ဗြိတိန်မှာ အားကစားဆိုင်ရာ ပွဲတွေကို ချက်ခြင်း ရပ်ဆိုင်းဖို့ အနေအထား ဖြစ်လာခဲ့ရင် လီဗာပူးဟာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ အာမခံချက် ရှိမှာ မဟုတ်သလို ပရီးမီးယားလိဂ်ကနေ တန်းဆင်းရမယ့် အသင်းတွေကိုလည်း အာမခံချက် ပေးမှာ မဟုတ်ဘူးဆိုတဲ့ သတင်းတွေ ကျယ်ပြန့်နေခဲ့တာကို သိကြမှာပါ။

လီဗာပူးက ရာသီကုန်ထိ ပွဲစဉ် ၁၀ ပွဲထိ ယှဉ်ပြိုင်ဖို့ ကျန်ရှိနေသေးတာဖြစ်ပြီး အနည်းဆုံး လေးပွဲကို အနိုင်ရဖို့ လိုအပ်နေသေးတာဖြစ်တယ်။ ဒီရာသိမှာ ထူးချွန်တဲ့ ခြေစွမ်းတွေနဲ့ ချန်ပီယံဖြစ်ဖို့ နီးစပ်နေတဲ့ လီဗာပူးက နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ဝတ်ဖိုဒ့်နဲ့ပွဲကိုတော့ အရေးနိမ့်ခဲ့ပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေမှာ ဗြိတိန် အစိုးရဘက်က အားကစားပြိုင်ပွဲတွေကို နှစ်လထိ ရပ်နားဖို့ ဆုံးဖြတ်သွားနိုင်ပြီး ဒီလို အနေအထားဆိုရင် လက်ကျန်ပွဲတွေကို လုံးဝ မကစားတာမျိုးလည်း ဖြစ်သွားနိုင်တယ်လို့ အဆိုပါ သတင်းက ဖော်ပြထားပါတယ်။

အီတလီဘက်တွေမှာတော့ ရောဂါ ပြန့်ပွားမှု မြင့်တက်နေတာကြောင့် ကွင်းပိတ်ကန်တာတွေ စတင်လုပ်ဆောင်နေပြီး ပရီးမီးယားလိဂ်မှာတော့ နယူးကာဆယ်က အသင်းသားတွေကို ပြိုင်ဘက်တွေနဲ့ လက်ဆွဲနုတ်ဆက်တာ ပွေ့ဖက်တာတွေကို ပိတ်ပင်သွားသလိုမျိုး အသင်းတိုင်း လိုက်လံ လုပ်ဆောင်ဖို့တောင် ခက်ခဲတဲ့ အခြေအနေတွေမှာ ရှိနေပါတယ်။

ယူအီးအက်ဖ်အေ ဥက္ကဌက ဗြိတိန်အာဏာပိုင်းတွေက အရေးပေါ် အစည်းအဝေးတစ်ခု ပြုလုပ်ရာကနေ သတင်းထူးတစ်ခုကို သူတို့ကို ပေးထားတယ်လို့ ထုတ်ဖော် ပြောဆိုထားသလို ယူအီးအက်ဖ်အေက ရာသီကုန်မှာ ယူရို ပြိုင်ပွဲကို ပုံမှန်အတိုင်း ပြုလုပ်နိုင်ဖို့ ရည်ရွယ်နေဆဲပါ။

ဘောလုံးရာသီ ဖျက်သိမ်းနိုင်တဲ့ ဆိုတဲ့ ကိစ္စကို ကလော့ပ်ကပဲ ” အဲ့အကြောင်းကို လီဗာပူးပရိသတ်တွေက စဉ်းစားနေမယ်လို ကျနော် မထင်ပါဘူး။ ဒီရာသီကို ဖြတ်သိမ်းလိုက်မယ်ဆိုရင် နောက်ရာသီမှာ ဘယ်သူတွေက ချန်ပီယံလိဂ် ကစားမလဲ၊ နောက်ကိစ္စတွေကို ဘယ်လို လုပ်မလဲ။ အရမ်းကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ကြားခဲ့ရတာပါပဲ။ ဒါပေမယ့် အဲ့လို ကိစ္စတွေကို ယုံကြည်နေရအောင် လီဗာပူး ပရိသတ်တွေက ဉာဏ်နည်းမနေပါဘူး ” လို့ တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။

ZAWGYI

ျဗိတိန္မွာ အားကစားဆုိင္ရာ ပြဲေတြကို ခ်က္ျခင္း ရပ္ဆုိင္းဖို႔ အေနအထား ျဖစ္လာခဲ့ရင္ လီဗာပူးဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ဖို႔ အာမခံခ်က္ ရွိမွာ မဟုတ္သလို ပရီးမီးယားလိဂ္ကေန တန္းဆင္းရမယ့္ အသင္းေတြကိုလည္း အာမခံခ်က္ ေပးမွာ မဟုတ္ဘူးဆိုတဲ့ သတင္းေတြ က်ယ္ျပန္႔ေနခဲ့တာကို သိၾကမွာပါ။

လီဗာပူးက ရာသီကုန္ထိ ပြဲစဥ္ ၁၀ ပြဲထိ ယွဥ္ျပိဳင္ဖို႔ က်န္ရွိေနေသးတာျဖစ္ျပီး အနည္းဆံုး ေလးပြဲကို အႏုိင္ရဖို႔ လိုအပ္ေနေသးတာျဖစ္တယ္။ ဒီရာသိမွာ ထူးခၽြန္တဲ့ ေျခစြမ္းေတြနဲ႔ ခ်န္ပီယံျဖစ္ဖို႔ နီးစပ္ေနတဲ့ လီဗာပူးက ေနာက္ဆံုး ယွဥ္ျပိဳင္ခဲ့တဲ့ ဝတ္ဖိုဒ့္နဲ႔ပြဲကိုေတာ့ အေရးနိမ့္ခဲ့ပါတယ္။

ထြက္ေပၚေနတဲ့ သတင္းေတြမွာ ျဗိတိန္ အစိုးရဘက္က အားကစားျပိဳင္ပြဲေတြကို ႏွစ္လထိ ရပ္နားဖို႔ ဆံုးျဖတ္သြားႏုိင္ျပီး ဒီလို အေနအထားဆိုရင္ လက္က်န္ပြဲေတြကို လံုးဝ မကစားတာမ်ိဳးလည္း ျဖစ္သြားႏုိင္တယ္လို႔ အဆိုပါ သတင္းက ေဖာ္ျပထားပါတယ္။

အီတလီဘက္ေတြမွာေတာ့ ေရာဂါ ျပန္႔ပြားမႈ ျမင့္တက္ေနတာေၾကာင့္ ကြင္းပိတ္ကန္တာေတြ စတင္လုပ္ေဆာင္ေနျပီး ပရီးမီးယားလိဂ္မွာေတာ့ နယူးကာဆယ္က အသင္းသားေတြကို ျပိဳင္ဘက္ေတြနဲ႔ လက္ဆြဲႏုတ္ဆက္တာ ေပြ႔ဖက္တာေတြကို ပိတ္ပင္သြားသလိုမ်ိဳး အသင္းတိုင္း လုိက္လံ လုပ္ေဆာင္ဖို႔ေတာင္ ခက္ခဲတဲ့ အေျခအေနေတြမွာ ရွိေနပါတယ္။

ယူအီးအက္ဖ္ေအ ဥကၠဌက ၿဗိတိန္အာဏာပိုင္းေတြက အေရးေပၚ အစည္းအေဝးတစ္ခု ျပဳလုပ္ရာကေန သတင္းထူးတစ္ခုကို သူတို႔ကို ေပးထားတယ္လို႔ ထုတ္ေဖာ္ ေျပာဆိုထားသလို ယူအီးအက္ဖ္ေအက ရာသီကုန္မွာ ယူ႐ို ၿပိဳင္ပြဲကို ပုံမွန္အတိုင္း ျပဳလုပ္ႏိုင္ဖို႔ ရည္႐ြယ္ေနဆဲပါ။

ေဘာလံုးရာသီ ဖ်က္သိမ္းႏုိင္တဲ့ ဆိုတဲ့ ကိစၥကို ကေလာ့ပ္ကပဲ ” အဲ့အေၾကာင္းကို လီဗာပူးပရိသတ္ေတြက စဥ္းစားေနမယ္လို က်ေနာ္ မထင္ပါဘူး။ ဒီရာသီကို ျဖတ္သိမ္းလိုက္မယ္ဆိုရင္ ေနာက္ရာသီမွာ ဘယ္သူေတြက ခ်န္ပီယံလိဂ္ ကစားမလဲ၊ ေနာက္ကိစၥေတြကို ဘယ္လို လုပ္မလဲ။ အရမ္းေကာင္းတဲ့ ဇာတ္လမ္းတစ္ပုဒ္ကို ၾကားခဲ့ရတာပါပဲ။ ဒါေပမယ့္ အဲ့လို ကိစၥေတြကို ယံုၾကည္ေနရေအာင္ လီဗာပူး ပရိသတ္ေတြက ဥာဏ္နည္းမေနပါဘူး ” လို႔ တုန္႔ျပန္လိုက္တာ ျဖစ္ပါတယ္။