လီဗာပူး ယူ-၂၃ အသင်း မန်နေဂျာသစ် ဖြစ်လာနိုင်သူစာရင်းထဲမှာ ပရိသတ်တွေက စနောက်တဲ့အနေနဲ့ ယူနိုက်တက်မန်နေဂျာ ဆိုးရှားနဲ့ လီဗာပူးသတင်းထောက် ဂျိမ်းပီယာ့စ်တို့ကိုပါ ထည့်သွင်းလိုက်ပါတယ်။

ဖီးသွမ်ဆန်က ” ဘာစီလိုနာနဲ့ နှစ်ကျော့မှာ လီဗာပူးအတွက် ဂျော်ဒန်ဟန်ဒါဆန်ရဲ့ အရေးပါမှုကို မြင်ခဲ့ရတယ်။ သူက ကွင်းလယ်လူတစ်ယောက်တင် မကပဲ အသင်းဖော်တွေကိုလည်း တောင်းဆိုနိုင်မှု မြင့်မားသူဖြစ်တယ်။ လက်ရှိ အသင်းရဲ့ ကွင်းအတွင်းက ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ် ” လို့ သုံးသပ်လိုက်ပါတယ်။

လီဗာပူးကစားသမားဟောင်း ဆစ်ဆိုခိုက အန်ဖီးကွင်းမှာ ချယ်ဆီးနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ပြိုင်ဘက်အသင်းသားတွေက အန်ဖီးရဲ့ အားပေးပုံကြောင့် တုန့်လှုပ်နေခဲ့တာကို အမှတ်ရပါကြောင်းနဲ့ တီကိုကလည်း တူညီတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ရပါလိမ့်မယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

လီဗာပူးတိုက်စစ်မှူးဟောင်း စတားရစ်ဟာ လောင်းကစားပြုလုပ်ခြင်းကို တွေ့ရှိခဲ့ရတာကြောင့် ဂျူလိုင်လ ၁၇ ရက်နေ့ထိ ဘောလုံးကစားခွင့် ပိတ်ပင်ခံခဲ့ရပြီဖြစ်ပါတယ်။

စတမ်ကိုလီမိုးက “ ဝတ်ဖိုဒ့်ကို အရေးနိမ့်ခဲ့တာကြောင့် လီဗာပူးက ကောင်းတာတွေဖြစ်လာဖိုပဲ ရှိပါတယ်။ အခုတော့ သူတို့တွေ ပြန်စနိုင်ပြီ လက်ရှိ အဆင့်အတန်းကို ထိန်းသိမ်းဖို့ အဝတ်လဲခန်းထဲမှာ တိုက်တွန်းနေကြမှာဖြစ်ပြီး ပြန်လည် တုန့်ပြန်မှုတွေနဲ့ သူတို့ ပြန်လာပါတော့မယ် ” လို့ ယုံကြည်နေပါတယ်။

ပရီးမီးယားလိဂ်ကို ဗိုင်းရပ်ကြောင့် ရပ်တန့်မယ်ဆိုတဲ့ သတင်းတွေက ထွင်လုံးကောင်းတဲ့ ဇာတ်လမ်းတွေဖြစ်ပြီး အဲ့တာကို ယုံကြည်ရလောက်အောင် လီဗာပူးပရိသတ်တွေက ငပိန်းတွေ မဟုတ်ဘူးလို့ ကလော့ပ်က တုန့်ပြန်ပါတယ်။

ချယ်ဆီးနဲ့ပွဲအတွက် မီလ်နာနဲ့ ဂိုးမက်စ် ပြန်ပါလာမှာဖြစ်ကာ ဟန်ဒါဆန်၊ ရှာကွီရီ၊ ကီတာတို့ ပါဝင်လာနိုင်မှာ မဟုတ်ကြောင်း ပွဲကြိုမှာ ကလော့ပ်က အတည်ပြုပါတယ်။

ဒီရာသိ ပရီးမီးယားလိဂ်မှာ VAR ကူခြင်း အခံရဆုံး အသင်းထဲမှာ ထိပ်ဆုံးအဖြစ် ယူနိုက်တက် ပါဝင်နေပါတယ်။ ၎င်းတို့အသင်းဟာ ၉ ကြိမ်တိုင်တိုင် VAR ရလဒ်ကို အသားစီရအောင် ပြောင်းလဲခံခဲ့ရတယ်လို့ သိရပါတယ်။

ZAWGYI

လီဗာပူး ယူ-၂၃ အသင္း မန္ေနဂ်ာသစ္ ျဖစ္လာႏုိင္သူစာရင္းထဲမွာ ပရိသတ္ေတြက စေနာက္တဲ့အေနနဲ႔ ယူႏုိက္တက္မန္ေနဂ်ာ ဆိုးရွားနဲ႔ လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီယာ့စ္တို႔ကိုပါ ထည့္သြင္းလိုက္ပါတယ္။

ဖီးသြမ္ဆန္က ” ဘာစီလိုနာနဲ႔ ႏွစ္ေက်ာ့မွာ လီဗာပူးအတြက္ ေဂ်ာ္ဒန္ဟန္ဒါဆန္ရဲ႕ အေရးပါမႈကို ျမင္ခဲ့ရတယ္။ သူက ကြင္းလယ္လူတစ္ေယာက္တင္ မကပဲ အသင္းေဖာ္ေတြကိုလည္း ေတာင္းဆိုႏုိင္မႈ ျမင့္မားသူျဖစ္တယ္။ လက္ရွိ အသင္းရဲ႕ ကြင္းအတြင္းက ေခါင္းေဆာင္တစ္ဦး ျဖစ္ပါတယ္ ” လို႔ သံုးသပ္လိုက္ပါတယ္။

လီဗာပူးကစားသမားေဟာင္း ဆစ္ဆိုခိုက အန္ဖီးကြင္းမွာ ခ်ယ္ဆီးနဲ႔ ယွဥ္ျပိဳင္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာ ျပိဳင္ဘက္အသင္းသားေတြက အန္ဖီးရဲ႕ အားေပးပံုေၾကာင့္ တုန္႔လႈပ္ေနခဲ့တာကို အမွတ္ရပါေၾကာင္းနဲ႔ တီကိုကလည္း တူညီတဲ့ စိန္ေခၚမႈကို ရင္ဆိုင္ရပါလိမ့္မယ္လို႔ မွတ္ခ်က္ေပးလိုက္ပါတယ္။

လီဗာပူးတိုက္စစ္မွဴးေဟာင္း စတားရစ္ဟာ ေလာင္းကစားျပဳလုပ္ျခင္းကို ေတြ႔ရွိခဲ့ရတာေၾကာင့္ ဂ်ဴလိုင္လ ၁၇ ရက္ေန႔ထိ ေဘာလံုးကစားခြင့္ ပိတ္ပင္ခံခဲ့ရျပီျဖစ္ပါတယ္။

စတမ္ကိုလီမိုးက “ ဝတ္ဖိုဒ့္ကို အေရးနိမ့္ခဲ့တာေၾကာင့္ လီဗာပူးက ေကာင္းတာေတြျဖစ္လာဖိုပဲ ရွိပါတယ္။ အခုေတာ့ သူတို႔ေတြ ျပန္စႏုိင္ျပီ လက္ရွိ အဆင့္အတန္းကို ထိန္းသိမ္းဖို႔ အဝတ္လဲခန္းထဲမွာ တိုက္တြန္းေနၾကမွာျဖစ္ျပီး ျပန္လည္ တုန္႔ျပန္မႈေတြနဲ႔ သူတို႔ ျပန္လာပါေတာ့မယ္ ” လို႔ ယံုၾကည္ေနပါတယ္။

ပရီးမီးယားလိဂ္ကို ဗိုင္းရပ္ေၾကာင့္ ရပ္တန္႔မယ္ဆိုတဲ့ သတင္းေတြက ထြင္လံုးေကာင္းတဲ့ ဇာတ္လမ္းေတြျဖစ္ျပီး အဲ့တာကို ယံုၾကည္ရေလာက္ေအာင္ လီဗာပူးပရိသတ္ေတြက ငပိန္းေတြ မဟုတ္ဘူးလို႔ ကေလာ့ပ္က တုန္႔ျပန္ပါတယ္။

ခ်ယ္ဆီးနဲ႔ပြဲအတြက္ မီလ္နာနဲ႔ ဂိုးမက္စ္ ျပန္ပါလာမွာျဖစ္ကာ ဟန္ဒါဆန္၊ ရွာကီြရီ၊ ကီတာတို႔ ပါဝင္လာႏုိင္မွာ မဟုတ္ေၾကာင္း ပြဲၾကိဳမွာ ကေလာ့ပ္က အတည္ျပဳပါတယ္။

ဒီရာသိ ပရီးမီးယားလိဂ္မွာ VAR ကူျခင္း အခံရဆံုး အသင္းထဲမွာ ထိပ္ဆံုးအျဖစ္ ယူႏုိက္တက္ ပါဝင္ေနပါတယ္။ ၄င္းတို႔အသင္းဟာ ၉ ၾကိမ္တိုင္တိုင္ VAR ရလဒ္ကို အသားစီရေအာင္ ေျပာင္းလဲခံခဲ့ရတယ္လို႔ သိရပါတယ္။