ယူအီးအက်ဖ်အေ ဥက္ကဌက ဗြိတိန်အာဏာပိုင်းတွေက အရေးပေါ် အစည်းအဝေးတစ်ခု ပြုလုပ်ရာကနေ သတင်းထူးတစ်ခုကို သူတို့ကို ပေးထားတယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။ ယူအီးအက်ဖ်အေကတော့ ရာသီကုန်မှာ ယူရို ပြိုင်ပွဲကို ပုံမှန်အတိုင်း ပြုလုပ်နိုင်ဖို့ ရည်ရွယ်နေဆဲပါ။

ချယ်ဆီးနဲ့ အက်ဖ်အေပွဲကို စီနီယာတွေ အသားပေးကစားမှာဖြစ်ကြောင်း မန်နေဂျာကလော့ပ်က ပွဲကြိုမှာ ထုတ်ပြောလိုက်ပြီး အီးလီယော့၊ ဟိုဗာတို့ ပါဝင်လာဖို့ မရှိပေမယ့် ဂျုံးကတော့ ပါဝင်နိုင်မယ်လို့ ဆိုပါတယ်။

ဝတ်ဖိုဒ့်နဲ့ပွဲအတွက် အဝတ်လဲခန်းထဲမှာ ဟန်ဒိုနဲ့ မီလ်နာတို့ရဲ့ ပြန်လည် စုစည်းပေးမှုကို နှစ်သက်မိတယ်လို့ ကလော့ပ်က ဝန်ခံခဲ့ပြီး ချယ်ဆီးပွဲကြိုအတွက် ဂိုးမက်စ်၊ မီလ်နာတို့ ပြန်ပါလာနိုင်မှာဖြစ်ကာ ကီတာကတော့ မပါနိုင်ဘူးလို့ ဖွင့်ဟလိုက်ပါတယ်။

ချယ်ဆီးဟာ ဘောလုံးပေးမှုကောင်းတွေနဲ့ ကစားတဲ့ အသင်းတစ်သင်းဖြစ်ပြီး ဒီပွဲမှာ ဘယ်အသင်းက ပိုမို အရေးသာတယ်ဆိုပြီး မရှိပါဘူးလို့ ကလော့ပ်က ပွဲကြိုမှာ ထုတ်ပြောပါတယ်။

ဂျာမနီရဲ့ ဂုဏ်သိက္ခာရှိ သတင်းထောက် Jan Aage Fjortoft ကတော့ လီဗာပူးဟာ ဆန်ချိုအတွက် ကြိုးစားမှုတွေ ရှိနေကြောင်းကို ထုတ်ဖော်လာပါတယ်။ ဒေါ့မွန် တိုက်စစ်သမားကို ခေါ်ယူဖို့ ယူနိုက်တက်က ရေပန်းစားနေပေမယ့် သူကတော့ လီဗာပူးဘက်က လှုပ်ရှားမှုတွေ ရှိနေတယ်လို့ ဆိုလိုက်တာပါ။

ဝါနာဟာ တွစ်တာမှာ လက်ရှိ ကစားနေတဲ့ လိုက်ဇစ်ကို unfollowed လုပ်ခဲ့ပါတယ်။ ဒါဟာ လီဗာပူးက ဝတ်ဖိုဒ့်ကို အရေးနိမ့်ရာမှာ လိုက်ဇစ် တွစ်တာအကောင့်ကနေပြီး သူ့ပုံသုံးပြီး လှောင်ပြောင်တဲ့ နောက်ဆက်တွဲမှ ဖြစ်ခဲ့တာလို့တော့ ပြောနေကြပါတယ်။

လီဗာပူး ယူ-၂၃ အသင်းမန်နေဂျာ နေးခရစ်ချ်လေဟာ လိဂ်ဝမ်းကလပ် ဘလက်ပူးလ်အသင်းကို မန်နေဂျာအဖြစ် ကိုင်တွယ်ဖို့ အသင်းကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။

တူရကီကလပ် ထရဘ်ဇွန်စပေါအသင်းကို သုံးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့သွားခဲ့တဲ့ စတားရစ်ဟာ ၆ လအကြာမှာပဲ လက်ရှိ ကလပ်နဲ့ စာချုပ်ဖျက်သိမ်းဖို့ သဘောတူညီလိုက်ပြီ ဖြစ်ပါတယ်။

ZAWGYI

ယူအီးအက္ဖ္ေအ ဥကၠဌက ၿဗိတိန္အာဏာပိုင္းေတြက အေရးေပၚ အစည္းအေဝးတစ္ခု ျပဳလုပ္ရာကေန သတင္းထူးတစ္ခုကို သူတို႔ကို ေပးထားတယ္လို႔ ထုတ္ေဖာ္ ေျပာဆိုပါတယ္။ ယူအီးအက္ဖ္ေအကေတာ့ ရာသီကုန္မွာ ယူ႐ို ၿပိဳင္ပြဲကို ပုံမွန္အတိုင္း ျပဳလုပ္ႏိုင္ဖို႔ ရည္႐ြယ္ေနဆဲပါ။

ခ်ယ္ဆီးနဲ႔ အက္ဖ္ေအပြဲကို စီနီယာေတြ အသားေပးကစားမွာျဖစ္ေၾကာင္း မန္ေနဂ်ာကေလာ့ပ္က ပြဲၾကိဳမွာ ထုတ္ေျပာလိုက္ျပီး အီးလီေယာ့၊ ဟိုဗာတို႔ ပါဝင္လာဖို႔ မရွိေပမယ့္ ဂ်ံဳးကေတာ့ ပါဝင္ႏုိင္မယ္လို႔ ဆိုပါတယ္။

ဝတ္ဖုိဒ့္နဲ႔ပြဲအတြက္ အဝတ္လဲခန္းထဲမွာ ဟန္ဒိုနဲ႔ မီလ္နာတို႔ရဲ႕ ျပန္လည္ စုစည္းေပးမႈကို ႏွစ္သက္မိတယ္လို႔ ကေလာ့ပ္က ဝန္ခံခဲ့ျပီး ခ်ယ္ဆီးပြဲၾကိဳအတြက္ ဂိုးမက္စ္၊ မီလ္နာတို႔ ျပန္ပါလာႏုိင္မွာျဖစ္ကာ ကီတာကေတာ့ မပါႏုိုင္ဘူးလို႔ ဖြင့္ဟလိုက္ပါတယ္။

ခ်ယ္ဆီးဟာ ေဘာလံုးေပးမႈေကာင္းေတြနဲ႔ ကစားတဲ့ အသင္းတစ္သင္းျဖစ္ျပီး ဒီပြဲမွာ ဘယ္အသင္းက ပိုမို အေရးသာတယ္ဆိုျပီး မရွိပါဘူးလို႔ ကေလာ့ပ္က ပြဲၾကိဳမွာ ထုတ္ေျပာပါတယ္။

ဂ်ာမနီရဲ႕ ဂုဏ္သိကၡာရွိ သတင္းေထာက္ Jan Aage Fjortoft ကေတာ့ လီဗာပူးဟာ ဆန္ခ်ိဳအတြက္ ၾကိဳးစားမႈေတြ ရွိေနေၾကာင္းကို ထုတ္ေဖာ္လာပါတယ္။ ေဒါ့မြန္ တိုက္စစ္သမားကို ေခၚယူဖို႔ ယူႏုိက္တက္က ေရပန္းစားေနေပမယ့္ သူကေတာ့ လီဗာပူးဘက္က လႈပ္ရွားမႈေတြ ရွိေနတယ္လို႔ ဆိုလိုက္တာပါ။

ဝါနာဟာ တြစ္တာမွာ လက္ရွိ ကစားေနတဲ့ လိုက္ဇစ္ကို unfollowed လုပ္ခဲ့ပါတယ္။ ဒါဟာ လီဗာပူးက ဝတ္ဖိုဒ့္ကို အေရးနိမ့္ရာမွာ လိုက္ဇစ္ တြစ္တာအေကာင့္ကေနျပီး သူ႔ပံုသံုးျပီး ေလွာင္ေျပာင္တဲ့ ေနာက္ဆက္တြဲမွ ျဖစ္ခဲ့တာလို႔ေတာ့ ေျပာေနၾကပါတယ္။

လီဗာပူး ယူ-၂၃ အသင္းမန္ေနဂ်ာ ေနးခရစ္ခ်္ေလဟာ လိဂ္ဝမ္းကလပ္ ဘလက္ပူးလ္အသင္းကို မန္ေနဂ်ာအျဖစ္ ကိုင္တြယ္ဖို႔ အသင္းကေန ထြက္ခြာသြားျပီျဖစ္ပါတယ္။

တူရကီကလပ္ ထရဘ္ဇြန္စေပါအသင္းကို သံုးႏွစ္စာခ်ဳပ္ျဖင့္ ေျပာင္းေရႊ႔သြားခဲ့တဲ့ စတားရစ္ဟာ ၆ လအၾကာမွာပဲ လက္ရွိ ကလပ္နဲ႔ စာခ်ဳပ္ဖ်က္သိမ္းဖို႔ သေဘာတူညီလုိက္ျပီ ျဖစ္ပါတယ္။