လီဗာပူးက ဝတ်ဖိုဒ့်ကို အရေးနိမ့်တဲ့ပွဲမှာ တွစ်တာကနေ တီမိုဝါနာပုံသုံးပြီး လှောင်ပြောင်မှု ပြုလုပ်ခဲ့တဲ့ လိုက်ဇစ်တွစ်တာအကောင့်ကို ဝါနာဘက်က unfollowed လုပ်သွားခဲ့ပါတယ်။

၄၂၂ ရက်အကြာမှ ပရီးမီးယားလိဂ် ပွဲစဉ် ၄၄ ပွဲကို အရေးမနိမ့်ထားတဲ့ လီဗာပူးဟာ ပထမဆုံးအကြိမ် ရံှူးပွဲ ရင်ဆိုင်ခဲ့ရတာပါ။ အဆိုပါ ရံှူးပွဲက ဗြိတိန်ကလပ်တွေတင်မကပဲ ထိပ်သီး အသင်းအများအပြားကို အံ့အားသင့်စေခဲ့ပြီး လိုက်ဇစ်ကတော့ လူမှုကွန်ယက်ကနေ ဝါနာပုံကို သုံးပြီး ချက်ခြင်း လှောင်ပြောင်ခဲ့တာဖြစ်တယ်။

အသက် ၂၃ နှစ်အရွယ် တိုက်စစ်သမားဟာ သူ့ရဲ့ အကောင့်မှာ follower ၂၂၀၀၀ ရှိထားတာဖြစ်ပြီး တွစ်တာကနေ ဘယ်သူကိုမှ follow လုပ်ထားခြင်း မရှိတော့ပါဘူး။ ဒါက လီဗာပူးရံှူးပွဲကို လိုက်ဇစ်အသင်းက လှောင်ပြောင်းခဲ့ခြင်းကြောင့်လည်း အခြားအကြောင်းကြောင့်လား မကွဲပေမယ့် ဒီကိစ္စက လူပြောများစရာ ကိစ္စလည်း ဖြစ်လာခဲ့ပါတယ်။

လီဗာပူးဘက်က ဧပရယ်လ မကုန်ခင်မှာ ဝါနာကို အတည်ပြု ကမ်းလှမ်းမှု ပေးပို့မယ်လို့ သတင်းထောက် ဂျိမ်းပီယာ့စ်က ထုတ်ပြောထားကာ အဆိုပါကိစ္စတွေကို တရားဝင် ချပြမလားဆိုတာက စောင့်ကြည့်သွားရဦးမှာပါ။ လီဗာပူးကို ပြောင်းလာလိုတဲ့ ဝါနာကို ကလော့ပ်ကလည်း သဘောတွေ့ပြီး ဈေးကွက် တန်ကြေးအရလည်း ပေါင် ၅၁ သန်းက တန်တယ်လို့ ဆိုရမှာဖြစ်တယ်။

နွေမှာ ဖာမင်နို၊ မာနေး၊ ဆာလက် တို့ထဲက တစ်ဦးကိုမှ ရောင်းထုတ်မှာ မဟုတ်တဲ့ လီဗာပူးဟာ နောက်ထပ် တိုက်စစ်သမားသစ်ကိုတော့ အားဖြည့်မှာဖြစ်ပြီး ခေါ်ယူမှုကြီး အနည်းငယ်ကိုပါ ထပ်လုပ်မယ်လို့ မျှော်လင့်ခံနေရတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးက ဝတ္ဖိုဒ့္ကို အေရးနိမ့္တဲ့ပြဲမွာ တြစ္တာကေန တီမိုဝါနာပံုသံုးျပီး ေလွာင္ေျပာင္မႈ ျပဳလုပ္ခဲ့တဲ့ လိုက္ဇစ္တြစ္တာအေကာင့္ကို ဝါနာဘက္က unfollowed လုပ္သြားခဲ့ပါတယ္။

၄၂၂ ရက္အၾကာမွ ပရီးမီးယားလိဂ္ ပြဲစဥ္ ၄၄ ပြဲကို အေရးမနိမ့္ထားတဲ့ လီဗာပူးဟာ ပထမဆံုးအၾကိမ္ ရံွဴးပြဲ ရင္ဆိုင္ခဲ့ရတာပါ။ အဆုိပါ ရံွဴးပြဲက ျဗိတိန္ကလပ္ေတြတင္မကပဲ ထိပ္သီး အသင္းအမ်ားအျပားကို အံ့အားသင့္ေစခဲ့ျပီး လိုက္ဇစ္ကေတာ့ လူမႈကြန္ယက္ကေန ဝါနာပံုကို သံုးျပီး ခ်က္ျခင္း ေလွာင္ေျပာင္ခဲ့တာျဖစ္တယ္။

အသက္ ၂၃ ႏွစ္အရြယ္ တိုက္စစ္သမားဟာ သူ႔ရဲ႕ အေကာင့္မွာ follower ၂၂၀၀၀ ရွိထားတာျဖစ္ျပီး တြစ္တာကေန ဘယ္သူကိုမွ follow လုပ္ထားျခင္း မရွိေတာ့ပါဘူး။ ဒါက လီဗာပူးရံွဴးပြဲကို လိုက္ဇစ္အသင္းက ေလွာင္ေျပာင္းခဲ့ျခင္းေၾကာင့္လည္း အျခားအေၾကာင္းေၾကာင့္လား မကြဲေပမယ့္ ဒီကိစၥက လူေျပာမ်ားစရာ ကိစၥလည္း ျဖစ္လာခဲ့ပါတယ္။

လီဗာပူးဘက္က ဧပရယ္လ မကုန္ခင္မွာ ဝါနာကို အတည္ျပဳ ကမ္းလွမ္းမႈ ေပးပို႔မယ္လို႔ သတင္းေထာက္ ဂ်ိမ္းပီယာ့စ္က ထုတ္ေျပာထားကာ အဆုိပါကိစၥေတြကို တရားဝင္ ခ်ျပမလားဆိုတာက ေစာင့္ၾကည့္သြားရဦးမွာပါ။ လီဗာပူးကို ေျပာင္းလာလိုတဲ့ ဝါနာကို ကေလာ့ပ္ကလည္း သေဘာေတြ႔ျပီး ေစ်းကြက္ တန္ေၾကးအရလည္း ေပါင္ ၅၁ သန္းက တန္တယ္လို႔ ဆိုရမွာျဖစ္တယ္။

ေႏြမွာ ဖာမင္ႏို၊ မာေနး၊ ဆာလက္ တို႔ထဲက တစ္ဦးကိုမွ ေရာင္းထုတ္မွာ မဟုတ္တဲ့ လီဗာပူးဟာ ေနာက္ထပ္ တိုက္စစ္သမားသစ္ကိုေတာ့ အားျဖည့္မွာျဖစ္ျပီး ေခၚယူမႈၾကီး အနည္းငယ္ကိုပါ ထပ္လုပ္မယ္လို႔ ေမွ်ာ္လင့့္ခံေနရတာ ျဖစ္ပါတယ္။