လီဗာပူးဂန္တဝင်ကြီး ကာရေဂါက လိဂ်ကို ရံှူးပွဲမရှိ ချန်ပီယံမဖြစ်တာကို စိတ်မဝင်စားပဲ သူစိတ်ဝင်စားတာက လီဗာပူးက အက်ဖ်အေဖလားကို ပိုမို အာရုံစိုက် ပြိုင်ဆိုင်ဖို့ပါလို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

ကလပ်အသင်း ကစားသမားဟောင်း တစ်ဦးအဖြစ် မန်နေဂျာက အကောင်းဆုံး ရွေးချယ်မှုတွေကို လုပ်ဆောင်ရတာကို ကာရေဂါက နားလည်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပုဂ္ဂိုလ်ရေး ခံစားချက်တွေကို ထုတ်ပြောရမှာ သူဟာ စကတည်းက တစ်ရာသီလုံး ရံှူးပွဲမရှိဆိုတာမျိုးကို မမက်ပဲ အဓိက ပန်းတိုင်းဖြစ်တဲ့ ပရီးမီးယားလိဂ်ဖလားကိုပဲ အနိုင်ရလိုကာ အပေါင်းအနေနဲ့ အက်ဖ်အေဖလား အနိုင်ရတာမျိုးကိုပဲ ပိုနှစ်သက်မိတယ်လို့ ဖွင့်ဟခဲ့တယ်။

ကာရေဂါက ” ငါရဲ့ ခံစားချက်ကို ပြောတာပါ။ ငါကတော့ ဝတ်ဖိုဒ့်နဲ့ပွဲကို အပြောင်းအလဲတွေလုပ် ပြီးရင် ချယ်ဆီးနဲ့ပွဲကို တောင့်တင်းတဲ့ လူစာရင်းနဲ့ သွားရောက် ရင်ဆိုင် ဒါမျိုးကို လိုချင်တာပါ။ ဒါက ငါ့ရဲ့ ခံစားချက်ကိုပဲ ပြောတာနော်။ ကလော့ပ်ကတော့ အဲ့လို စဉ်းစားမယ် မထင်ပါဘူး။ ငါသာ လီဗာပူးမန်နေဂျာဆိုရင် ချယ်ဆီးနဲ့ပွဲအတွက် လူစာရင်းချန်တာကို လုပ်မှာပါ။

အသင်းက ဝတ်ဖိုဒ့်ကို ရံှူးသွားလို့လည်း ဒီစကားကို ပြောတာ မဟုတ်ပါဘူး။ မန်စီးတီးထက် ရမှတ်တွေပိုရတာ၊ လိဂ်ကို ရံှူးပွဲမရှိ အနိုင်ရတာထက် ဆုဖလားနှစ်လုံး အနိုင်ရတာကိုပဲ လိုချင်ပါတယ်။ အာဆင်နယ်အသင်း ရံှူးပွဲမရှိ ချန်ပီယံဖြစ်ခဲ့တာက တကယ်ကို စပယ်ရှယ်ပါ။ စနေနေ့က ရလဒ်ကို သူတို့ ပျော်နေမယ်ဆိုတာလည်း ငါသိတယ်။

တစ်ယောက်ယောက်က ရံှူးပွဲမရှိ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်လိုလား၊ အဲ့လိုမဟုတ်ပဲ အက်ဖ်အေဖလားကို အနိုင်ရလိုလား မေးမယ်ဆိုရင် ငါကတော့ အက်ဖ်အေဖလားကိုပဲ ရွေးချယ်ပါမယ်။

ဒါကို ကလော့ပ်ကတော့ စဉ်းစားနေမှာ မဟုတ်ပါဘူး။ ကလော့ပ်က ချယ်ဆီးနဲ့ပွဲထက်စာရင် ဘုန်းမောက်နဲ့ပွဲကို ဘယ်လို အနိုင်ရမလဲ စဉ်းစားနေမှာပါ။ ဘာလို့လည်းဆိုတော့ အနိုင်ယူပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲကို အမြန်ဆုံး အဆုံးသတ်လိုနေတာကြောင့်ပါ ” လို့ ဆိုလိုက်တာဖြစ်တယ်။

ကာရေဂါရဲ့ ပြောဆိုမှုကလည်း မမှားပါဘူး။ ဒီအခြေအနေမှာ လီဗာပူးပရိသတ်တွေကတော့ လိဂ်ကိုပဲ အမြဲဆုံး အဆုံးသတ်ပြီး ပရီးမီးယားလိဂ်ဖလားကို ခပ်မြန်မြန် အနိုင်ရတာကိုပဲ လိုချင်နေမှာပါ။ လိဂ်ဖလားကို အနိုင်ရဖို့ နှစ်ပေါင်း ၃၀ ထိ စောင့်ခဲ့ရပြီး ဖြစ်ပေမယ့် ဘယ်သူကမှ နောက်ထပ် သုံးလ မစောင့်လိုပဲ သုံးပတ် လေးပတ် လောက်အတွင်း ခပ်မြန်မြန်ကို ချန်ပီယံဖြစ်လိုနေကြမှာ သေချာပါတယ်။

ZAWGYI

လီဗာပူးဂႏၱဝင္ၾကီး ကာေရဂါက လိဂ္ကို ရံွဴးပြဲမရွိ ခ်န္ပီယံမျဖစ္တာကို စိတ္မဝင္စားပဲ သူစိတ္ဝင္စားတာက လီဗာပူးက အက္ဖ္ေအဖလားကို ပိုမို အာရံုစိုက္ ျပိဳင္ဆိုင္ဖို႔ပါလို႔ ဝန္ခံေျပာဆိုလိုက္ပါတယ္။

ကလပ္အသင္း ကစားသမားေဟာင္း တစ္ဦးအျဖစ္ မန္ေနဂ်ာက အေကာင္းဆံုး ေရြးခ်ယ္မႈေတြကို လုပ္ေဆာင္ရတာကို ကာေရဂါက နားလည္ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ ပုဂၢိဳလ္ေရး ခံစားခ်က္ေတြကို ထုတ္ေျပာရမွာ သူဟာ စကတည္းက တစ္ရာသီလံုး ရံွဴးပြဲမရွိဆိုတာမ်ိဳးကို မမက္ပဲ အဓိက ပန္းတိုင္းျဖစ္တဲ့ ပရီးမီးယားလိဂ္ဖလားကိုပဲ အႏုိင္ရလိုကာ အေပါင္းအေနနဲ႔ အက္ဖ္ေအဖလား အႏုိင္ရတာမ်ိဳးကိုပဲ ပိုႏွစ္သက္မိတယ္လို႔ ဖြင့္ဟခဲ့တယ္။

ကာေရဂါက ” ငါရဲ႕ ခံစားခ်က္ကို ေျပာတာပါ။ ငါကေတာ့ ဝတ္ဖိုဒ့္နဲ႔ပြဲကို အေျပာင္းအလဲေတြလုပ္ ျပီးရင္ ခ်ယ္ဆီးနဲ႔ပြဲကို ေတာင့္တင္းတဲ့ လူစာရင္းနဲ႔ သြားေရာက္ ရင္ဆိုင္ ဒါမ်ိဳးကို လိုခ်င္တာပါ။ ဒါက ငါ့ရဲ႕ ခံစားခ်က္ကိုပဲ ေျပာတာေနာ္။ ကေလာ့ပ္ကေတာ့ အဲ့လို စဥ္းစားမယ္ မထင္ပါဘူး။ ငါသာ လီဗာပူးမန္ေနဂ်ာဆိုရင္ ခ်ယ္ဆီးနဲ႔ပြဲအတြက္ လူစာရင္းခ်န္တာကို လုပ္မွာပါ။

အသင္းက ဝတ္ဖိုဒ့္ကို ရံွဴးသြားလို႔လည္း ဒီစကားကို ေျပာတာ မဟုတ္ပါဘူး။ မန္စီးတီးထက္ ရမွတ္ေတြပိုရတာ၊ လိဂ္ကို ရံွဴးပြဲမရွိ အႏုိင္ရတာထက္ ဆုဖလားႏွစ္လံုး အႏုိင္ရတာကိုပဲ လိုခ်င္ပါတယ္။ အာဆင္နယ္အသင္း ရံွဴးပြဲမရွိ ခ်န္ပီယံျဖစ္ခဲ့တာက တကယ္ကို စပယ္ရွယ္ပါ။ စေနေန႔က ရလဒ္ကို သူတို႔ ေပ်ာ္ေနမယ္ဆိုတာလည္း ငါသိတယ္။

တစ္ေယာက္ေယာက္က ရံွဴးပြဲမရွိ ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္လိုလား၊ အဲ့လိုမဟုတ္ပဲ အက္ဖ္ေအဖလားကို အႏုိင္ရလိုလား ေမးမယ္ဆိုရင္ ငါကေတာ့ အက္ဖ္ေအဖလားကိုပဲ ေရြးခ်ယ္ပါမယ္။

ဒါကို ကေလာ့ပ္ကေတာ့ စဥ္းစားေနမွာ မဟုတ္ပါဘူး။ ကေလာ့ပ္က ခ်ယ္ဆီးနဲ႔ပြဲထက္စာရင္ ဘုန္းေမာက္နဲ႔ပြဲကို ဘယ္လို အႏုိင္ရမလဲ စဥ္းစားေနမွာပါ။ ဘာလို႔လည္းဆိုေတာ့ အႏုိင္ယူျပီး ပရီးမီးယားလိဂ္ျပိဳင္ပြဲကို အျမန္ဆံုး အဆံုးသတ္လိုေနတာေၾကာင့္ပါ ” လို႔ ဆိုလိုက္တာျဖစ္တယ္။

ကာေရဂါရဲ႕ ေျပာဆိုမႈကလည္း မမွားပါဘူး။ ဒီအေျခအေနမွာ လီဗာပူးပရိသတ္ေတြကေတာ့ လိဂ္ကိုပဲ အျမဲဆံုး အဆံုးသတ္ျပီး ပရီးမီးယားလိဂ္ဖလားကို ခပ္ျမန္ျမန္ အႏုိင္ရတာကိုပဲ လိုခ်င္ေနမွာပါ။ လိဂ္ဖလားကို အႏုိင္ရဖို႔ ႏွစ္ေပါင္း ၃၀ ထိ ေစာင့္ခဲ့ရျပီး ျဖစ္ေပမယ့္ ဘယ္သူကမွ ေနာက္ထပ္ သံုးလ မေစာင့္လိုပဲ သံုးပတ္ ေလးပတ္ ေလာက္အတြင္း ခပ္ျမန္ျမန္ကို ခ်န္ပီယံျဖစ္လိုေနၾကမွာ ေသခ်ာပါတယ္။