လီဗာပူးအသင်းရဲ့ နောက်လာမယ့် ပွဲသုံးပွဲ ဗိုလ်လုပွဲ သုံးပွဲလို ဖြစ်ပြီး အမှားခံလို့ မရဘဲ သေချာ ကစားရမှာ ဖြစ်ကြောင်း စပိန်သား ဂိုးသမားကြီး အက်ဒရီယန်က သတိပေးစကား ဆိုလိုက်ပါတယ်။

အက်ဒရီယန်က လာမယ့် ၈ ရက် အတွင်းမှာ လီဗာပူး ကစားရမယ့် ပွဲတွေက ဗိုလ်လုပွဲတွေ ဖြစ်တယ်လို့ ဆိုလိုက်ပြီး ထပ်ဆင့် ချန်ပီယံဆုတွေ ယူချင်ရင် ဒီပွဲတွေကို အတိမ်းစောင်းခံလို့ မရဘူးလို့ ပြောကြားခဲ့တာပါ။ လီဗာပူးအသင်းက ဒီညမှာ ချယ်ဆီးနဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ် ကစားရမှာ ဖြစ်ပြီး ကျော်ဖြတ်နိုင်ခဲ့ရင် ကွာတားဖိုင်နယ်သို့ တက်ရောက်မှာ ဖြစ်ပါတယ်။

လီဗာပူးဟာ ဒီည ချယ်ဆီးနဲ့ အက်ဖ်အေပွဲ ပြီးရင် စနေနေ့မှာ ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲ၊ နောက်တစ်ပတ် အင်္ဂါညမှာ အက်သလက်တီကို နဲ့ ချန်ပီယံလိဂ်ပွဲများ ဆက်တိုက် ကစားရမှာဖြစ်ပါတယ်။

” ကျနော်တို့မှာ ဗိုလ်လုပွဲ သုံးပွဲဆက် ကစားဖို့ ရှိတယ်။ လာမယ့် သုံးပွဲက ကျနေ်ာတို့ အတွက် ဖလားဖိုင်နယ်ပွဲ သုံးပွဲလိုပဲ။ ဒီတော့ ကျနေ်ာတို့ ချန်ပီယံမျှော်လင့်ချက်တွေ အသက်ဆက်ဖို့ ပွဲအားလုံး အနိုင်ကန်ဖို့ လိုပါတယ်။ ပထမတစ်ပွဲက ဒီအင်္ဂါနေ့ည၊ ဒီ ချယ်ဆီးနဲ့ပွဲ အတွက် ကျနေ်ာတို့ ပြင်ဆင်နေပြီး အသင့် ဖြစ်တာထက် ပိုနေပါပြီ။

ဒီပွဲက ခက်ခဲမှာပါ ဒါပေမယ့် ကျနေ်ာတို့က အသင်း ပရိသတ်တွေလည်း ပွဲကြည့်စင်မှာ ရှိနေပြီး ရင်ဆိုင်နိုင်ပါလိမ့်မယ်။ အဲဒီနောက် ဘုန်းမောက်နဲ့ ပွဲလာပြီ။ ပရီးမီးယားလိဂ် ပွဲ ကန်ရမယ်။ ဝက်ဖို့ဒ်ကို ရှုံးခဲ့တဲ့ ပွဲကနေ ပြန် ရုန်းထပြဖို့ လိုအပ်တယ်။ ပရိသတ်တွေကို ကျနေ်ာတို့ အကောင်းဆုံး ပြန်စွမ်းဆောင်ပြနိုင်ဖို့ မျှော်လင့်တယ်။

နောက်တစ်ပွဲကတော့ အက်သလက်တီကို မက်ဒရစ်နဲ့။ အဲဒီပွဲကတော့ ချန်ပီယံလိဂ်မှာ တကယ်ကို ခက်ခဲတဲ့ ပွဲ ဖြစ်ပါလိမ့်မယ်။ ကျနေ်ာတို့ အတွက် နောက်ထပ် ဖိုင်နယ် တစ်ပွဲပါ။ ၁-၀ အရှုံးကနေ ကျနော်တို့ ပြန်လာနိုင်ဖို့ လိုတယ်။ ကျနေ်ာတို့ တစ်ပွဲချင်း သွားရမှာပါ။ အားလုံးက အခုတော့ အင်္ဂါနေ့ည ပွဲ အတွက် ရာနှုန်းပြည့် အာရုံစိုက်ထားတယ်။ ” လို့ အက်ဒရီယန်က ဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်းက နှစ်ပေါင်း ၃၀ အတွင်း အမှတ်ပေးဖလား ပြန် ဆွတ်ခူးဖို့ အလားအလာကောင်းတွေ ရှိနေပြီး ချန်ပီယံ ဖြစ်ဖို့ နိုင်ပွဲ လေးပွဲ လိုနေပါတယ်။ ဒီရာသီ ရှုံးပွဲမရှိဘဲ လိဂ်မှာ ခြေစွာခဲ့တဲ့ လီဗာပူးက နောက်ဆုံးကစားထားတဲ့ ဝက်ဖို့ဒ်နဲ့ ပွဲမှာတော့ မထင်မှတ်ဘဲ သုံးဂိုးပြတ် ရှုံးနိမ့်ထားပါတယ်။

ချန်ပီယံလိဂ်မှာလည်း ရှုံးထွက် အဆင့်ရောက်နေပြီ ဖြစ်တဲံ လီဗာပူးက ပထမအကျော့ အဝေးကွင်းမှာ အက်သလက်တီကို မက်ဒရစ်ကို ၁-၀ နဲ့ ရှုံးနိမ့်ထားပါတယ်။ တီကိုနည်းပြ ဆီမြွန်နီက လီဗာပူးအသင်းကို ဘယ်လို ရင်ဆိုင်နိုင်တယ်ဆိုတာ ပထမအကျော့မှာ အားလုံးကို မြင်တွေ့စေခဲ့ပြီး ထိုပွဲ ပြီးတည်းက လီဗာပူးအသင်း ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။

Zawgyi – လီဗာပူးအသင္းရဲ႕ ေနာက္လာမယ့္ ပြဲသံုးပြဲ ဗိုလ္လုပြဲ သံုးပြဲလို ျဖစ္ျပီး အမွားခံလို႔ မရဘဲ ေသခ်ာ ကစားရမွာ ျဖစ္ေၾကာင္း စပိန္သား ဂိုးသမားၾကီး အက္ဒရီယန္က သတိေပးစကား ဆိုလိုက္ပါတယ္။

အက္ဒရီယန္က လာမယ့္ ၈ ရက္ အတြင္းမွာ လီဗာပူး ကစားရမယ့္ ပြဲေတြက ဗိုလ္လုပြဲေတြ ျဖစ္တယ္လို႔ ဆိုလိုက္ျပီး ထပ္ဆင့္ ခ်န္ပီယံဆုေတြ ယူခ်င္ရင္ ဒီပြဲေတြကို အတိမ္းေစာင္းခံလို႔ မရဘူးလို႔ ေျပာၾကားခဲ့တာပါ။ လီဗာပူးအသင္းက ဒီညမွာ ခ်ယ္ဆီးနဲ႕ အက္ဖ္ေအဖလား ပဥၥမအဆင့္ ပြဲစဥ္ ကစားရမွာ ျဖစ္ျပီး ေက်ာ္ျဖတ္နိုင္ခဲ့ရင္ ကြာတားဖိုင္နယ္သို႔ တက္ေရာက္မွာ ျဖစ္ပါတယ္။

လီဗာပူးဟာ ဒီည ခ်ယ္ဆီးနဲ႕ အက္ဖ္ေအပြဲ ျပီးရင္ စေနေန႔မွာ ဘုန္းေမာက္နဲ႕ ပရီးမီးယားလိဂ္ပြဲ၊ ေနာက္တစ္ပတ္ အဂၤါညမွာ အက္သလက္တီကို နဲ႕ ခ်န္ပီယံလိဂ္ပြဲမ်ား ဆက္တိုက္ ကစားရမွာျဖစ္ပါတယ္။

” က်ေနာ္တို႔မွာ ဗိုလ္လုပြဲ သံုးပြဲဆက္ ကစားဖို႔ ရွိတယ္။ လာမယ့္ သံုးပြဲက က်ေန္ာတို႔ အတြက္ ဖလားဖိုင္နယ္ပြဲ သံုးပြဲလိုပဲ။ ဒီေတာ့ က်ေန္ာတို႔ ခ်န္ပီယံေမွ်ာ္လင့္ခ်က္ေတြ အသက္ဆက္ဖို႔ ပြဲအားလံုး အနုိင္ကန္ဖို႔ လိုပါတယ္။ ပထမတစ္ပြဲက ဒီအဂၤါေန႕ည၊ ဒီ ခ်ယ္ဆီးနဲ႕ပြဲ အတြက္ က်ေန္ာတို႔ ျပင္ဆင္ေနျပီး အသင့္ ျဖစ္တာထက္ ပိုေနပါျပီ။

ဒီပြဲက ခက္ခဲမွာပါ ဒါေပမယ့္ က်ေန္ာတို႔က အသင္း ပရိသတ္ေတြလည္း ပြဲၾကည့္စင္မွာ ရွိေနျပီး ရင္ဆုိင္နိုင္ပါလိမ့္မယ္။ အဲဒီေနာက္ ဘုန္းေမာက္နဲ႕ ပြဲလာျပီ။ ပရီးမီးယားလိဂ္ ပြဲ ကန္ရမယ္။ ၀က္ဖို႔ဒ္ကို ရွံဳးခဲ့တဲ့ ပြဲကေန ျပန္ ရုန္းထျပဖို႔ လိုအပ္တယ္။ ပရိသတ္ေတြကို က်ေန္ာတို႔ အေကာင္းဆံုး ျပန္စြမ္းေဆာင္ျပနိုင္ဖို႔ ေမွ်ာ္လင့္တယ္။

ေနာက္တစ္ပြဲကေတာ့ အက္သလက္တီကို မက္ဒရစ္နဲ႕။ အဲဒီပြဲကေတာ့ ခ်န္ပီယံလိဂ္မွာ တကယ္ကို ခက္ခဲတဲ့ ပြဲ ျဖစ္ပါလိမ့္မယ္။ က်ေန္ာတို႔ အတြက္ ေနာက္ထပ္ ဖိုင္နယ္ တစ္ပြဲပါ။ ၁-၀ အရွံဳးကေန က်ေနာ္တို႔ ျပန္လာနုိင္ဖို႔ လိုတယ္။ က်ေန္ာတို႔ တစ္ပြဲခ်င္း သြားရမွာပါ။ အားလံုးက အခုေတာ့ အဂၤါေန႕ည ပြဲ အတြက္ ရာနႈန္းျပည့္ အာရံုစိုက္ထားတယ္။ ” လို႔ အက္ဒရီယန္က ဆိုခဲ့ပါတယ္။

ပရီးမီးယားလိဂ္မွာ လီဗာပူးအသင္းက နွစ္ေပါင္း ၃၀ အတြင္း အမွတ္ေပးဖလား ျပန္ ဆြတ္ခူးဖို႔ အလားအလာေကာင္းေတြ ရွိေနျပီး ခ်န္ပီယံ ျဖစ္ဖို႔ နုိင္ပြဲ ေလးပြဲ လိုေနပါတယ္။ ဒီရာသီ ရွံဳးပြဲမရွိဘဲ လိဂ္မွာ ေျခစြာခဲ့တဲ့ လီဗာပူးက ေနာက္ဆံုးကစားထားတဲ့ ၀က္ဖို႕ဒ္နဲ႕ ပြဲမွာေတာ့ မထင္မွတ္ဘဲ သံုးဂိုးျပတ္ ရွံဳးနိမ့္ထားပါတယ္။

ခ်န္ပီယံလိဂ္မွာလည္း ရွံဳးထြက္ အဆင့္ေရာက္ေနျပီ ျဖစ္တဲံ လီဗာပူးက ပထမအေက်ာ့ အေ၀းကြင္းမွာ အက္သလက္တီကို မက္ဒရစ္ကို ၁-၀ နဲ႕ ရွံဳးနိမ့္ထားပါတယ္။ တီကိုနည္းျပ ဆီျမြန္နီက လီဗာပူးအသင္းကို ဘယ္လို ရင္ဆိုင္နိုင္တယ္ဆိုတာ ပထမအေက်ာ့မွာ အားလံုးကုိ ျမင္ေတြ႔ေစခဲ့ျပီး ထိုပြဲ ျပီးတည္းက လီဗာပူးအသင္း ရုန္းကန္ခဲ့ရတာ ျဖစ္ပါတယ္။