ခဲ့မယ်ဆိုရင် ကီတာ ချိန်ဘာလိန်တို့နဲ့အတူ ပွဲထွက်ခွင့် တစ်နေရာကို ယှဉ်ပြိုင်သွားရမှာဖြစ်တယ်။

ကန့်ဝဲလ်ကို ခေါ်ယူမှုအတွက် အကောင်းမြင်မှုတွေရှိပြီး လူငယ်ကွင်းလယ်လူဖြစ်ခြင်းနဲ့ home-grown ကစားသမားဖြစ်ခြင်းတွေက လီဗာပူးအတွက် အကျိုးဖြစ်မှာပါ။ ဒါပေမယ့်လည်း သူ့ကို ခေါ်ယူခြင်းထက် လူငယ်ကစားသမား ကာတစ်ဂျုံးကို အခွင့်အရေး ပိုပေးတာက ကလပ်အသင်းအတွက် ပိုအကျိုးဖြစ်မယ်ဆိုတဲ့ အမြင်တွေလည်း ပရိသတ်တွေဘက်မှာ ရှိနေတာဖြစ်တယ်။

လီဗာပူးဟာ လာမယ့်ရာသီမှာ စံချိန်တင် ပြောင်းရွှေ့ကြေးတွေ သုံးဖို့ မရှိပေမယ့် ခေါ်ယူမှုကောင်းတွေကို လုပ်ဆောင်ဖို့တော့ ရှိပြီး တိုက်စစ်သမား၊ ကွင်းလယ်၊၊ ဗဟိုခံစစ်နဲ့ ဘယ်အစွန်လူနေရာတွေအတွက် သတင်းထွက်နေမှုတွေ ရှိနေပါတယ်။

ZAWGYI

ေႏြအေျပာင္းအေရႊ႔အတြက္ ျပင္ဆင္မႈေတြ ၾကိဳတင္လုပ္ေဆာင္ေနတဲ့ လီဗာပူးဟာ ေနာ္ဝစ္ လူငယ္ကြင္းလယ္လူကို ေခၚယူဖို႔ ေျခလွမ္းသစ္ေတြကို အရွိန္ျမင့္ ျပင္ဆင္ခဲ့ပါျပီလို႔ The Athletic က ေဖာ္ျပခဲ့ျပီျဖစ္ပါတယ္။

ေႏြအေျပာင္းအေရႊ႔မွာ လယ္လာနာကို လက္လြတ္ရမွာျဖစ္ျပီး ရွာကီြရီကို ေရာင္းထုတ္သြားမယ့္ လီဗာပူးက ကြင္းလယ္တစ္ေနရာစာကို ကန္႔ဝဲလ္နဲ႔ ျပန္လည္ အစားထိုးဖို႔ ျပင္ဆင္ေနတာပါ။ လယ္လာနာက စာခ်ဳပ္သက္တမ္း ကုန္ဆံုးျခင္းေၾကာင့္ လက္လြတ္ရမွာျဖစ္ကာ ရွာကီြရီကေတာ့ ဒဏ္ရာျပႆနာေတြေၾကာင့္ ပြဲကစားခြင့္ ရုန္းကန္ေနရျခင္းမွာ ေႏြမွာေတာ့ ထြက္ခြာဖို႔ မ်ားေနတာျဖစ္တယ္။

လီဗာပူးဘက္ကေတာ့ လယ္လာနာအတြက္ တစ္ပတ္ ေပါင္ ၁၁၀၀၀၀ ထိ ေပးေနရတဲ့ ျမင့္မားတဲ့ လုပ္ခကို ေလ်ာခ်ႏုိင္မွာျဖစ္ကာ ရွာကီြရီကို ေရာင္းထုတ္မႈကေနလည္း ေပါင္ ၂၅ သန္းေလာက္ထိရဖို႔ ေမွ်ာ္လင့္ေနတာပါ။ ကန္႔ဝဲလ္ကိုေတာ့ ေပါင္ ၃၀ သန္းဝန္းက်င္နဲ႔ ေပးျပီး ေခၚယူရမွာျဖစ္တာေၾကာင့္ ေငြေၾကးပိုင္းမွာ ၾကီးၾကီးမားမား အပိုကုန္က်ဖြယ္ မရွိပါဘူး။

အသက္ ၂၂ ႏွစ္အရြယ္ ကြင္းလယ္လူကို မန္ခ်က္စတာႏွစ္သင္းနဲ႔ စပါးတို႔ကလည္း ေခၚယူလိုေနတာျဖစ္တယ္။ ေနာ္ဝစ္ရဲ႕ ဒီရာသီ ပရီးမီးယားလိဂ္ သြင္းဂိုး ၂၅ ဂိုးမွာ ၆ ဂိုးထိကို သြင္းယူေပးထားတဲ့ ကန္႔ဝဲလ္က လီဗာပူးကို ေရာက္ခဲ့မယ္ဆိုရင္ ကီတာ ခ်ိန္ဘာလိန္တို႔နဲ႔အတူ ပြဲထြက္ခြင့္ တစ္ေနရာကို ယွဥ္ျပိဳင္သြားရမွာျဖစ္တယ္။

ကန္႔ဝဲလ္ကို ေခၚယူမႈအတြက္ အေကာင္းျမင္မႈေတြရွိျပီး လူငယ္ကြင္းလယ္လူျဖစ္ျခင္းနဲ႔ home-grown ကစားသမားျဖစ္ျခင္းေတြက လီဗာပူးအတြက္ အက်ိဳးျဖစ္မွာပါ။ ဒါေပမယ့္လည္း သူ႔ကို ေခၚယူျခင္းထက္ လူငယ္ကစားသမား ကာတစ္ဂ်ံဳးကို အခြင့္အေရး ပိုေပးတာက ကလပ္အသင္းအတြက္ ပိုအက်ိဳးျဖစ္မယ္ဆိုတဲ့ အျမင္ေတြလည္း ပရိသတ္ေတြဘက္မွာ ရွိေနတာျဖစ္တယ္။

လီဗာပူးဟာ လာမယ့္ရာသီမွာ စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးေတြ သံုးဖို႔ မရွိေပမယ့္ ေခၚယူမႈေကာင္းေတြကို လုပ္ေဆာင္ဖို႔ေတာ့ ရွိျပီး တိုက္စစ္သမား၊ ကြင္းလယ္၊၊ ဗဟိုခံစစ္နဲ႔ ဘယ္အစြန္လူေနရာေတြအတြက္ သတင္းထြက္ေနမႈေတြ ရွိေနပါတယ္။